ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု မြန်မာလည်း ဆိုးရွားစွာခံရ

E-mail Print
မြန်မာ၊ ဟွန်ဒူးရပ်စ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ရာသီဥတု ဆိုးဝါးမှုဒဏ်ကို အပြင်းထန်ဆုံး ခံရသော နိုင်ငံများ ဖြစ်ကြောင်း ဂျာမန် စောင့်ကြည့်လေ့လာရေးအဖွဲ့ (Germanwatch) ၏ ယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ် အတွင်း နိုင်ငံ အသီးသီးရှိ ရာသီဥတု အခြေအနေကို သုတေသန ပြုလုပ်ထားသည့် ထိုအစီရင်ခံစာ ထုတ်ပြန်ချိန်သည် ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တွင် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ ကျင်းပနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

အစီရင်ခံစာ ထုတ်ပြန်သည့် ဂျာမန် စောင့်ကြည့် လေ့လာရေး အဖွဲ့သည် “လေ့လာ၊ ဆန်းစစ်၊ ဆောင်ရွက်” ဟူသော ဆောင်ပုဒ်ဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် မဖွံ့ဖြိုးသေးသည့် နိုင်ငံများအကြား မျှတမှုများ ပေါ်ပေါက်စေရန် ဆောင်ရွက်ပေးနေသော လူမှုရေး အဖွဲ့အစည်း ဖြစ်သည်။

“ဆိုးဝါးသည့် ရာသီဥတု သက်ရောက်မှုကို ခံရသည့် နိုင်ငံ ၁၀ ခုသည် ၀င်ငွေနည်း ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

မုန်တိုင်း၊ ရေကြီးမှု၊ ရာသီဥတု ဆိုးဝါးမှု၊ လူတသိန်းတွင် သေဆုံးသည့် အရေအတွက်၊ တိုင်းပြည်၏ နိုင်ငံခြားငွေနှင့်  ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု ရာခိုင်နှုန်း ဆုံးရှုံးခြင်းတို့ အပေါ်မူတည်ပြီး ထိုအစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

၁၈ နှစ်အတွင်း ဆိုးဝါးသော ရာသီဥတု ဖြစ်ရပ် ၁၁၀၀၀ ကြောင့် လူပေါင်း ၆၀၀၀၀၀ အသက် ဆုံးရှုံးခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၇ ထရီလီယံ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

“ဆင်းရဲသည့် နိုင်ငံများက မကြာခဏ ဆိုသလိုပင် ပိုမို၍ ဆိုးဆိုးဝါးဝါး ခံရသည်” ဟု အစီရင်ခံစာက ဆိုသည်။

အာရှနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဟွန်ဒူးရပ်စ်တို့က  ပထမ၊ ဒုတိယ၊ တတိယနေရာများတွင် အသီးသီး ရပ်တည်နေကြပြီး ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံများကလည်း အဆိုးဝါးဆုံး ခံရသည့် နိုင်ငံ ၁၀ နိုင်ငံတွင် ပါဝင်သည်။

အစီရင်ခံစာ၏ ၂၀၀၈ ခုနှစ် စာရင်းတွင် မြန်မာနိုင်ငံက အဆိုးဝါးဆုံးအဆင့်တွင် ရှိနေသည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း လူဦးရေ ၈၅၀၀၀ ခန့် သေကြေပျက်စီးခဲ့ကြောင်း ယင်း အဖွဲ့က ခန့်မှန်းခဲ့ပြီး  သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြင်ဆင်ထားနိုင်မှု နည်းပါးခြင်း၊ တိုင်းပြည်၏ နိမ့်ကျသည့် လိုက်လျောညီထွေ ဖြစ်မှုတို့ကို ပြသလိုက်ခြင်း ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ ပညာပေး ဆောင်ရွက်မှုများမှာ နည်းပါးနေပြီး ပြည်သူများ အကြား သတိထားမှု အားနည်းနေကြောင်း၊ စက်မှု ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သော အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ သြစတြေးလျနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကာဗွန် ထုတ်လုပ်မှုနှုန်း နည်းပါးသော်လည်း သစ်တောပြုန်းတီးမှုနှုန်းမှာ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိနေကြောင်း  လေ့လာသူများက ဆိုသည်။

မန်မာပြည်ရှိ နာမည်ကြီး သတင်း ဂျာနယ်များတွင် ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်ပြီး  ပညာရှင်များ၏ ဆောင်းပါးများကို တွေ့ရကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပညာပေး ကာတွန်းများ ရေးဆွဲနေသော ကာတွန်း ဆရာ အော်ပီကျယ်က ပြောသည်။

“ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ တခု အနေနဲ့ စာမျက်နှာ ၂၊ ၃ မျက်နှာ ပေးပြီးတော့ကို ရေးတယ်။ ပြီးတော့ ရေခဲတောင် အရည်ပျော်တဲ့ ကိစ္စ၊ မိုးခေါင် ရေရှားတဲ့ ကိစ္စ တော်တော် များများ ရေးကြပါတယ်၊ အဲဒါကတော့ ထူးခြားပါတယ်၊ ပညာရှင် ဆန်အောင် မရေးဘူး၊ ရိုးရိုး ပြည်သူတွေ သတိမူမိအောင် သေချာရေးတာ” ဟု ကာတွန်း အ်ာပီကျယ်က ဧရာဝတီကို ပြောသည်။

၁၉၈၉ ခုနှစ်က မြန်မာနိုင်ငံ၏ ၅၀.၉ ရာခိုင်နှုန်း (၃၄၄ ၂၃၇ စတုရန်းကီလိုမီတာ) သည် သစ်တောများဖြင့် ဖုံးအုပ် လျက်ရှိသော်လည်း ယခုအခါ ၄၇.၆၂ ရာခိုင်နှုန်း( ၃၂၂၂၁၈.၆ စတုရန်း ကီလိုမီတာ) သာ ရှိပြီး ၃ရာခိုင်နှုန်း (၂၂၀၁၈.၄ စတုရန်း ကီလိုမီတာ) ဆုံးရှုံးသွားကြောင်း အစိုးရက တရားဝင် ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အဆိုအရ စစ်တပ်မှ အာဏာသိမ်းပြီးသည့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်တောများကို ဈေးပေါပေါဖြင့် ရောင်းချခဲ့သည့် အတွက် မြန်မာပြည်တွင် သစ်တော ပြုန်းတီးမှုနှုန်း ပိုမိုများပြားလာကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်