ဘန်ကောက် ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ သံဃာတော်များ ဆန္ဒပြုမေတ္တာပို့

E-mail Print
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့၌ ဘင်္ဂလားဒေ့ရှ် စာသင်သား သံဃာ ၅၀ ခန့်က ဆန္ဒပြု မေတ္တာပို့ပွဲ တရပ်ကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ မြန်မာ သံဃာ ၁၀ ပါးကျော်လည်း ပါဝင် ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များ တိုက်ခိုက် ခံနေရခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်များက တရားမျှတစွာ ထိန်းသိမ်းပေးရန် မေတ္တာပို့ ဆန္ဒပြုပွဲ ပြုလုပ်ကြခြင်း ဖြစ်သည်ဟု ဆန္ဒပြုပွဲတွင် ပါဝင်သည့် မြန်မာ သံဃာတော် ဦးကုဝေရက ဧရာဝတီသို့ ပြောသည်။

“ဦးပဉ္ဇင်းတို့ မြန်မာရဟန်းတွေ အနေနဲ့ကတော့ မြတ်ဗုဒ္ဓ ဘုရားရှင် ဟောတော် မူခဲ့တဲ့ သြ၀ါဒ ပါတိမောက်၊ ဗြဟ္မဇာလသုတ်လာ ဒေသနာတော် တို့ကို အလေးထားလို့ လူသားချင်း စာနာထောက် ထားရေးကို ရှေ့ရှုပြီးတော့ ပူးပေါင်းပါဝင် ပေးကြတာပါ၊ ဘာသာ ရေးသက်သက် ပါပဲ၊ ဘယ်ဘာသာ ၀င်ပဲ ဖြစ်ဖြစ် တိုက်ခိုက်တယ် ဆိုတာ လူ့လောက ငြိမ်းချမ်းရေးကို ပျက်စီးစေတာပါပဲ၊ မူမတူတာ နဲ့ လူလူချင်း နှိပ်စက်တာတော့ မသင့်တော်ပါဘူး၊ တတ်နိုင်သမျှ မေတ္တာထားလို့ ကမ္ဘာလောကကြီးထဲမှာ နေသွားလို့ရှိရင် လောက ကြီး တခုလုံး အပူဆိုတာ ကင်းစင်သွားမှာပါပဲ”ဟု ဦးကုဝေရ က မိန့်ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Rangrmar hill Tracts ၊ Villaegr ၊ Baghichari နှင့် Khrgra Chari Hill Tracts မြို့များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၀ ပိုင်းက စတင်ပြီး ဗုဒ္ဓဘာသာဝင်များ အတိုက်အခိုက်ခံနေကြရသည်ဟု ဘန်ကောက်ရှိ ဘင်္ဂလားဒေ့ရှ် သံဃာ တော်များက ဆိုသည်။

“ဦးပဉ္ဇင်းတို့ နိုင်ငံက မြို့တချို့မှာ လူနည်းစုဖြစ်တဲ့ ဗုဒ္ဓသာသာဝင်တွေဟာ အစ္စလမ်ဘာသာဝင်တချို့ရဲ့ တိုက်ခိုက်မှုကို ခံနေကြရ တယ်၊ အခုဆိုရင် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦတွေဖျက်ဆီးခံထားရပြီး တိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓဘာသာ သံဃာတပါးနဲ့ လူ(၉)ဦး သေကြေပျက်စီးရတယ်လို့ သတင်းရထားတယ်၊ ဦးပဉ္ဇင်းတို့က ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ပြန်မတိုက်ခိုက်ပါဘူး၊ ဒီ အခြေအနေဆိုးတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ တရားမျှတစွာထိန်းသိမ်းပေးဖို့ကိုပဲ မေတ္တာပို့ တောင်းဆိုကြရတာပါ” ဟု ဘင်္ဂလားဒေ့ရှ် စာသင်သား သံဃာတော် Ven. Visuddhananda Thera က မိန့်ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Khargrachhari မြို့တွင် ဒေသခံနှင့် ရွှေ့ပြောင်းနေထိုင်သူများအကြား ပဋိပက္ခဖြစ်ပွားသည့်အတွက် အာဏာ ပိုင်များက လူ(၇၀) ထက်မနည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်းThe Daily Star သတင်းစာတွင် ဖေဖော်ဝါရီ (၂၆) ရက်နေ့က ဖော်ပြ ထားသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ပဋိပက္ခသတင်းများသည် ပြည်ပရှိ ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာရဟန်းများကို စိတ်မချမ်းမမြေ့ဖြစ်စေ သဖြင့် ဆန္ဒပြု မေတ္တာပို့သရခြင်းဖြစ်ပြီး သံဃာတော်များက လက်မှတ်များရေးထိုး၍ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးထံပေးအပ်နိုင်ခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်ရဟန်းတော်များ က မိန့်သည်။

ဘင်္ဂလားဒေ့ရှ်ရဟန်းတော် Ven Visuddhananda Thera က “ဘန်ကောက်မှာ မေတ္တာပို့ပွဲ ကျင်းပသလို ၊ အမေရိကန် ၊ သြစတြေး လျ ၊ တောင်ကိုရီးယား ၊ ဂျပန် ၊ သီရိလင်္ကာ တို့မှာလည်း ပြုလုပ်သွားကြမှာပါ၊ ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး အခြားနိုင်ငံတွေက ဗုဒ္ဓ ဘာသာရဟန်းတွေ ၊ ဗုဒ္ဓဘာသာဝင်တွေကလည်း အလေးဂရုပြုနေကြတာမို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေအနေနဲ့ အလေးအနက် ထား ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်”ဟုလည်း မိန့်သည်။

ယင်း မေတ္တာပို့ပွဲတွင် ဘင်္ဂလားဒေ့ရှ်စာသင်သား သံဃာတော်များနှင့်မြန်မာ သံဃာတော်များအပြင် ထိုင်း ၊ ကမ္ဘော ဒီးယား ၊ လာအို သံဃာတော်များလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်