ဗုံးထောင်စဉ်သေဆုံးသူအား သင်္ကန်းဝတ်ဟု အစိုးရသတင်းစာက စွပ်စွဲ

E-mail Print
လွန်ခဲ့သည့် တနင်္ဂနွေနေ့ ညနေပိုင်းက ရွှေပြည်သာမြို့နယ်တွင် ဗုံးထောင်ရန်တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားရာက ဗုံးတပ်ဆင်နေသူကိုယ်တိုင် ပွဲချင်းပြီးသေဆုံးကာ အဆိုပါသေဆုံးသူသည် ရဟန်းဝတ်၊ လူဝတ်တို့ဖြင့် သွားလာလှုပ်ရှား နေသူဖြစ်သည်ဟု ယနေ့ထုတ် စစ်အစိုးရသတင်းစာက စွပ်စွဲထားသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာတွင် “စိစစ်ဖော်ထုတ်ချက်များအရ သက်ဦးဝင်း (ခ) ကတုံးသည် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံတန်းတွင် ကျပန်းလုပ်ကိုင်နေသူတဦးဖြစ်ကြောင်း၊ ရဟန်းဝတ်၊ လူဝတ်ဖြင့် မကြာခဏ ပုံစံပြောင်းလဲ နေထိုင်သွားလာတတ်ပြီး အရက်သေစာ ကြိုက်နှစ်သက်သူတဦးဖြစ်ကြောင်း၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် တဖက်နိုင်ငံနယ်စပ်သို့ တရားမ၀င်သွားရောက်ခဲ့ပြီး …”  ဟု ဖော်ပြထားသည်။

ပေါက်ကွဲမှုအပြီး ရိုက်ယူထားသော သေဆုံးသူ၏အလောင်းနှင့် အခင်းဖြစ်ပွားသည့်နေရာတွင် သိမ်းဆည်းတွေ့ရှိသည့် သက်သေခံပစ္စည်းများကိုလည်း သတင်းစာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါသေဆုံးသူသည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြစတီမြို့မှ ရန်ကုန်ရှိနေအိမ်သို့ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ပြန်လည်ရောက်ရှိလာသည်ဟု သတင်းစာကဆိုသော်လည်း မည်သည့်အဖွဲ့အစည်းနှင့် ချိတ်ဆက်သွားလာ သည်ကိုမူ ဖော်ပြခြင်းမရှိပေ။

အဆိုပါဗုံးပေါက်ကွဲမှုမတိုင်မီ ယခုလ ၁၈ ရက်နေ့ န့နက် ၇ နာရီကျော်တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ တပ်မတော် မှတ်တမ်းရုံးအနီးတွင်လည်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစုံတရာ မရှိခဲ့ပေ။

စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမအရှေ့ မဟာဗန္ဓုလပန်းခြံတွင် ပေါက်ကွဲသည့်ဗုံးသည်  ယခုလ ၁၉ ရက်နေ့ ပေါက်ကွဲမှုအပြီး သိမ်းဆည်းရမိသည့်ပစ္စည်းများနှင့် အမျိုးအစားတူနေပြီး သေဆုံးသူ သက်ဦးဝင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟုလည်း သတင်းစာက စွပ်စွဲထားသည်။

ယခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးအား အဓိကတရားခံဖြစ်ကြောင်း စစ်အစိုးရက စွပ်စွဲထားသည်။

ယခုနှစ် ဇူလိုင်လမှစ၍ မြန်မာနိုင်ငံတွင် ဗုံးပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်