စစ်ကိုင်းတိုင်းတွင် ကြက်တုပ်ကွေးဖြစ်၊ ကြက်သောင်းချီဖျက်ဆီး

E-mail Print
စစ်ကိုင်းတိုင်းတွင် ကြက်ငှက် တုပ်ကွေး ရောဂါဖြစ်ပွားသောကြောင့် ကြက်ကောင်ရေ သောင်းချီ ဖျက်ဆီးခဲ့ရပြီး ယင်းဒေသတွင် ကြက်၊ ဘဲရောင်းချမှုများကို အရေးပေါ် ပိတ်ပင်လိုက်ရကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သရက်ကန်ကျေးရွာရှိ ကြက်ကောင်ရေ ၂၉၀၀ မွေးမြူထားသော ဥစားကြက်ခြံတွင် ကြက်ကောင်ရေ ၃၀၅ ကောင် သေဆုံးခဲ့သည်ကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ထို့နောက် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားရာ ကြက်မွေးမြူရေးခြံ၏ ၁ ကီလိုမီတာ ပတ်ဝန်းကျင်အတွင်းရှိ ကြက်ခြံများမှ ကြက်ကောင်ရေ ၁ သောင်းခွဲနီးပါး ဖျက်ဆီးလိုက်ရကြောင်း စစ်ကိုင်းတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အရာရှိ တဦးက ပြောသည်။

chicken_marketဖေဖော်ဝါရီ လလယ်ခန့်က စတင်၍ ကြက်များ သေဆုံးခြင်း ဖြစ်သော်လည်း မွေးမြူရေးနှင့် ကုသရေး (မွေး/ကု) ဦးစီးဌာနက မတ်လ ၁ ရက်နေ့တွင်မှ တရားဝင်ကြေညာသည် ဟု ယင်းမာပင်မြို့နယ်မှ ကြက်မွေးမြူရေး လုပ်ငန်းရှင်တဦးက ပြောကြားသည်။

ကြက်ငှက်တုပ်ကွေးကြောင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ကြက်ခြံများမှ ကြက်ကောင်ရေ ၁၃၄၅၀ ကို ဖျက်ဆီး လိုက်ရသည့် အတွက် ကြက်မွေးမြူရေးလုပ်ငန်းရှင် ၃၀ ခန့်မှာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။

“ရန်ကုန်မှာ ကြက်ငှက် တုပ်ကွေးကြောင့် ဖျက်ဆီးရတဲ့ ကြက်ကောင်ရေ ထက်စာရင် အဆပေါင်းများစွာ များတယ်လို့ ပြောနိုင်ပါတယ်” ဟု စစ်ကိုင်းတိုင်း မွေး/ ကု ဦးစီးဌာန အရာရှိက ပြောသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်ပိုင် ကြက်ခြံတွင် ကြက်ငှက်တုပ် ကွေးရောဂါဖြစ်ပွားစဉ်က ကြက်ကောင်ရေ ၂၅၀၀၊ မင်္ဂလာဒုံမြို့နယ်တွင် ရောဂါဖြစ်ပွားစဉ်က ကြက်ကောင်ရေ ၁၇၁ ကောင်သာ ဖျက်ဆီးခဲ့သည်။

စစ်ကိုင်းတိုင်းတွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် အဆိုပါ တိုင်းအတွင်းရှိ ဈေးများတွင် ကြက်ဘဲရောင်းချမှုများကို အရေးပေါ် ပိတ်ပင်လိုက်ရသည်ဟု သိရသည်။

“ကြက်ဘဲတွေ မရောင်းဖို့ ဈေးသူ၊ ဈေးသားတွေကို အာဏာပိုင်တွေက အစည်းအဝေးခေါ် ညွှန်ကြားထားတယ်” ဟု ယင်းမာပင်မြို့နယ်မှ ကြက်ဘဲ ဒိုင်တဦးက ပြောသည်။

၂၀၀၆ ခုနစ် မတ်လ ၈ ရက်မှ ဧပြီလ ၇ ရက်အထိ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ပြီး အဆိုပါ ရောဂါဖြစ်ပွားမှုသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နန္ဒာကန် တ၀ိုက်တွင် စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုင်းအတွင်းရှိ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦးနှင့် မန္တလေးတိုင်းတွင် အောင်မြေသာစံ၊ ချမ်းမြသာစည်၊ အမရပူရ၊ ချမ်းအေးသာဇံ၊ ကျောက်ဆည်၊ စဥ့်ကိုင်၊ ပြည်ကြီးတံခွန်နှင့် မဟာအောင်မြေ စုစုပေါင်း မြို့နယ် ၁၃ မြို့နယ်သို့ ရောဂါကူးစက် ပျံ့နှံ့ခဲ့သည်။ ထိုအချိန်က ကြက်ငှက် တုပ်ကွေးရောဂါကြောင့် ကြက်ခြံ ၄၀၈ ခြံမှ ကြက်ကောင်ရေ ၃. ၂ သိန်း၊ ငုံးခြံ ၁၃၇ ခြံမှ ငုံးကောင်ရေ ၃. ၃ သိန်း စုစုပေါင်း ကြက်နှင့် ငုံးကောင်ရေ ၆. ၅ သိန်း ဖျက်ဆီးခဲ့ရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းအထိ ကြက်ငှက်တုပ်ကွေးရောဂါ လေးကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ် အတွင်းက ရှမ်းပြည်နယ်တွင် အမျိုးသမီးငယ်တဦး ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရကာ သေဆုံးမှုမရှိခဲ့ပေ။

ကမ္ဘာပေါ်တွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့အထိ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားသော နိုင်ငံပေါင်း ၆၂ နိုင်ငံရှိသည့်အနက် နိုင်ငံ ၁၅ နိုင်ငံတွင် လူသို့ ၄၈၆ ဦးထံ ကူးစက်ခဲ့ပြီး ၂၈၇ ဦးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်