ထို့ကြောင့် မယ်ဆိုင်တဘက်ကမ်း တာချီလိတ်ရှိ အဆင့်မြင့် လောင်းကစား ရုံနှင့် အပန်းဖြေ နေရာများ ဖြစ်သည့် အလျူရာ ရဆို့စ် (Allure Resort) နှင့် ရဂျီးနား (Regina) ဟိုတယ်တို့တွင် ကြိုတင် အခန်း ငှားရမ်းမှု ပိုမိုများပြားလာကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။
ယမန်နေ့ကလည်း ထိုင်းလောင်းကစားသမားများမှာ နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနယ်စပ်ရှိ ရွှေတြိဂံ ပယ်ရယ်ဒိုက်စ် ရဆို့စ် (Golden Triangle Paradise Resort) သို့ သွားရောက်ကြသောကြောင့် ချင်းဆန် ခရိုင်အတွင်းရှိ Ban Sob Ruak ရွာတွင် ကားရပ်နားစရာ နေရာလွတ် အနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။
ချင်းဆန် ခရိုင် ရဲအရာရှိတဦးဖြစ်သူ Pol Col Surachai Thienchai က “မြောက်ပိုင်း နယ်စပ်ဘက်ကို လောင်းကစားသမား တွေ အခုလိုရောက်ရှိလာတာဟာ ကမ္ဘောဒီးယား နယ်စပ် ပြဿနာကြောင့်ပါ” ဟုပြော သည်။
ချင်းရိုင် မှ ရဲအရာရှိများအား လောင်းကစားသမားများ စုပြုံရောက်ရှိလာခြင်းနှင့် ပတ်သက်၍ မျက်ခြေမပြတ် စောင့်ကြည့် ရန် အထက်က ညွန်ကြားထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုင်း - မြန်မာနယ်စပ်ကို ကြီးကြပ်နေသူ ထိုင်းရဲတပ်ဖွဲ့တပ်မှုး Col Chalongchai Chaiyakham က ထိုင်းနှင့်ကမ္ဘေားဒီးယား နယ်စပ်ပြဿနာကြောင့် ထိုင်းနိုင်ငံ မြောက်ဘက် နယ်စပ်ဒေသများမှ ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးဝါး ခိုးသွင်းမှု များပြားလာနိုင်ဖွယ်မရှိဟု ဆိုသည်။
နယ်စပ်ပြဿနာကြောင့် နိုင်ငံအရှေ့နယ်စပ်များမှ မှုးယစ်ဆေးဝါး ခိုးသွင်းသူများသည် ၎င်းတို့၏ လမ်းကြောင်းများကို ပြောင်းလဲကာ မြောက်ပိုင်းမှ ပြန်တင်သွင်းနိုင်သည့် အလားအလာရှိသော်လည်း ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့များ အနေနှင့် နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးခိုးသွင်းခြင်းကို ထိထိရောက်ရောက် ကာကွယ်နိုင်လိမ့်မည်ဟု ၎င်းကပြောသည်။
< Prev | Next > |
---|