ပုဂ္ဂလိကကုမ္ပဏီများ နာဂစ်မုန်တိုင်းသင့် လယ်မြေများကို ကန်ထရိုက်လယ်ယာ စနစ်ဖြင့် လုပ်မည်

E-mail Print
နာဂစ်မုန်တိုင်းသင့်ခဲ့သော ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေများကို ပုဂ္ဂလိကကုမ္ပဏီများမှ ကန်ထရိုက် စနစ်ဖြင့် စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း သိရှိရ သည်။
 
အဆိုပါ ဒေသများတွင် လက်ရှိစိုက်ပျိုးနေသော တောင်သူများအား လာမယ့် နွေစပါးစိုက်ရာသီတွင် စိုက်ပျိုး နိုင်ရေးအတွက် ကုမ္ပဏီများမှ စိုက်စရိတ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေနှင့် ထွက်ရှိလာသော စပါးများအား ၎င်းကုမ္ပဏီများ ထံသို့သာ ရောင်းချပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ် သူများအသင်းမှ တာဝန်ရှိသူ တဦး၏ ပြောပြချက်အရ သိရှိရသည်။
 
“လုပ်ငန်းရှင်တွေက စပါးအတွက် အကုန်အကျခံထားပေးမယ်၊ တောင်သူက လုပ်အားစိုက်ပြီး စိုက်ပျိုးပေးရမယ်၊ စပါးပေါ် ချိန်မှာ အကုန်အကျ ခံထားရတဲ့ ငွေကို နုတ်ပြီးကျန်တဲ့ အမြတ်ငွေကို တောင်သူနဲ့ လုပ်ငန်းရှင် ခွဲယူကြရ မယ်" ဟု သူက ပြောဆိုသည်။
 
ငွေကြေးအရင်းအနှီးတောင့်တင်းသော ကုမ္ပဏီများနှင့် တောင်သူများ အကျိုးတူပူးပေါင်းရာတွင် ကုမ္ပဏီမှ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ သီးနှံပေါ်ပေးစနစ်ဖြင့် အရည်အသွေးမီ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ဖြန့်ဖြူးပေးခြင်း၊ သင့်တင့်သော အာမခံ အခြေခံဈေးနှုန်းများ တောင်သူမှ ကုမ္ပဏီသို့ သီးနှံ များ ပြန်လည်ရောင်းချရခြင်း စသည့် အချက်များကို သဘောတူညီချက်များရှိကြောင်းလည်း သူက ရှင်းလင်း ပြောဆိုသည်။
 
"ကျနော်တို့ကို လာမယ့် နွေစပါးစိုက်ချိန်မှ စိုက်ပျိုးဖို့ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းလို့ တနေ့ကပဲ လက်မှတ်ထိုးပေး လိုက်ကြရပြီ၊ ဘယ်လိုလုပ်မလဲ ဒီမြေတွေကို အစိုးရက အလကားတောင် သိမ်းလို့ ရတယ်လို့ ပြောနေတာပဲ" ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူ တဦးက ပြောဆိုသည်။
 
တောင်သူများအနေနှင့် မိမိပိုင်လယ်မြေများပေါ်တွင် မည်သူ၏လွှမ်းမိုးမှုမှ မပါဝင်ဘဲ စိုက်ပျိုးထုတ်လုပ်လိုကြ သော်လည်း စစ်အာဏာပိုင်များက လုပ်ငန်းရှင်နှင့် အကျိုးတူပူးပေါင်းရမည်ဟု အတင်းအကျပ် စေခိုင်းလျက်ရှိ သောကြောင့် လာမည့် နွေစပါး စိုက်ပျိုးရာတွင် အကျိုးတူပူးပေါင်းပါမည်ဟု လက်မှတ်ထိုးပေးလိုက်ရကြောင်း ရန်ကုန်တိုင်းအတွင်းရှိ တောင်သူများ ထံမှ သိရှိရသည်။
 
အဆိုပါ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့်ဒေသများမှ လယ်ယာမြေများကို ကန်ထရိုက် စနစ်ဖြင့် စိုက်ပျိုးကြမည့် ကုမ္ပဏီများမှာ စုစုပေါင်း ၃၀ ၀န်းကျင်ခန့် ရှိသည်ဟုသိရသည်။
 
အဆိုပါ ကုမ္ပဏီများတွင် ဧရာရွှေဝါ၊ ထူး၊ ဇေကမ္ဘာ၊ ယုဇန၊ သော်တာဝင်း၊ အေးရှားဝေါ၊ ပြည့်ဖြိုးကျော်၊ ၀ါဝါ၀င်း၊ ရွှေသံလွင်၊ အာရုဏ်ဦး၊ ဖွံ့ဖြိုးအောင်၊ ရွှေတောင်၊ အေးရှားအိတ်စ်ပရက်၊ ဧဒင်၊ အက်ပီဒင်၊ အေးရိပ်မွန်၊ ရွှေကမ္ဘာ စသည့် ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရှိရသည်။
 
ရန်ကုန်တိုင်းအတွင်းရှိ မြေဧကပေါင်း ၈၀၁၁၀ ဧကတွင် လက်ရှိ မိုးစပါးစိုက်ပျိုးနေသော တောင်သူ ၄၀၄၂ ဦးရှိ သည် ဟု သိရသည်။ ဧရာဝတီတိုင်းတွင် စိုက်ဧက ၄.၉ သန်း ရှိကြောင်း သိရှိရသည်။ ၎င်းတို့မှ တ၀က်ကျော်ကို ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းရမည်ဟု သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။
 
ထူးကုမ္ပဏီမှ ရန်ကုန်တိုင်းအတွင်းရှိ လယ်မြေဧကတချို့နှင့်ဧရာဝတီတိုင်းမှ လယ်မြေဧက တချို့တို့ကို လာမည့် နွေစပါး စိုက်ချိန်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဒေသများတွင်သာမက နေပြည်တော် ဒေသမှ တောင်သူများအနေ နှင့်လည်း ၄င်းတို့ကုမ္ပဏီနှင့် ပူးပေါင်းစိုက်ပျိုးလိုပါက ကြိုဆိုကြောင်း အဆိုပါ ကုမ္ပဏီဥက္ကဌ ဦးတေဇက နေပြည်တော် ပင်လောင်း လမ်းဆုံတွင် အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပခဲ့သည့် စပါးစိုက်ခင်း များနှင့် ပတ်သက်သော အခမ်း အနားတွင် ပြောဆိုခဲ့ကြောင်းသိရှိရသည်။
 
ဦးတေဇ က ၄င်းတို့ကုမ္ပဏီနှင့် အကျိုးတူ စိုက်ပျိုးလိုပါက တောင်သူများအား တခြားသော ကူညီ ပံ့ပိုးမှုများကိုပါ လုပ်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု နေပြည်တော် ဒေသမှ တောင်သူ တဦး၏ ပြန်လည် ပြောပြချက်အရ သိရှိရသည်။

ဦးတေဇ၏ကုမ္ပဏီမှာ စစ်အာဏာပိုင်ဗိုလ်ချုပ်မှုးကြီးသန်းရွှေမိသားစုမှ အစုရှယ်ရာ အများဆုံးပါဝင်သော ကုမ္ပဏီဖြစ်ကြောင်း လူအများကြားတွင် ပြောဆိုနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်