ဦးပဉ္ဇင်းကျော်ဟိန်း၏ “ကျော်ဟိန်းများ” စာအုပ်ကို စိတ်ဝင်စားသူများပြား

E-mail Print
အနုပညာလောကမှ အနားယူ၍ ဦးကိတ္တိသာရ ဟူသော ဘွဲ့အမည်ဖြင့် သာသနာ့ဘောင်ဝင်ခဲ့သည့် အနုပညာရှင် ကျော်ဟိန်းကိုယ်တိုင် ရေးသော “ကျော်ဟိန်းများ” အမည်ရ စာအုပ်ကို လူအများ စိတ်ဝင်စား နေကြောင်း သိရသည်။

ဦးပဉ္ဖင်း ကျော်ဟိန်း၏ စာအုပ်ကို ရန်ကုန်အခြေစိုက် Faces မီဒီယာက နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖြန့်ချိပြီး တအုပ်လျှင် ကျပ် ၁၁၅၀၀ ဖြင့် စတင် ရောင်းချခဲ့ကြောင်း အဆိုပါ မီဒီယာ တာဝန်ခံ အယ်ဒီတာ မေသရဝဏ်ဦး ကပြောသည်။

မေသရဝဏ်ဦး က “ သူ ရုပ်ရှင် စရိုက်ခဲ့တဲ့ ကာလကနေ အခုနောက်ဆုံးအချိန်အထိ လုပ်ခဲ့တဲ့ သူ့မှတ်တမ်း တွေပါ။ သူ့ကိုယ်ရေးအကျဉ်း ဘာမှမပါဘူး၊ ကျမတို့က ဦးပဉ္ဖင်းဆီက ယူတယ်၊ အကျိုးအမြတ် မယူဘဲ ရောင်းရတဲ့ ငွေတွေကို သူ့သာသနာ့လုပ်ငန်းမှာ ပြန်ပြီးလှူဒါန်းဖို့ပါ။ ဦးပဉ္ဖင်းကလည်း စာမူခ မယူပါဘူး” ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကျော်ဟိန်းကို ရူးသွပ်တဲ့ ပရိသတ်လက်ထဲကို ရောက်သွားရင် ကျေနပ်တယ် ဆိုတဲ့ သဘောပါ။ ဈေး နည်းနည်း များတယ်ဆိုပေမယ့် ကျမတို့က quality ကောင်းကောင်းလုပ်ထားပါတယ်၊ CD နှစ်ချပ်ပါတယ်၊ ဟိုးတုန်းက ကျော်ဟိန်း စရိုက်ခဲ့တဲ့ ရုပ်ရှင်ကားလေးတွေကို နောက်ဆုံးအထိ အမှတ်တရ အခန်း တခန်းစီ ထည့်ထားပေးပါတယ်” ဟု ပြောသည်။

အဆိုပါ ကျော်ဟိန်းများ စာအုပ်ကို ပထမအကြိမ် ထောင်နှင့်ချီ ထုတ်လုပ်ထားကြောင်းနှင့် ဒုတိယ အကြိမ် ထုတ်လုပ်ရန် အစီအစဉ်လည်းရှိကြောင်း၊ လက်ရှိတွင် အရောင်းသွက်လျက်ရှိပြီး လူအများ စိတ်ဝင်စားသည် ဟုလည်း မေသရဝဏ်ဦးက ဆိုသည်။

ရန်ကုန် “စာပေလောက” စာအုပ်ဆိုင်မှ အရောင်းတာဝန်ခံ တဦးက “ စာအုပ် မထွက်ခင် ကတည်းက သူ့စာအုပ်ဆိုပြီး လာမေးတဲ့ လူတွေရှိတယ်။ အခု ၃ အုပ် တင်ထားတာကုန်သွားပြီ။ နောက်ထပ် မှာထားသေးတယ်၊ သူ့စာအုပ်က တခြားစာအုပ်တွေထက် ဈေးကြီးတယ်” ဟု ပြောသည်။

ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးသည်။ ကျော်ဟိန်းသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် အနုပညာလောကမှ အနားယူပြီးနောက်ပိုင်း ရဟန်းဝတ်ခဲ့ခြင်းဖြစ်သည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ယခင်က သရုပ်ဆောင် ကျော်ဟိန်းကို ကြိုက်နှစ်သက်ခဲ့သည့် ရန်ကုန်မြို့ခံ လူငယ် ပရိသတ်တဦးက “အရင်က သူ့ကို ကြိုက်တယ်။ သူငယ်ငယ်က သရုပ်ဆောင် အရမ်းကောင်းတယ်၊ နောက်ပိုင်း သူက နည်းနည်း အိုဗာလုပ်လာတယ်။ လူတိုင်း သေရမှာ သိတယ်၊ အနိစ္စသဘောတွေ ဘာတွေက လူတိုင်း လည်းသိတယ်လေ။ သီချင်းဆို သီချင်းပေါ့၊ တရားဟောချင် ဟောပေါ့၊ သီချင်းတွေ အနုပညာတွေကို တရားတွေနဲ့ လိုင်းပူးလိုက်တာ မကြိုက်တော့ဘူး” ဟု ပြောသည်။

သူ သရုပ်ဆောင်ခဲ့စဉ်က အကာက အချစ် အနှစ်ကမေတ္တာ၊ မွန်းတည့်ချိန်တွင် နေဝင်သည်၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ဝေလည်းမွှေး ကြွေလည်းမွှေး ဇာတ်ကားတို့ဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုများ ရရှိဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်