မြန်မာ့ရုပ်သံနှင့် ရေဒီယို အစီအစဉ် တိုးချဲ့

E-mail Print
ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက် ရှိသော MRTV-3 အစီအစဉ်ကို Myanmar International ရုပ်သံလိုင်း အမည်သစ်ဖြင့် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်နေသည်ဟု သိရသည်။

Myanmar International သတင်းအစီအစဉ်တွင် နိုင်ငံတာကာ အဆင့်မီ တည်းဖြတ်ထားသည့် Documentary အစီိအစဉ်များ၊ Current  Affairs အစီအစဉ်အတွက် နမူနာများ (Programs trailers )၊ branding trailers များနှင့် ပြည်ပမှ သတင်းတင်ဆက်သူများ၏ သတင်း တင်ဆက်မှု များလည်း ပါဝင်မည် ဖြစ်သည်။

ယင်းအစီအစဉ်ကို ပြည်ပရှိ ပရိသတ်များ ၂၄နာရီလုံး ကြည့်ရှုနိုင်ရန် စီစဉ်ထားပြီး ပြည်တွင်း ပရိသတ်များအတွက် MRTV နံနက်ပိုင်းအစီအစဉ်များအပြီး ၀၉း၀၀နာရီမှ ၁၁း၀၀နာရီအထိ ဆက်လက်ထုတ် လွှင့်ပေးသွားမည်ဖြစ်သည်။ ၂၀၁၀ခုနှစ်ဖေဖော်ဝါရီ ၁၁ရက်နေ့ မတ် ၂၆ရက်နေ့အထိ စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ပြီး  မတ်လ ၂၇ရက်နေ့ (တပ်မတော်နေ့)မှ စ၍  ပုံမှန် ထုတ်လွှင့်သွားမည်ဟု ဖေဖော်ဝါရီလ ၁၁ရက်နေ့ ထုတ်ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

“ကျမတို့ အိမ်မှာ MRTV-3 မကြည့်ဖြစ်ကြာပြီ တခြားလိုင်းတွေပဲ ၀ယ်ကြည့်တယ်။ တလိုင်းကို ကျပ်၂၀၀၀ ပေးရတယ်။ တခြားအိမ်တွေမှာလည်း အဲဒီလိုပဲ လုပ်ကြတယ်။ လူတွေက MRTV-3, MRTV-4 ကို ကိုရီးယား ဇာတ်လမ်းတွဲတွေ လာတဲ့အခါမှာပဲ  ပဲကြည့်ကြတယ်။  နောက်ပြီး အဲဒီ  (MRTV) လိုင်းတွေလာတဲ့ အချိန်က မီးပျက်တဲ့ အချိန်တွေဖြစ်တာ များတော့ ကြည့်ချင်ရင်တောင်မှ  မကြည့်ရဘူး” ဟု စမ်းချောင်းမြို့နယ်ရှိ အိမ်ရှင်မ တဦးက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ခံ အများစုသည် family entertainment စက်တပ်ဆင်ပြီး အခြားလိုင်းများကိုသာ တလိုင်းကို တလကျပ် ၂၀၀၀ နှုန်းဖြင့် ၀ယ်ကြည့်ကြသဖြင့် MRTV လိုင်းတွေကို မကြည့်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

စမ်းသပ်ထုတ်လွှင့်မှု အစီစဉ်များကို MRTV-3 ပုံမှန်ထုတ်လွှင့် အစီအစဉ်များနှင့် အတူ ထည့်သွင်း ထုတ်လွှင့်လျက်ရှိသည်။

“ကျမကတော့ အရင်တုန်းက MRTV-3မှာ လာတဲ့ Documentary ပဲကြည့်တယ်။ အဲဒီအစီစဉ်ပဲ ကောင်းတယ်။ အခုတော့ ဘာမှ မကြည့်ဖြစ်တော့ဘူး” ဟု ရန်ကုန်မြို့ရှိ  အမျိုးသမီး စာနယ်ဇင်း သမားတစ်ဦးက ပြောသည်။

ထို့အပြင် နေပြည်တော် မြန်မာ့အသံ ရေဒီယို တိုင်းရင်းသား ဘာသာ အစီအစဉ်ကိုလည်း  ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့တွင်) တွင် စတင် တိုးချဲ့ထုတ်လွှင့်သွားမည်ဟု ဖော်ပြထားသည်။ အဆိုပါ တိုးချဲ့ ဘာသာများမှာ ကယန်း၊ ဝေခို၊ ဂေဘား၊ မင်းတပ်ချင်းနှင့် ကိုးကန့် တို့ဖြစ်ပြီး အချိန်အားဖြင့် မွန်းလွဲ ၂နာရီမှ ညနေ ၆နာရီထုတ်လွှင့်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှ စတင်၍ မွန်းလွဲ ၂နာရီမှ ည ၈နာရီအထိ ၂နာရီ တိုးချဲ့ ထုတ်လွှင့်သွားမည်ဟု ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်