ထိုင်းစစ်တပ်နှင့် မူးယစ်ဆေးဝါးအဖွဲ့ တိုက်ပွဲဖြစ်၊ တဦးသေ

E-mail Print
မူးယစ် ဆေးဝါးများ သယ်ဆောင် လာသည့် အဖွဲ့တဖွဲ့နှင့် ထိုင်းစစ်တပ်တို့ ထိုင်းနိုင်ငံ ဖန်ခရိုင်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စိတ်ကြွဆေးပြား ၆၅၀၀၀၀ နှင့် မူးယစ်ဆေးဝါး သယ်ဆောင်သူ တဦးကို အသေဖမ်းဆီး မိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင် လာသည့် အဖွဲ့သည် လူအင်အား ၂၀ ခန့်ရှိပြီး မြန်မာနိုင်ငံ ဘက်ခြမ်းမှ ၀င်ရောက်လာခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (ONCB) ရုံးမှ တာဝန်ခံ ဖွန်ထေ့ အီယမ်ပရာဖိုင်က ဧရာဝတီသို့ ပြောသည်။

“အခုလက်ရှိ အခြေအနေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အတော်များများ ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေကြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ပွဲတွင် မူးယစ်ဆေးဝါး သယ်ဆောင် လာသူများထံမှ အေကေ ၄၇ အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ကိုးမမ ပစ္စတို တလက်ကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထိုင်းစစ်တပ်ဘက်မှ အထိအခိုက် အကျအဆုံး မရှိကြောင်း အဆိုပါ ONCB အဖွဲ့ တာဝန်ခံက ဆိုသည်။

ထို မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့သည် ၀ လက်နက်ကိုင် အဖွဲ့များ ဖြစ်နိုင်ကြောင်း၊ မြန်မာ နိုင်ငံတွင် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်အသွင် ပြောင်းလဲရန် ဖိအားပေး နေသည့် အတွက် လက်နက်များ ၀ယ်ယူရန် မူးယစ်ဆေးဝါးများကို ရောင်းဝယ် နေခြင်း ဖြစ်သည်ဟု ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည် မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာသည့် စိတ်ကြွဆေးပြား ၃.၆၆ သန်းကို ပြီးခဲ့သည့် လအတွင်းက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မကြာသေးမီ ကလည်း ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ ထိစပ်နေသည့် ရွှေတြိဂံဒေသတွင် အခြေစိုက်သည့် မူးယစ်ရာဇာ နော်ခမ်း ဦးဆောင်သည့် အဖွဲ့က တာချီလိတ်မြို့ အခြေစိုက် မြန်မာ မူးယစ်ဆေးဝါး နှိမ်နှင်းရေး တပ်ဖွဲ့များကို မဲခေါင်မြစ် အတွင်း ခြုံခိုတိုက်ခိုက် ခဲ့သည့် အတွက် စခန်းမှူး တဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးသွားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်