ထိုင်း - ကမ္ဘောဒီးယား နယ်စပ်အငြင်းပွား၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်

E-mail Print
နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယား စစ်တပ်တို့သည် ယမန်နေ့ နေ့လယ် ၂ နာရီ ခွဲခန့််က စတင်၍ ၁ နာရီကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားဘက်မှ စစ်သား ၂ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာ ရသွားခဲ့ပြီး ထိုင်းဘက်က စစ်သား ၇ ဦးခန့် ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားက ထိုင်းစစ်သား ၁၀ ဦးခန့်ကို ဖမ်းဆီးထားသည်ဟု ပြောဆိုသော်လည်း ထိုင်းစစ်တပ်မှ အရာရှိများက ငြင်းဆိုခဲ့သည်။

အပစ်အခတ် အစပြုခဲ့ခြင်းအပေါ် တဘက်နှင့်တဘက် အပြန်အလှန် စွပ်စွဲပြောဆိုလျက်ရှိပြီး ယင်းပစ်ခတ်မှု မဖြစ်ပွားမီ ၁၄ ရက်နေ့က ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ပရီးရာ့ဗီဟီး ဘုရားကျောင်းအနီးတွင် ချထားသော ထိုင်းစစ်တပ်များကို ရုပ်သိမ်းပေးရန် ရာဇသံပေး တောင်းဆိုခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းက “ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းကိုပဲ အသုံးပြုသွားမှာပါ။ မနေ့က တဘက်နဲ့တဘက် ထိပ်တိုက် ဖြစ်ခဲ့ကြပေမယ့် ဒါဟာ ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

ကမ္ဘောဒီးယား ဗိုလ်မှူးချုပ် Yim Pim က အေပီ သတင်းဌာနသို့ ပြောကြားရာတွင် ယခုအချိန်၌ အပစ်ခတ် ရပ်စဲထားပြီး စစ်မြေပြင်ရှိ တပ်မှူးများအချင်းချင်း ညှိနှိုင်းနေကြသည်ဟု ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းကလည်း လက်ရှိအခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ရန်နှင့် အငြင်းပွားနေသော ပြဿနာကို အလျင်အမြန် အဖြေရှာရန် ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ဖက်စလုံး အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းသည်ကို ရှောင်ကြဉ်ရန် တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က Preah Vihear ဘုရားကျောင်းကို ယခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ စ၍ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နေရာ တခုအဖြစ်သတ်မှတ် ပေးခဲ့ပြီးနောက်ပိုင်း အခြေအနေမှာ ယခုကဲ့သို့ ပိုမိုတင်းမာလာခဲ့ခြင်း ဖြစ်သည်။

၁၁ ရာစုနှစ်က စတင်တည်ဆောက်ခဲ့သော နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ၎င်းဘုရားကျောင်း အနီးရှိ ၁.၈ စတုရန်းမိုင် ကျယ်ဝန်းသော နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ရာစုနှစ် အတော်ကြာသည်အထိ အငြင်းပွားလျက်ရှိသည့် ထိုင်းနှင့် ကမ္ဘောဒီးယား တို့၏ နယ်စပ်ပြဿနာသည် တင်းမာလျက်ရှိရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ရသည်။

ကမ္ဘာ့တရားရုံးက ၁၉၆၂ ခုနှစ်တွင် ယင်းဘုရားကျောင်းကို ကမ္ဘောဒီးယားနိုင်ငံက ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ပေးခဲ့သော် လည်း ၎င်းပတ်ဝန်းကျင် နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ယခုချိန်ထိ ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်ခဲ့ သေးကြောင်း သိရသည်။

ယခုလ အစောပိုင်းကလည်း နှစ်ဘက်စစ်သားများ အပြန်အလှန် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား စစ်သား၂ ဦီးနှင့် ထိုင်း စစ်သား ၁ ဦးဒဏ်ရာရခဲ့ကြသည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့အပြီး ၃ ရက်အကြာ ထိုင်းစစ်သား ၂ ဦးမှာ ၎င်းနယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်များ ဖြတ်တောက်ခဲ့ရသည်။

ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ကမ္ဘောဒီးယားရှိ ထိုင်းနိုင်ငံသား အားလုံးပြန်လာရန် တိုက်တွန်းကာ အခြေအနေ ပိုမိုဆိုးရွားလာပါက ထိုင်းလေကြောင်းလိုင်းက နိုင်ငံသားများအတွက် လေယာဉ်ပျံများ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ထိုင်းနိုင်ငံသား ၁၅၀၀ ခန့် ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်