မယ်လမင်းဓာတ်ပါဝင်သော နို့မှုန့် ၇ မျိုး ပြည်တွင်းဈေးကွက်တွင် ထပ်မံတွေ့ရှိ

E-mail Print
ပြည်တွင်းတွင်ရောင်းချလျှက်ရှိသော နို့မှုန့်အမျိုးအစား ၈၇ မျိုးအနက် ၇ မျိုးတွင် မယ်လမင်းဓာတ် ပါဝင်သည်ကို ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အမိန်ကြေညာစာ အမှတ် ၄၂/ ၂၀၀၈ အောက်တိုဘာ လ ၁၃ ရက်နေ့ နေ့စွဲဖြင့် အစိုးရပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့သည်။

နို့မှုန့်နှင့် နို့ထွက်ပစ္စည်းများ၊ အစားအသောက်များ၌ မယ်လမင်းဓာတ် ပါဝင်မှု ရှိမရှိ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် အမှတ် (၁) စက်မှု ၀န်ကြီးဌာနတို့က ဆက်လက် စမ်းသပ်စစ်ဆေးလျက်ရှိပြီး စစ်ဆေး တွေ့ရှိချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော နို့မှုန့်များကို ကျန်းမာရေးဝန်ကြီးဌာနနှင့် အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ရန်ကုန်) နှင့်ဆေးဝါးထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုးရေးဌာနတို့က Melamine Assay Test Kit ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မယ်လမင်းဓာတ်တွေ့ရှိသည် ဆိုသော နို့မှုန့်အမျိုးအစား များမှာ Full Cream Milk power-GOLDEN RIVER, Calcium Milk Power-BUTTERFLY, Full Cream Milk power-Yu-Li, Sweet Whey Powder, Non-Dairy Cream (Korean), Non Dairy Cream (China), Elfalac A+  တို့ဖြစ်သည်။

လက်ရှိ ပြည်တွင်းဈေးကွက်ထဲတွင် အဆိုပါ အမှတ်တံဆိပ်များနှင့် နို့မှုန့်များ ရှိနေသည့်ပြင် မည်သည့် အမှတ်တံဆိပ်မှ မတပ်ဘဲ ပလတ်စတစ် အိပ်ငယ်များအတွင်း နို့မှုန့်များကို လက်လီထည့်သွင်းကာ ငွေကျပ် ၁၀၀ ဖြင့် လူနေရပ်ကွက်များ အတွင်း ရောင်းချလျက် ရှိသည်ကိုလည်း တွေ့မြင်နေရသည်။

အဆိုပါ ကျပ် ၁၀၀ တန် နို့မှုန့်ထုပ်များကို အခြေခံလူတန်းစား အများစုက စားသုံးလျှက်ရှိသည်။ ထိုနို့မှုန့်များမှာ တရုတ်နိုင်ငံ မှ ဈေးပေါပေါနှင့် ၀င်ရောက်လာသော သက်တမ်းလွန် နို့မှုန့်များကို ပလတ်စတစ် အိပ်ငယ်များ အတွင်း ထည့်သွင်း ရောင်းချခြင်း ဖြစ်ကြောင်း ညောင်ပင်လေးဈေးမှ ကုန်သည်တဦးက ပြောပြသည်။

 “ကျမတို့က မတတ်နိုင်တော့ ကျမ အလုပ်သွားတဲ့အချိန်မှာ သမီးကို တထုပ် ၁၀၀ တန် နို့မှုန့်တွေကိုပဲ ၀ယ်တိုက်နေခဲ့တာ။ ခုဆို သမီးက ၆ လတောင် ကျော်နေပြီ။ သမီးအတွက် စိတ်ပူမိတယ်။ ဒီနို့မှုန့်တွေက အန္တရာယ်ရှိတယ်ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ဘူး” ဟု သာကေတမြို့နယ်၊ ၉ ရပ်ကွက်အတွင်း နေထိုင်သူ ကလေးမိခင်တဦးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၀င်ငွေနည်းမိသားစုများမှာ ၎င်းတို့၏ ကလေးငယ်များကို နို့မှုန့်အစား နို့ဆီနှင့် ရေနွေး ဖျော်တိုက်ကြ သည်။ တချို့သော နို့ဆီများမှာ တရုတ်ပြည်မှ လာသော ဈေးနှုန်းသက်သာသည့် နို့မှုန့်များဖြင့် ပြုလုပ်ထားသည်ကို သိရှိရ ကြောင်း ဗဟို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“ဒီမှာက တရုတ်နို့မှုန့်တွေကို အသုံးပြုကြတာ များတော့ ကျနော်တို့အနေနဲ့ ကော်ဖီမစ်တွေ၊ ဘီစကစ်တွေ၊ ချောကလက်၊ သကြားလုံးတွေကိုပါ စစ်ဆေးဖို့လိုနေပါတယ်” ဟု သူက ဆိုသည်။

သူ၏ ပြောပြချက်အရ နို့မှုန့်ကို သုံး၍ ပြုလုပ်လျက်ရှိသော စားသောက်ကုန်ပစ္စည်းများမှာ နို့ဆီ၊ သကြားလုံး၊ ဘီစကစ်၊ ချောကလက်၊ နို့အေးချောင်း၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ရေခဲမုန့်။ လက်ဖက်ရည် ကော်ဖီဖျော်ရာတွင် အသုံးပြုသော ကော်ဖီမိတ်တို့ ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများတွင် ၄၁/၂၀၀၈ ကြေညာချက် ထုတ်ပြန်ထားပြီး မယ်လမင်းပါဝင်သော နို့မှုန့် အမျိုးအစား ၉ မျိုး ဖော်ပြ ထားသည်ကို တွေ့ရသည်။

အဆိုပါ ကိုးမျိုးမှာ Star Milk Powder (20 gm), Crown, Happy Baby Topys, Dulac (Dumex step1) (Infant Formula), Star (450 gm), Mandalay-Raw Powder, Whole sweet Milk Powder(two Cows,Shi Lin), Rainbow Milk powder, Enfagrow Milk Powder တို့ဖြစ်ကြောင်း အစိုးရပိုင် သတင်းမီဒီယာများတွင် ဖော်ပြ ထားသည်။

ထို နို့မှုန့် ၉ မျိုးတွင် ပါဝင်သော Dulac (Dumex step1) (Infant Formula) မှာ ဈေးနှုန်း မြင့်မားသဖြင့် မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစားများ မတိုက်ကျွေးနိုင်ဘဲ အနည်းငယ် ငွေကြေးတတ်နိုင်သည့် ကလေးမိဘများ သုံးစွဲသည့် အမျိုးအစား ဖြစ်သည်။ အဆင့် ၁ ဖြစ်သောကြောင့် မွေးကင်းစ ကလေးများကို တိုက်ကျွေးကြသည်။

မြန်မာနိုင်ငံတွင်း ရှိနေခဲ့သော Inner Mongolia Yili Industrial Group ထုတ် နို့မှုန့် အလေးချိန် ၁၆ မက်ထရစ်တန်ကို အောက်တိုဘာလ ၄ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

တရုတ်နိုင်ငံထုတ် နို့မှုန့်တချို့တွင် မယ်လမင်းဓာတ်များ ပါဝင်နေသောကြောင့် ကလေးငယ်ပေါင်း ၅၄၀၀၀ ခန့် အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၄ ဦးမှာ အသက်သေဆုံးခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်