ကလေးစစ်သား တားဆီးရေး သင်တန်း ရန်ကုန်တွင်ကျင်းပ

E-mail Print
အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး အသိပညာပေး သင်တန်းကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည်။ ၅ ရက် ကြာမည်ဟု သိရသည်။

ယင်းအခမ်းအနားကို အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေလုပ်ငန်း ကော်မတီနှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ (UNICEF) တို့ပူးပေါင်းပြီး ၂၀၀၉ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ကလေးစစ်သား ပညာပေးသင်တန်းများးကို ပို့ချခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါပွဲသို့ အသက်မပြည့်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ ဥက္ကဌ ကာကွယ်ရေ၀န်ကြီးဌာနမှ ဗိုလ်ချုပ်ငွေသိန်းနှင့် လုပ်ငန်းကော်မတီဝင်များ၊ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီ၊ Save the Children နှင့် World Vision တို့မှ ကိုယ်စားလှယ်များနှင့် တပ်မတော်မှ သင်တန်းသား အရာရှိ ၃၃ ဦးတို့တက်ရောက်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ယခုကျင်းပခဲ့သော သင်တန်းဖွင့်ပွဲကို ကုသလမဂ္ဂဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ တက်ရောက်ခဲ့သော်လည်း  ကလေးများကို စစ်သားအဖြစ် ခိုင်းစေခြင်းမှ ကာကွယ်ရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ အမည်ကို သင်တန်းတက်ရောက်သည့် အဖွဲ့အစည်းများ၏ အမည်စာရင်းတွင် မတွေ့ရပေ။

“မြန်မာအာဏာပိုင်တို့က ကလေးများကို စစ်သားများအဖြစ် စုဆောင်း သိမ်းသွင်းခြင်းကို ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ ဆက်လက် လုပ်ဆောင်နေသည်” ဟု လူ့အခွင့်ရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch - HRW) ၏ ၂ဝဝ၉ ခုနှစ် နိုင်ငံတကာ ရေးရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အသက်မပြည့်သေးသူများကို စစ်သားများအဖြစ် ခိုင်းစေ နေသည်ဟု ထိုအစီရင်ခံစာက ဆိုသည်။

မြန်မာ စစ်အစိုးရ ကိုယ်စားလှယ်များက  မြန်မာနိုင်ငံတွင်အသက် ၁၈နှစ်မပြည့်သေးသူများကို လက်နက်ကိုင်တပ်ဖွဲ့များတွင် လက်မခံကြောင်း၊ အဓမ္မစစ်မှုထမ်းစေခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ကြောင်း ကုလသမဂ္ဂ ညီလာခံများတွင် မကြာခဏ ထုတ်ဖော် ပြောဆိုလေ့ရှိသည်။

စစ်အစိုးရက ကလေးစစ်သား ပပျောက်ရေးကော်မတီကို ၂၀၀၄ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ် တားဆီး ထိန်းသိမ်းရေး အသိပညာပေး သင်တန်းကို ၂၀၀၇ခုနှစ်မှ ၂၀၀၈ အထိ  သင်တန်းသားပေါင်း ၂၅၀ တက်ရောက်နိုင်ခဲ့ကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် ရေးသားဖော်ပြခဲ့ဖူးသည်။

၂၀၀၂ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ အသက်မပြည့်သေးသည့် ကလေးစစ်သားပေါင်း ၇၉၂ဦး ပြန်လည်စေလွှတ်ခဲ့ပြီး အမျိုးသား စစ်သားစုဆောင်းမှု ဥပဒေကို ချိုးဖောက်သော စစ်သားစုဆောင်းရေး ဆိုင်ရာ အရာရှိ ၉ ဦးကို ရာထူးမှ ဖြုတ်ခဲ့သည်ဟု မြန်မာစစ်အစိုးရက ပြောဆိုထားသော်လည်း ကုလသမဂ္ဂအနေဖြင့် အတည်ပြုပေးနိုင်ခြင်း မရှိဟုဆိုသည်။ ထို့ပြင် ကလေးစစ်သားစုဆောင်းမှုနှင့် ပတ်သက်သော တာဝန်ရှိသူ ၄၀ ခန့်ကို အရေးယူခဲ့ကြောင်းလည်း စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့၏ ၂၀၀၂ ခုနှစ် စားရင်းကောက်ယူချက်အရ မြန်မာနိုင်ငံအတွင်း၌ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များတွင် အနည်းဆုံး အသက်မပြည့်သေးသည့် လက်နက်ကိုင် စစ်သားပေါင်း ၇ဝဝဝဝ ခန့်ရှိသည်ဟု အကဲခတ်များက ယူဆနေကြသည်။ တချို့သော စစ်သားများမှာ ၁၁ နှစ်သာ ရှိသေးသည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်