ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်တွင် ဦးတေဇ ပါဝင်

E-mail Print
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၃ ရက်တာခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးသမား ဦးတေဇ လိုက်ပါခဲ့သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး အသိုင်းအ၀န်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူ ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇသည် မြန်မာစီးပွားရေးအဖွဲ့ကိုဦးဆောင်ကာ ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့နှင့် တွေ့ဆုံခဲ့နိုင်သည်ဟု ရန်ကုန်ရှိ စီးပွားရေးသမား တဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် နိရဉ္စရာ သတင်းဌာန၏ အယ်ဒီတာ ဦးခိုင်မြတ်ကျော် က ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံချစ်ကြည်ရေးထက် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း များကိုပိုမိုစိတ်ဝင်စားမှုရှိသည်ဟု ဧရာဝတီကို ပြောဆိုသည်။

အဆိုပါခရီးစဉ်အတွင်း  မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန်တသိန်း တင်သွင်းရန်၊ ဓာတ်ငွေ့ရောင်းချရန်နှင့် နယ်စပ်ဖြတ်ကျော်သည့်ကာလမ်းဖောက်လုပ်ရေးလုပ်ငန်းများကို ဆွေးနွေးကြကြောင်း သိရသည်။

စစ်အစိုးရပိုင်သတင်းစာက ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် အနဖ အဖွဲ့ဝင်များနှင့် ၀န်ကြီးများ၏ အမည်များကို ဖော်ပြခဲ့သော်လည်း ဦးတေဇ လိုက်ပါခဲ့သည်ကို ဖော်ပြခြင်း မရှိပေ။

ဦးတေဇအား ရန်ကုန်စီးပွားရေးအသိုင်းအ၀န်းက လက်ရှိမြန်မာနိုင်ငံ၏ အကြွယ် ၀ဆုံးစီးပွားရေးသမားဟု သုံးသပ်ကြပြီး စစ်အစိုးရက ရုရှားနိုင်ငံလုပ် တိုက်လေယာဉ်များဝယ်ယူရာတွင် ပွဲစားလုပ်ပေးခဲ့ရာမှ ၎င်းအား လူသိများလာခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတကာငွေကြေးထိန်းချုပ်ရေးဗျူရို (OFAC) က ဦးတေဇ အပါအဝင် မြန်မာ့ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို တဦးချင်းစီစိစစ်၍ ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေး ယူတော့ မည်ဟု ယခုလ လဆန်းပိုင်းက ကြေညာထားသည်။

ဦးတေဇ၏ ထူး ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သစ်နှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို လုပ်ကိုင် နေသည့်အပြင် လမ်းတံတားဆောက်လုပ်ရေးသုံး အကြီးစားစက်ပစ္စည်းများကိုလည်း ငှားရမ်းသည်။ အဲပုဂံလေကြောင်းလိုင်းကိုလည်း ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ဦးတေဇသည် အသက် ၂၀ ကျော်ရှိ ၎င်း၏သားကြီး ဖြိုးတေဇအား ထူး ကုမ္ပဏီပိုင် လုပ်ငန်းများကို စတင်လွှဲပြောင်း လုပ်ကိုင်စေသည်ဟု ထူး ကုမ္ပဏီနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်