ရွှေပြည်သာတွင် အလုပ်သမားများ ဆန္ဒပြ

E-mail Print
ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် စက်မှုဇုန် (၁) ရှိ Super Garment အထည်ချုပ် စက်ရုံမှ အလုပ်သမား ၂၀ ကျော်က အလုပ် သမား ရပိုင်ခွင့်များ အတွက် ယနေ့ နံနက် ၈ နာရီခန့်က ဆန္ဒပြ တောင်းဆို ကြသည်။

ယင်း အလုပ်သမားများက လစာတိုးပေးရေး အတွက် စက်ရုံတွင်း၌ အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြကြသည်ဟု အလုပ်သမား များနှင့် နီးစပ်သူတဦးက ဆိုသည်။

“အလုပ်သမားတွေ ပုံမှန်လစာက ကျပ်ငွေ ၃ သောင်း ကျော်ပဲရှိတယ်၊ သူများစက်ရုံနည်းတူ လိုချင်လို့ ဆန္ဒပြကြတာ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ယင်း စက်ရုံတွင် အလုပ်သမား ၁၀၀ ခန့်ရှိကြောင်းနှင့် စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထား ကြောင်းလည်း သိရသည်။ 

လွန်ခဲ့သည့် လအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ဖြစ်သကဲ့သို့ လှိုင်သာယာရှိ စက်ရုံ တချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ် သမားများက လစာတိုးရေး အတွက် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့က  ဆန္ဒပြ တောင်းဆိုခဲ့ရာ အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။

ရန်ကုန်မြို့ရှိ စက်ရုံ အလုပ်သမား တဦး၏ အနိမ့်ဆုံး လစာမှာ ကျပ် ၂၀၀၀၀ ၀န်းကျင် ဖြစ်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်