ချာလီဝီလ်ဆင် ကွယ်လွန်ပြီ

E-mail Print
“Charlie Wilson's War” ရုပ်ရှင် ဇာတ်ကားဖြင့် ၎င်း၏ ဘ၀ကို သရုပ်ဖော် ရိုက်ကူးခြင်း ခံခဲ့ရသော အမေရိကန် ပြည်ထောင်စု အောက်လွတ်တော် အမတ်ဟောင်း Charles Nesbitt Wilson သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

အသက် ၇၆ နှစ်အရွယ်ရှိ မစ္စတာ ၀ီလ်ဆင်သည် အမေရိကန် ပြည်ထောင်စု Lufki မြို့Memorial ဆေးရုံတွင် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်ဟု မြို့တော်ဝန် Jack Gorden Jr က အတည်ပြု ပြောကြားခဲ့သည်။ ၂၀၀၇ ခုနှစ် ကလည်း မစ္စတာ ၀ီလ်ဆင်သည် နှလုံး အစားထိုး ကုသမှုခံယူ ခဲ့ဖူးသည်။

“သူက ကျနော်တို့မြို့ရဲ့ ဂုဏ်ထူးဆောင် ပြယုဂ်ပါ”ဟု မြို့တော်ဝန် မစ္စတာ Gorden ကပြောသည်။

မစ္စတာ ၀ီလ်ဆင်သည် ဆိုဗီယက် - အာဖဂန် နစ္စတန် စစ်ပွဲတွင် အိုစမာ ဘင်လာဒင် ပါဝင်သည့် အာဖဂန် သူပုန်များကို လက်နက်များ ၀ယ်ယူရန် ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့ ကူညီခဲ့သူ တဦးလည်း ဖြစ်သည်။

ဤဖြစ်ရပ်နှင့်ပတ်သက်၍ ၂၀၀၇ ခုနှစ်တွင် မင်းသား Tom Hanks၊ မင်းသမီး Julia Roberts တို့နှင့် ဒါရိုက်တာ Mike Nicholsက ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးခဲ့သည်။

ယင်းရုပ်ရှင်သည် ၆၅ ကြိမ်မြောက် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု၊ မင်းသား၊ မင်းသမီး သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ ဇာတ်ညွန်းဆုများ ရရှိခဲ့သည့် အပြင် အကြိမ် ၈၀ မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

အာဖဂန် ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Mohammad Zahir Azimiက“ အာဖဂန်ပြည်သူတွေက သူ့ကို ဘယ်တော့ မှမေ့မှာ မဟုတ်ပါဘူး၊ သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ မစ္စတာ ၀ီလ်ဆင်ဟာ အမြဲရှိနေမှာပါ”ဟု ပြောသည်။

အာဖဂန်နှင့် ဆိုဗီယက်တိုက်ပွဲတွင် ပါဝင်ခဲ့သူ ဗိုလ်မှူးကြီး Atta Mohammed Nurက မစ္စတာ ၀ီလ်ဆင် သေဆုံးမှုနှင့် ပတ်သက်၍ ၀မ်းနည်းကြောင်းပြောဆိုခဲ့ပြီး စစ်အတွင်းက ထောက်ပံ့ပေးခဲ့သည့် Stingers များဖြင့် ဆိုဗီယက် ဂျက်လေယာဉ်များကို ပစ်ချ နိုင်ခဲ့ကြောင်း ပြောဆိုသည်။

၁၉၈၉ ခုနှစ် ဆိုဗီယက်တပ်နီတော် အာဖဂန်နစ္စတန်နိုင်ငံမှ မထွက်ခွာချိန်ထိ အာဖဂန် သူပုန်များနှင့် ဆယ်စုနှစ် တနှစ်ကျော် တိုက်ပွဲများ ဆင်နွှဲခဲ့ရသည်။ ၂ နှစ်ကြာပြီးနောက် ဆိုဗီယက်ပြည်ထောင်စု စီးပွားရေး ယိမ်းယိုင်ခဲ့ပြီး  ပြိုလဲသွားခဲ့ရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gatesက မစ္စတာ ၀ီလ်ဆင်၏ ကြိုးပမ်းမှုနှင့် အကူအညီကြောင့် စစ်အေး တိုက်ပွဲ ကာလကိုလည်း အဆုံးသတ်သွား စေသည်ဟု ဆိုသည်။

မစ္စတာ ၀ီလ်ဆင်ကို တက္ကဆက်ပြည်နယ် Trinityမြို့တွင် ၁၉၃၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ Annapolisရှိ စစ်တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။

ယင်းနောက် အမေရိကန်ပြည်ထောင်စု ရေတပ်တွင် ၄ နှစ်ခန့် အမှုထမ်းခဲ့ပြီးနောက် ဗိုလ်ကြီး အဆင့်သို့ ရာထူး တိုးမြှင့်ခြင်း ခံရသည်။

၁၉၇၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တက္ကဆက်ပြည်နယ် ကိုယ်စားပြု အောက်လွတ်တော် အမတ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
အရက်ကို ကြိုက်နှစ်သက်ပြီး မိန်းမလိုက်စားသူအဖြစ် မစ္စတာ ၀ီလ်ဆင်ကို လူသိများသည်။  နိုင်ငံရေး လောကသည် ပျော်စရာ မကောင်းတော့ဟု ဆိုကာ ၁၉၉၆ ခုနှစ်တွင် စွန့်ခွာခဲ့သည်။

၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် Barbara Alberstadt နှင့် လက်ထပ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် လတ်စ်ဗီးဂတ် ရှိ Caesars Palace ၌ မစ္စတာ ၀ီလ်ဆင်ကို ကိုးကင်း သုံးစွဲသည်ဟု စွပ်စွဲခဲ့သော်လည်း တရားရုံးချုပ်မှ ရှေ့နေများက အထောက်အထားခိုင်ခိုင်လုံလုံ ပြသနိုင်ခြင်းမရှိခဲ့ပေ။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် နှမဖြစ်သူတို့ ကျန်ရစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်