တရားမ၀င် ဆိုင်ကယ်တင်သွင်းမှု ပိုမိုများပြားလာ

E-mail Print
မြန်မာပြည်တွင်းရှိ တရားမ၀င် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို လွန်ခဲ့သည့် ၄ လခန့်မှ စတင်၍ တရားဝင် လိုင်စင်များ ထုတ်ပေးပြီးနောက်ပိုင်း နယ်စပ်ဒေသများမှ လိုင်စင်မဲ့ ဆိုင်ကယ်အစီးရေ ထောင်နှင့် ချီ၍ တင်သွင်း မှုများရှိနေကြောင်း ကုန်သည်အသိုင်းအ၀န်းမှ သိရသည်။

ယင်း ဆိုင်ကယ်များကို တရုတ်နှင့် ထိုင်းနိုင်ငံများဘက်မှ နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာပြည်တွင်းသို့ အများဆုံး တင်သွင်း ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

အစိုးရက ထိုသို့ လိုင်စင်များထုတ်ပေးမည်ဟုကြေညာချိန်မှစတင်ပြီး မော်လမြိုင်မြို့ ဘက်သို့ ထိုင်းဘက်မှ ဆိုင်ကယ်များ တနေ့လျင် အစီး ၇၀၀ ခန့် နေ့စဉ် တင်သွင်းမှုရှိကြောင်း ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှ ဆိုင်ကယ်ပွဲစား တဦးက ပြောသည်။

“မော်လမြိုင်အထိဆိုရင် ဆိုင်ကယ်တစီးကို ဂိတ်ကြေးပေးရတာ ကျပ် ၁၁၀၀၀၀ လောက်ကုန်တယ်”ဟု ၎င်းက ပြောပြသည်။

မြ၀တီနှင့် မော်လမြိုင်ကြားတွင် မြန်မာစစ်တပ် အပါအ၀င် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့(KPF) စသည့် အဖွဲ့များက စောင့်ကြပ် စစ်ဆေးနေသည့် ဂိတ်ပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

“ထိုင်းဘက်ကနေ မြန်မာဘက်ကို ဖြတ်သယ်တဲ့ ကုန်ကျစရိတ်က ဆိုင်ကယ် တစီးကို ကျပ် ၁၀၀၀၀ လောက်ရှိတယ်” ဟုလည်း အထက်ပါ ဆိုင်ကယ် ပွဲစားက ပြောဆိုသည်။

ထို့အတူ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ မြန်မာနိုင်ငံ တာချီလိတ် မြို့ဘက်သို့ တရားမ၀င် လိုင်စင်မဲ့ဆိုင်ကယ်များ နေ့စဉ် ၀င်ရောက်မှုရှိနေကြောင်းလည်း သိရသည်။

မြန်မာပြည်တွင်းသို့ တရုတ်-မြန်မာ နယ်စပ်ဘက်မှလည်း ယင်းလိုင်စင်မဲ့ ဆိုင်ကယ်များ နေ့စဉ် အစီး ၂၀၀ ခန့် ၀င်ရောက်မှု ရှိသည်ဟု ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံ ဘေဂျင်း အိုလံပစ်ပွဲ မတိုင်မီက လိုင်စင်မဲ့ဆိုင်ကယ် တနေ့လျှင် အစီး ၅၀၀ ခန့် မြန်မာပြည်တွင်းသို့ တင်သွင်း မှုများရှိသော်လည်း အိုလံပစ်ကာလတွင် လုံခြုံရေး တင်ကျပ်မှုများရှိသောကြောင့် ဆိုင်ကယ်တင်သွင်းမှု ခေတ္တ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်း ဆက်လက်တင်သွင်းမှုများရှိကြောင်း တရုတ်နယ်စပ်မှ ဒေသခံတဦးက ပြောဆို သည်။  

စစ်အစိုးရ အာဏာပိုင်များက ဆိုင်ကယ်လိုင်စင်များကို အောက်တိုဘာလကုန်အထိ ထုတ်ပေးမည်ဖြစ်ပြီး တရက်လျှင် အစီးရေ ၃၀၀ ခန့်ထုတ်ပေးကာ လိုင်စင်သက်တမ်းမှာ ၂ နှစ်ဖြစ်ကြောင်း၊ ဆိုင်ကယ်တစီးလျှင် ကျပ် ၂၇၀၀၀၀ ခန့် ကုန်ကျ ကြောင်း သိရသည်။

လက်ရှိ ထိုင်း နိုင်ငံဘက်မှ တင်သွင်းသော Honda Dream ဆိုင်ကယ်တစီး၏ တန်ဖိုးမှာ ကျပ် သိန်း ၂၀ ခန့်ရှိပြီး တရုတ် နိုင်ငံလုပ် Kembo ဆိုင်ကယ်တစီး တန်ဖိုးမှာ ကျပ် ၅ သိန်းခန့်ရှိကြောင်း ဆိုင်ကယ်ပွဲစားက ပြောပြသည်။

မြန်မာနိုင်ငံတွင် ဆိုင်ကယ်ထုတ်လုပ်မှုမရှိသောကြောင့် တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံများမှ ၀ယ်ယူသုံးစွဲကြရကာ နိုင်ငံတ၀န်း လိုင်စင်မဲ့ ဆိုင်ကယ် စီးရေ ၅ သိန်း ခန့်ရှိကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံး စာရင်းအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်