နိုင်ငံတော်သမ္မတသစ်နေရာတွင် ဦးအောင်သောင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ ရေပန်းစားနေ

E-mail Print
၂၀၁၀ ရွေးကောက်ပွဲပြီးဆုံးသွားပါက သမ္မတရာထူးကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၎င်းလက်သပ်မွေးထားသည့် တပည့် နှစ်ဦးကိုသာ ရွေးချယ်သွားနိုင်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းများအရ သိရသည်။

ယင်းသမ္မတရာထူးအတွက် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ ရေပန်းစားလျက်ရှိသည်။

ကြံ့ခိုင်ဖွံဖြိုးရေးအသင်းနှင့် နီးစပ်သူတဦးက “ဦးအောင်သောင်းဟာ ကြံ့ဖွံ့အသင်းမှာ သြဇာကြီးသလို အဓိကနေရာကနေ ပါဝင်နေတဲ့သူတဦးပါ။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီးကြိုက်တဲ့ သူတဦးပေါ့။ သူတို့နှစ်ယောက်က သမ္မတရာထူးအတွက် အလားအလာ အကောင်းဆုံး သူတွေ” ဟု ပြောသည်။

ရန်ကုန်ရှိ အမျိုးသမီးသတင်းထောက်တဦးက “ဒီသတင်းက ခုတလော လက်ဘက်ရည်ဆိုင်မှာ လူအများစု ဆွေးနွေးနေတဲ့ အကြောင်းအရာဖြစ်နေတယ်” ဟု ဧရာဝတီ သို့ပြောသည်။

စစ်အစိုးရရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးကို ပါလီမန်ကရွေးချယ်မည် ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံအရ ပါလီမန်အဖွဲ့ဝင် လေးပုံတပုံမှာလည်း ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်သွားမည့် စစ်တပ်မှ အရာရှိများဖြစ်ပြီး ကျန်နေရာများကို ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များထဲမှ ရွေးချယ်ခန့်အပ်သွားမည်ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီအတိုက်အခံအင်အားစုများ ကန့်ကွက်နေသည့် ကြားကပင် စစ်အစိုးရသည် လွန်ခဲ့သည့် မေလက ပြည်သူ့ဆန္ဒခံယူပွဲကျင်းပကာ ၎င်းတို့စိတ်တိုင်းကျရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုခဲ့သည်။

၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းလုပ်ကြံမှု၏ နောက်ကွယ်မှ ကြိုးကိုင်ခဲ့ သူအဖြစ် ဦးအောင်သောင်းကို ပြည်ပရောက်အတိုက်အခံများက စွပ်စွဲပြောနေဆိုကြသည်။

ဦးအောင်သောင်းသည် ယခုအခါ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာပြီး ၎င်း၏မိသားစုဝင်များက အောင်ရေဖြိုးကုမ္ပဏီ၊ အိုင်ဂျီအီးကုမ္ပဏီနှင့် ကွင်းစတားကုမ္ပဏီများကို ဦးစီးလုပ်ကိုင် လျှက် ရှိသည်။

ယင်းကုမ္ပဏီများသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်နှင့် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းများ၊ ကွန်ပျူတာနှင့် တခြား လျှပ်စစ်ပစ္စည်းတင်သွင်းသည့်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်း တိုင်းမှူးဖြစ်လာကာ စစ်တပ်အတွင်း လူသိများလာခဲ့သည်။

စစ်ဘက်ဆိုင်ရာများနှင့်ရင်းနှီးသော ရန်ကုန်ရှိလေ့လာသူများက အသက် ၇၅ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အနားယူလိမ့်မည်မဟုတ်ကြောင်းနှင့် တပ်မတော်ကို ဆက်လက်ထိန်းချုပ်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့အတူ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းတို့သည်လည်း ဗိုလ်ချုပ်မှူးကြီးက အာဏာကို ဆုပ်ကိုင်ထားသရွေ့ ၎င်းတို့၏ရာထူးနေရာတွင် ဆက်လက် တည်မြဲနေမည်ဖြစ်ကြောင်းလည်း ခန့်မှန်းကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်