ငလျင်အတွက် ချီလီက အကူအညီတောင်းပြီ

E-mail Print
စနေနေ့က ချီလီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် နိုင်ငံတကာ ကူညီမှုကို လက်ခံရန် ငြင်းပယ်ခဲ့သည့် ချီလီ အစိုးရသည် ပျက်စီး ဆုံးရှုံးမှု အလွန်များပြား လာသောကြောင့် အကူအညီများ ပေးအပ်ရန် တောင်းခံလျက် ရှိသည်။

ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၇၂၃ ဦး ရှိပြီး ဒဏ်ရာရသူများ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက် လိုအပ်သည့် မီးစက်၊ ရေသန့်စက်၊ ယာယီ ဆေးရုံများ ပေးပို့ ကူညီရန် ကုလသမဂ္ဂထံ တောင်းဆိုထားကြောင်း သိရသည်။

“ကျနော်တို့ လိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့မှ  ပြောခွင့်ရ ပုဂ္ဂိုလ် Elisabeth Byrsက သတင်းဌာနများကို ပြောပြသည်။

ချီလီက အကူအညီ တောင်းထားသည့် နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံလည်း ပါဝင်ရာ ရေသန့်စင်ရေး၊ ယာယီ ဆေးရုံများဖြစ်မြောက်ရေး တို့အတွက် အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု အမေရိကန် အစိုးရက ပြောသည်။

ချီလီနိုင်ငံ ဒုတိယမြို့တော် Concepcion ၏ မိုင် ၇၀ခန့် အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၈.၈ ရှိ ငလျင်သည် ၁၉၀၀ ပြည့်နှစ် နောက်ပိုင်း ၅ ကြိမ် မြောက် အပြင်းထန်ဆုံး ငလျင် ဖြစ်ပြီး လူပေါင်း ၁.၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ အဆောက်အအုံများ၊ လမ်း၊ တံတားများ ပြိုကျ၍ ရေ၊ မီးနှင့် ဆက်သွယ်ရေး လိုင်းများ  ပြတ်တောက်ခဲ့သည်။

ချီလီသည် လက်တင် အမေရိကနိုင်ငံများတွင် ငလျင်လှုပ်ခတ်ရန် အနေအထား အများဆုံး နိုင်ငံ ဖြစ်ပြီး ကလေးများသည် စာသင်ကြားခြင်း မပြုမီကပင် ငလျင်လှုပ်သည့်အခါ ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်မှ ရှောင်တိမ်းရန် နည်းလမ်းများကို သင်ကြားခဲ့ရကြောင်း သိရသည်။

ငလျင်သင့်ဒေသများမှ နေထိုင်သူအများစုမှာ အစာရေစာ ပြတ်လပ်မှုနှင့် ကြုံရပြီးနောက်ပိုင်း ကုန်တိုက်ကြီးများသို့ သွားရောက်ကာ ပစ္စည်းများကို လုယူကြသည်။ နောက်ပိုင်းတွင် ဘဏ်များကို လုယက် တိုက်ခိုက်ခြင်း၊  မီးရှို့ဖျက်ဆီးခြင်း အပါအ၀င်  ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်လာကြသဖြင့် အာဏာပိုင်တို့က ထိုဒေသများတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ စေလွှတ်ကာ အခြေအနေကို ထိန်းသိမ်းလျက်ရှိသည်။

“အစိုးရရဲ့ တုံ့ပြန်မှုက အရမ်းကို နှေးကွေးလွန်းတယ်၊ ကျနော်တို့မှာ လျှပ်စစ်မီး၊ ရေတွေ မရသလို အနီးက စတိုးဆိုင်ကလည်း စားသောက်စရာတွေ အကုန် ကုန်သွားပါပြီ” ဟု ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂို မြို့ခံ တဦးက ဆိုသည်။

အစိုးရ တာဝန်ရှိသူများ အပေါ် ပြစ်တင် ဝေဖန်မှုများကို ချီလီ အသံလွှင့်ဌာနများက ထုတ်လွှင့်နေကြသည်။

ချီလီနိုင်ငံရှိ ဆိပ်ကမ်းမြို့များမှာ ငလျင်ဒဏ်အပြင် ဆက်စပ် ဖြစ်ပေါ်လာသော ဆူနာမီ ရေလှိုင်းများကြောင့် ပိုမို၍ ပျက်စီး ဆုံးရှုံးမှု များကြောင်း သိရသည်။

ဂျပန်နှင့် ဖိလစ်ပိုင် နိုင်ငံတို့က ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း ဖြစ်ပေါ်လာမည့် ဆူနာမီ ရေလှိုင်းများ ရောက်ရှိလာနိုင်သည့် အတွက် မြေနိမ့်ပိုင်းတွင် ပြောင်းရွှေ့နေထိုင်ကြရန် နှိုးဆော် သတိပေးထားကြသည်။

ဇန်န၀ါရီလကလည်း ဟေတီနိုင်ငံတွင် အင်အား ရစ်ခ်ျတာစကေး ၇.၀ ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး လူ ၂သိန်းကျော် အသက် ဆုံးရှုံးခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်