မကြာမီကာလတွင် စားရေရိက္ခာ ပြတ်လပ်မည်ကို မုန်တိုင်း ဒုက္ခသည်များက စိုးရိမ်

E-mail Print
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ရိက္ခာ ထောက်ပံ့နေမှုကို မကြာမီက လျှော့ချလိုက်သောကြောင့် နိုင်ငံတကာအကူညီများ ရပ်ဆိုင်းသွား မည်ကို ဒေသခံများက စိုးရိမ်ပူပန်လျှက်ရှိကြောင်းသိရသည်။

လပွတ္တာဒေသခံ ကိုအေးကြူက“ဒုက္ခသည်တွေက WFP ထောက်ပံ့နေတဲ့ ဆန်၊ ဆီ၊ ပဲစတဲ့ ရိက္ခာ ထောက် ပံ့မှုတွေ ရပ်မှာ ပူပန်နေကြတယ်၊ တချို့ဆိုရင် ဟင်းသီးဟင်းရွက် စိုက်တာ တို့၊ ငါး၊ ပုစွန်ဖမ်းတာတို့ ပြန်လုပ် ဖို့ ပြင်ဆင်နေကြတယ်၊ တကယ်သာ ရပ်လိုက်ရင်တော့ အားလုံးဒုက္ခရောက်ကုန် မှာ အမှန်ပါပဲ” ဟု ဧရာဝတီ သို့ ပြောသည်။

ဘိုကလေးမှ ပြန်လည်ထူထောင်ရေး လုပ်သားတဦးကလည်း “WFP က ဒီဒေသမှာပေးနေတဲ့ အထောက်အ ပံတွေကို လျှော့ချလိုက်တယ်၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ သက်ဆိုင်ရာဒေသ အာဏာပိုင် တွေက ကြီးကြပ်ဆောင် ရွက်နေတယ်၊ ဘိုကလေးမြို့နားကရွှေပြည်အေးရွာမှာဆိုရင် ပြန်လည်တည်ဆောက် ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင် ရွက်ဖို့ ရွာသားတွေကို အာဏာပိုင်တွေက ဖိအားပေးတယ်၊ ငြင်းတဲ့ သူတွေ ကို ၂၀၀၀ ကျပ် ဒဏ် တပ်တယ်”ဟုပြောသည်။

WFP အနေဖြင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ဒေသများ၏ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို ပြောင်းလဲ ဆောင်ရွက်သွားရန်အစီအစဉ် ရှိသောကြောင့် လက်ရှိအစားအစာဖြန့်ဝေပေးနေခြင်းကို အောက်တို ဘာလ အကုန်တွင် ရပ်တန့်နိုင်ဖွယ်ရာရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ထောက်ပံပေးနေသည့် ရိက္ခာများလျှော့ချလိုက်ကြောင်း ၀န်ခံခဲ့သော်လည်း အောက်တိုဘာလ အကုန်တွင် ရိက္ခာထောက်ပံမှု ရပ်တန့်မည့် အစီအစဉ်ကိုမှု WFP က အတည်ပြုပြောကြားခြင်း မရှိပေ။

WFP ပြောခွင့်ရ ပေါလ်ရစ္စလေက“လတ်တလောမှာတော့ ကျနော်တို့ဟာ အစားအသောက်တွေကို ဖြန့်ဝေ ပေး နေဆဲဖြစ်ပါ တယ်၊ ရှေ့အစီအစဉ်နဲ့ ပတ်သက်လို့ကတော့ အသေးစိတ် ဘာမှ မပြောနိုင်သေး ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းပုဂ္ဂလိက အလှူရှင်များ လာရောက်မှုများကို အာဏာပိုင်များက တင်ကျပ်မှုများ ပြုလုပ်နေခြင်းသည် လည်း ဒုက္ခသည်များ စားရေရိက္ခာ အကူအညီများရရှိရန် အခက်အခဲများ ဖြစ်ပေါ်ရကြောင်း သိရသည်။

“ပြည်တွင်းပုဂ္ဂလိက အလှူရှင်တွေကိုလည်း ဒုက္ခသည်တွေဆီကို မသွားနိုင်အောင် အာဏာပိုင် တွေက တင်း ကျပ်နေတယ်၊ လာလည်တဲ့ ဧည့်သည်တိုင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်” ဟု လပွတ္တာမြို့ခံတ ဦး က ပြောသည်။

ယခုအခါယင်းဒေသတွင် ၁၀ ရက်ခန့် မိုးရွာသွန်းမှုမရှိသဖြင့် သောက်သုံးရေရရှိရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရ ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရှေ့လာမည့်သီတင်းပတ်အတွင်း မြန်မာ့နိုင်ငံတွင် မိုးရာသီ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် မုန်တိုင်းဒဏ် သင့်ဒေသ များတွင် သောက်သုံးရေပြတ်လပ်သည့် ပြဿနာမှာပိုမိုဆိုးဝါးနိုင်ကြောင်း သိရသည်။

လပွတ္တာနှင့်ဘိုကလေးမြို့တို့သည် မေလ ၂ ရက်နှင့် ၃ရက်နေတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသော ဒေသများဖြစ်ပြီး မြန်မာ့ အာဏာပိုင်များ၏ တရားဝင် ထုတ်ပြန်ချက် များအရ သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း ၁၄၀၀၀၀ခန့်ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်