မြန်မာနိုင်ငံတွင်းမှ ကျားနှင့် ကျားအနွယ်ဝင်များ၏ ခန္ဓာအစိတ်အပိုင်းများ မှောင်ခိုဈေးကွက်တွင် တွေ့နေရ

E-mail Print
မြန်မာနိုင်ငံတွင်းမှ ကျားနှင့် ကျားအနွယ်ဝင် သတ္တဝါပေါင်း တထောင်ကျော်၏ သားရေ၊ အရိုး၊ ဦးရေခွံ၊ လက်သည်းများ အပါအဝင် အစိတ်အပိုင်းများကို ၁၅ နှစ်ကျော်ကာလအတွင်း ကမ္ဘာ့ မှောင်ခိုဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေ သည်ဟု ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (WWF) က ၎င်း၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။

သဘာဝတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး နှင့်ပတ်သက်၍ စစ်အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က စည်းမျဉ်းဥပဒေဖြင့် တင်းကျပ်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုပြောဆို ထားသည်။

စစ်အစိုးနှင့် တာဝန်ရှိသူများအနေနှင့် ၎င်းတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ဥပဒေ စည်းကမ်းများကို ထုတ်ပြန်သင့်ကြောင်း ၎င်းတောရိုင်းတိရစ္ဆာန်များကို မတရားသတ်ဖြတ်ပြီး ရောင်းချ နေသည့် မှောင်ခို ဈေးကွက်ကို ပိတ်ပင်သင့်ကြောင်းနှင့် တောရိုင်းတိရစ္ဆာန် ရောင်းချသည့် ဈေးကွက်များကို ပုံမှန်စောင့်ကြည့်ကာ ဥပဒေ ချိုးဖောက်သူများကို အရေးယူသင့်ကြောင်း အစီအရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။

WWF အဖွဲ့၏ ၁၈နှစ်တာ စစ်တမ်းကောက် လေ့လာစောင့်ကြည့်ချက်အရ တောရိုင်း တိရစ္ဆာန်များကို အဓိကရောင်းချသည့် တာချိလိတ်၊ မိုင်းလ၊ ရွှေတြိဂံ၊ ကျိုက်ထီးရိုး စသည့် ဒေသများအပြင် မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီး ချင်းနိုင်ငံများ ဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်တလျှောက်မှ  နိုင်ငံတကာသို့ ရောင်းချနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ တချို့မှာရှိတဲ့ ကျားများ ရှားပါးလာသည့် အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ် သည်ဟုလည်း WWF က သတိပေးပြောဆိုထားသည်။

ကချင်ပြည်နယ်၊ ဟူးကောင်းတောင်ကြားဒေသတွင် ကျားသတ္တဝါ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် စခန်းဖွင့်လှစ်ခဲ့သော်လည်း ကျားအရည်အတွက် အနည်းငယ်ကိုသာ ထိန်းသိမ်း စောင့်ရှောက်ထားနိုင်သဖြင့် အစိုးရအနေ နှင့်တာဝန်ယူဆောင်ရွက်မှု အားနည်းသည် ဟု မြင်ကြောင်း WWF က သုံးသပ်သည်။

ဟူးကောင်းဒေသအတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ပတ်သက် သုတေတနလုပ်နေသည့် အဖွဲ့ တခုဖြစ်သည့် ကချင်ပြည်လူမှုဖွံ့ဖြိုးရေးအဖွဲ့ (KDNG) မှ အတွင်းရေမှူး စာဂျီးက “ဒီ ဟူးကောင်း တောင်ကြား မှာ တိရစ္ဆာန်ထိန်းသိမ်းရေး ဆိုတာ ဆိုင်းဘုတ်ပဲရှိတယ်” ဟု ပြောဆိုသည်။

ဆိုင်းဘုတ်ထောင်ထားသော်လည်း အစောင့်မရှိဘဲ ဧက သိန်းနှင့်ချီသည့် မြေများတွင် ယုဇနကုမ္ပဏီအား ပလောပီနံနှင့် ကြံများ စိုက်ပျိုးခွင့် ပေးထားကာ ဒေသခံများကိုမူ တောင်ယာမခုတ်ရ၊ အမဲမလိုက်ရဟု အမိန့် ထုတ်ထားကြောင်း သိရသည်။

“သားရဲ တိရစ္ဆာာန်မပြောနဲ့ အိမ်မွေးတိရိစ္ဆာန်နဲ့ ဒေသခံတွေတောင် နေဖို့မရှိတော့ဘူး” ဟု စာဂျီးက ဆိုသည်။

မြန်မာစစ်အစိုးရက ရှားပါးတောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သဖြင့် ၎င်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် သဘောတူညီချက်တွင် ပါဝင်သည့်  ဥပဒေ စည်းမျဉ်းများအတိုင်း ပြန်လည်အကောင် အထည် ဖော်သင့်သည် ဟုလည်း အစီရင်ခံစာက ရေးသားဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်