ကရင်တိုင်းရင်းသား ဒုက္ခသည်များ ထိုင်းနယ်စပ်သို့ ထပ်မံထွက်ပြေးလာ

E-mail Print
ကရင်ပြည်နယ် အတွင်း DKBA တပ်မဟာ ၉၉၉ ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်တိုင်းရင်းသား ၇၀ ကျော်သည် ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးလာကြရ ကြောင်း ကရင်ဒုက္ခသည် ကူညီစောင့်ရှောက် ရေး အဖွဲ့တဖွဲ့ ကပြောသည်။

ယခုလအတွင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်မဟာ ၉၉၉ ၏ အဓမ္မ လုပ်အားပေးခိုင်း စေမှုများ၊ နေအိမ်များကိုမီးရှို့ခြင်းနှင့် နယ်မြေရွှေ့ပြောင်းခိုင်းခြင်းများကြောင့် ၎င်းဒုက္ခသည် များသည် မြဝတီနှင့်လှိုင်းဘွဲ့ မြို့နယ်ကြား ပိုင်ကြုံမြို့နယ်ရှိ လပေါ်ဟဲ ရွာတွင် စုပေါင်းနေထိုင်နေရကြောင်း ကို ကရင်ဒုက္ခသည်များကူညီ စောင့်ရှောက် ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KORD)ကပြောသည်။

KORD အဖွဲ့ပြောရေးဆိုခွင့်ရှိသူ လူဘာမှူးက “ဘားအံခရိုင် ပိုင်ကြုံမြို့နယ်မှာရှိတဲ့ ကလောလူရွာက ၁၆ ရက် နေ့မှာတကြိမ် ၁၉ ရက်နေ့မှာ ထီးပယ်ထီး၊ ထီးပယ်ဝါ ကျေးရွာ သုံးရွာ ဘက်ကတကြိမ် စုစုပေါင်း အိမ်ခြေ ၁၄ အိမ်၊ မိသားစု ၁၄ စုနဲ့ လူဦးရေ ၇၉ ဦးက ဒီနယ်ကြားဘက်ကို ထွက်ပြေးလာခဲ့ကြတယ်”ဟု ပြောသည်။

KORD အဖွဲ့၏ ပြောဆိုချက်အရ ၂၀၀၈ခုနှစ် DKBA တပ်မဟာ ၉၉၉ ၏ စီးပွားရေးစီးမံကိန်းများ ဖြစ်သည့် ရာဘာစိုက်ပျိုး ရေးစီမံကိန်း ရာထားချက် မြေဧကပေါင်း ၁၆၀၀ ဧကနှင့် စိုက်ခင်းပေါင်း ၁၇ ခင်း ကို အကောင်အထည်ဖော်ရာတွင် အဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်ကြောင်း သိရသည်။

KORDအဖွဲ့မှ ဘားအံကိုယ်စားလှယ်တဦးက “ရွာသားတွေ ပိုင်တဲ့ လယ်မြေ၊ စားကျက်မြေတွေကို အတင်း အဓမ္မသိမ်းပိုက် တယ်၊ အဓိကကတော့ ဖားအီးတောင်အောက်ခြေမှာရှိတဲ့ ရွာ ၉ ရွာက ရွာသားတွေကို ရာဘာ စိုက်ခင်းတွေမှာအလုပ် လုပ်ခိုင်းတယ်။ လုပ်အားမပေးရင် ဒဏ်ရိုက်တယ်၊ နှိပ်စက်တယ်”ဟု ပြောသည်။

ယခုနှစ်၎လပိုင်းမှ၁၀လပိုင်းအတွင်း DKBA၏ဒေသခံများမှအတင်းအဓမ္မဒဏ်ရိုက်ငွေကျပ်သန်းပေါင်း ၉သန်း ကျော်ရှိပြီဖြစ် ကြောင်းလည်း KORD ၏ စာရင်းကောက်ယူချက်အရသိရကြောင်းလည်း ၎င်းကိုယ်စားလှယ်က ပြောသည်။

“ဒီနှစ်ဦးပိုင်းကတည်းကနေ၊ တအိမ်တယောက်မသွားမနေရ၊ သွားပြီဆိုရင်လည်းလုပ်အားခကြေး ငွေမပေးဘူး၊ လုပ်ငန်း ခွင်မှာလိုအပ်တဲ့ လုပ်ငန်းသုံး ပစ္စည်းတွေလည်း ကိုယ့်အိမ်ကနေကိုယ်ယူသွားရတယ်”ဟု ၎င်းက ဆက်ပြောသည်။

ယခုအောက်တိုဘာလအတွင်း၌ ရွာအပြင်ဘက်ရှိ လယ်ယာစိုက်ခင်းများတွင် DKBA တပ်များက မြေမြုပ်ဗုံးများ အသုံးပြု ထားသဖြင့် ၎င်းမြေမြုပ်ဗုံးကြောင့်ရွာသားနှစ်ဦးသေဆုံးကာ နှစ်ဦးမှာခြေထောက်ဖြတ် လိုက်ရ ကြောင်း လည်းသိရသည်။

အောက်တိုဘာ၇ရက်နေ့တွင်လည်း DKBa တပ်မဟာ ၉၉၉ က ကလောလူရွာရှိ ဒေသခံများကို ဖားကြီး တောင်ခြေဘက်သို့ ရွှေ့ပြောင်းခိုင်းသောကြောင့်  ဒေသခံများကပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ခိုင်ခံ့သည့် အိမ်ပေါင်း ၇ လုံး မီးရှို့ဖျက်ဆီးခြင်း ခံရကြောင်းလည်းသိရသည်။

၎င်းဒုက္ခသည်များကို ယခုအချိန်အထိ စားရေရိက္ခာ စီစဉ်မပေးနိုင်သေးကြောင်း၊ လက်ရှိ ၎င်းဒုက္ခသည်များ ရောက်ရှိရာ ဒေသခံများကလည်း ယာယီအခြေအနေသာ စောင့်ရှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ပိုမိုဆိုးရွားသည့် အကြပ်အတည်းနှင့် ရင်ဆိုင်ရပါက  ထိုင်းနိုင်ငံဘက်ကို ကူးပြောင်းလာနိုင်ကြောင်းလည်း လူဘာမှူးက ပြောသည်။

ယခုနှစ်အတွင်း ကရင်ပြည်နယ်ရှိ ၎င်းကျေးရွာများမှ ကရင်တိုင်းရင်းသားများထွက်ပြေးတိမ်းရှောင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ်အစောပိုင်း ဇန်နဝါရီလအတွင်းကလည်း မြန်မာစစ်အစိုးရစစ်တပ်မှ အဓမ္မနေရာရွှေ့ပြောင်းခိုင်းမှု ကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ကရင်တိုင်းရင်းသား ၂၅၀ ကျော် ထွက်ပြေးလာခဲ့ရကြောင်းလည်း KORD ကဆိုသည်။

၂၀၀၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ် Free Burma Rangers (FBR) အဖွဲ့၏ အစီရင်ခံစာအရ ၂၀၀၆ခုနှစ် နှင့်၂၀၀၇ခုနှစ် အစောပိုင်းအတွင်း အဓမ္မရွှေ့ပြောင်းခံရသည့် ရွာသားပေါင်း ၃သောင်းကျော်ရှိပြီး ၆ ထောင် ကျော် မှာ ထိုင်း-မြန်မာနယ်စပ် သို့ ထွက်ပြေးရောက်ရှိခဲ့ကြောင်းနှင့် ရှောင်တိမ်းပုန်အောင်းနေသည့် မရေ မတွက် နိုင်သော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များစွာလည်း ကျန်ရှိသေးကြောင်းကို သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်