အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ပူးပေါင်း စစ်ရေးလေ့ကျင့်

E-mail Print
အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ် ရေတပ်တို့သည် မြန်မာရေပိုင်နက် အနီးတွင် အင်္ဂါနေ့က စတင်၍ ၃ ရက်ကြာ စစ်ရေး လေ့ကျင့်မှု တရပ်ကို ဆောင်ရွက် နေကြောင်း သိရသည်။

ဒုတိယ ဗိုလ်မှူးကြီး Adam J Welter ဦးဆောင်သော ရေတပ်သား ၂၀၀နှင့် အရာရှိ ၂၅ ဦး ပါဝင်သော အမေရိကန် ရေတပ်ပိုင် USS Ingraham သဘောင်္သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutubdiaသို့ တနလာင်္နေ့က ဆိုက်ရောက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် The Daily Star သတင်းတရပ်တွင် ရေးသားထားသည်။

နှစ်နိုင်ငံဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန်အတွက် နားလည်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ရေပိုင်နက်အတွင်း အကြမ်းဖက်တိုက်ဖျက်မှုဆောင်ရွက်ရေး အတွက် နိုးနိုးကြားကြားရှိစေရန် ရည်ရွယ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး Adam က သတင်းထောက်များကို ပြောသည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ဘင်္ဂလားဒေ့ရှ် အနေဖြင့် အမေရိကန်နှင့် ပူးပေါင်း ဆောင်ရွက်မှုရှိသည်ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ ပူးပေါင်းဆောင်ရွက်မှုက များလာတာပေါ့နော်၊  ဘင်္ဂလားရေပြင်ပိုင်နက်နဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရကနေ တကယ်တမ်း မေတ္တာရပ်ခံတယ်ဆိုရင် အမေရိကန်နိုင်ငံကနေပြီးတော့ ကာကွယ်ပေးမယ်ဆိုပြီးတော့ ကမ်းလှမ်းထားရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရေပြင်ပိုင်နက်မှာ အမေရိကန်ကုမ္ပဏီကို ဓာတ်ငွေ့ရှာဖွေဖို့ ငှားရမ်းထားတာလည်းရှိတယ်၊ အဲသလို အမေရိကန် အကျိုးစီးပွားတွေလည်း ရှိနေတယ်”ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။

အဆိုပါ အမေရိကန် သင်္ဘောသည် စစ်ရေးလေ့ကျင်မှု ပြီးဆုံးပါက  စင်္ကာပူသို့လည်း ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာသည် မိုင်ပေါင်း ၂၀၀ခန့် နယ်နိမိတ်ခြင်း ထိစပ်နေပြီး နှစ်ချီ၍ အငြင်းပွားနေသည့် ရေပိုင်နက် ပြဿနာကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ ၀န်ကြီးများအဆင့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။

ထိုသို့ ဖြစ်ပွားနေသည့် ကြားမှပင် ၂ နိုင်ငံ နယ်စပ်တွင် မှောင်ခိုလုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များ ၀င်ရောက် တိုက်ခိုက်ခြင်းမှ တားဆီးရန်တို့အတွက် မြန်မာအစိုးရက ခြံစည်းရိုးကာရံမှုကို ၂၀၀၉ အောက်တိုဘာလ ၃ ရက်နေ့က ထပ်မံ ပြုလုပ်ခဲ့သည်။

၂၀၀၈ ခု နိုဝင်ဘာလတွင် ရေပိုင်နက် အငြင်းပွားရာ နေရာသို့ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။ ထိုစစ်သင်္ဘောများမှာ သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေးယူရန် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်။

ထို ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ရေပိုင်နက် ဆိုင်ရာ ဥပဒေအရ ကုလ သမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင်အမာ တင်ပြ ဖြေရှင်းရမည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်