ဟေတီ ငလျင်တွင် မြန်မာ့အရေး ကူညီသူ ပညာရှင်တဦး ပျောက်ဆုံးနေ

E-mail Print
ထိုင်း-မြန်မာ နယ်စပ် နယ်လှည့် ကျန်းမာရေးအဖွဲ့များ၏ အရေးပေါ် ခွဲစိတ်ကုသမှုများပြုလုပ်ရာ၌ နေရောင်ခြည် စွမ်းအင်သုံး ကိရိယာများနှင့် ပတ်သက်၍ သင်တန်းပေးခဲ့သူ မစ္စတာ Walt Ratterman သည် လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးနေသော ဟေတီ ငလျင်တွင် ပျောက်ဆုံးနေသည်။

မစ္စတာ Ratterman သည် ဟေတီနိုင်ငံ ကျေးလက်ရှိ ကျန်းမာရေး စခန်းများတွင် နေရောင်ခြည်စွမ်းအင် စီမံကိန်းများကို အပြီး သတ် အကောင်ထည်ဖော်ခဲ့ပြီးနောက် Montana ဟိုတယ်၌ အစိုးရ မဟုတ်သောအဖွဲ့ (NGO)မှ ၀န်ထမ်းများကို တွေ့ဆုံရန် စောင့်ဆိုင်း နေချိန်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

walt_tatterman“သူပျောက်သွားတယ်ဆိုတာ သတင်းကြားကြားခြင်း နိုင်ငံအတော်များများက လူတွေ ၀ိုင်းဝန်း ကူညီကြပါတယ်၊ မြန်မာ၊ ရ၀မ်ဒါ၊ ပါကစ္စတန် နဲ့ ပါလက်စတိုင်းနိုင်ငံသားတွေက သူ့အတွက် ဆုတောင်းနေကြပါတယ်”ဟူသော မစ္စတာ Ratterman၏ သမီးဖြစ်သူ Briana ၏ ပြောဆိုမှုကို ကိုးကား၍ The Columbian သတင်းစာတွင် ဖော်ပြထားသည်။

ယင်းအချိန်မှ စတင်၍ Rattermaနှင့် ပတ်သက်သော သတင်းအစအနကို လုံးဝမကြားရတော့ပေ။ဇန်န၀ါရီ ၂၀ ရက်နေ့မှ စတင်၍ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များက ဟိုတယ်အနီး အပျက်အစီးများကြားတွင် ပိတ်ဆို့ အသက်ရှင်ကျန်ရစ်သူများကို ကြိုးပမ်း ရှာဖွေနေသည်။

“သတင်းဆိုးတခုပါပဲ၊ သူကိုပြန်တွေ့ရဖို့ မျှော်လင့်နေပါတယ်၊ Facebook ကနေတဆင့် သူနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး ကြားတာကတော့ ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေနေဆဲဖြစ်ပြီးတော့ အခုထိ မတွေ့သေးဘူးလို့ကြားတယ်”ဟု Border Green Energy Team(BGET)ကို ပူးပေါင်း ထူထောင်ခဲ့သူ Salinee Tavaranan ကဆိုသည်။

မစ္စတာ Rattermanသည် BGETကို ပူးပေါင်း ထူထောင်ခဲ့သူတဦးဖြစ်သည်။ BGETသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင် တိုင်းရင်းသား လူနည်းစုများ နေထိုင်သည့် ရွာများတွင်  နည်းပညာနှင့် ပတ်သက်သော သင်တန်းများ၊ ငွေကြေး အထောက်အပံ့ များကို ပံ့ပိုး ကူညီဆောင်ရွက်ပေးနေသောအဖွဲ့ ဖြစ်သည်။ 

ထိုင်း-မြန်မာနယ်စပ်တွင် နေရောင်ခြည် စွမ်းအင် အသုံးပြုသည့် စီမံကိန်းတခုကို မစ္စတာ Rattermanက စတင် အကောင် ထည်ဖော်ခဲ့သူဖြစ်ပြီး ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်(IDP)များကို အကူအညီပေးနေသည့် နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့များကို ယင်းနှင့်ပတ်သက်သော သင်တန်းများပေးခဲ့သူလည်း ဖြစ်သည်။

ယင်းအဖွဲ့မထူထောင်ခင်က သူသည် နယ်စပ်ရှိ ပြောင်းရွှေ့ကျန်းမာရေး ဆေးခန်းများ အတွက် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ် မီးရရှိရန် ကူညီခဲ့ပြီး အထူးသဖြင့် ကရင်တိုင်းရင်းသားများကို အကူအညီပေးခဲ့သည်။

မစ္စတာ Rattermanသည် နေရောင်ခြည် စွမ်းအင်နှင့် ပတ်သက်သော သင်တန်းများကို တိဗက်ဒေသမှ ရ၀မ်ဒါ နိုင်ငံအထိ သင်တန်းများ ပေးခဲ့သည်။

ဟေတီနိုင်ငံတွင် မြန်မာနိုင်ငံသား ၂၀၀ ခန့်နေထိုင်လျက်ရှိပြီး တချို့မှာ ငလျင်ကြောင့် ပျောက်ဆုံးလျက်ရှိကြောင်း၊ လွန်ခဲ့သော နှစ်များက မြန်မာနိုင်ငံသား အနည်းငယ်သာရှိခဲ့သော်လည်း အမေရိကန်နိုင်ငံသို့ သွားရောက်ချင်သူများအတွက် ယင်းနိုင်ငံသည်  စခန်းတစ်ထောက် ကွန်းခိုရာ ဖြစ်ကြောင်း Freedom News Group အင်တာနက် စာမျက်နှာ သတင်းများ အရ သိရသည်။

ဟေတီနိုင်ငံ၊ ပို့အော်ပရင့်စ် မြို့တော် အနောက်မြောက်ဘက် ၃၅ မိုင်အကွာတွင်  အင်အား ရစ်ခ်ျတာစကေး ၆.၁ ရှိသော ငလျင်တခု ယမန်နေ့ နံနက်ပိုင်းက ထပ်မံ လှုပ်ခတ်ခဲ့သည်။သို့သော် လူအသေအပျောက်နှင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ဟေတီနိုင်ငံတွင် ဇန်န၀ါရီလ ၁၂ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်သည် အင်အား ရစ်ခ်ျတာစကေး ၇.၀ ရှိပြီး အင်္ဂါနေ့ ညနေ ၅ နာရီခန့်က ပို့အော် ပရင့်စ်မြို့တော် အနောက်တောင်ဘက် ၁၀ မိုင် ကွာဝေးသော နေရာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ သတင်းများအရ ရုပ်အလောင်း ၇၅၀၀၀ကို မြှပ်နှံ သဂြိုဟ်ပြီးဖြစ်ကြောင်း၊ ငလျင်ကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးနိုင်ပြီး ၃ သန်းကျော် အတိဒုက္ခရောက်နေကြောင်း ဟေတီအစိုးရက ခန့်မှန်းပြောဆိုသည်။

ဤသတင်းအား ဧရာဝတီမဂ္ဂဇင်း၌ ဆောင်းပါးနှင့် စာအုပ် အညွှန်းကဏ္ဍများတွင် ရေးသားပေးနေသော Edith Mirante ကပေးပို့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်