ဆန်ရောင်းဝယ်လိုပါက စာရင်းအတိအကျ တင်ပြရမည်

E-mail Print
ဆန်လုပ်ငန်းရှင်များ အနေဖြင့် ဆန်ရောင်း ၀ယ်မှုတွင် ဒေသဆိုင်ရာ အာဏာပိုင်များသို့ စာရင်း ဇယားဖြင့် တင်ပြပြီးမှ ရောင်းဝယ် ရမည်ဟု ယမန်နေ့က ပြုလုပ်သည့်  မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

နိုင်ငံတ၀န်း စိုက်ပျိုးမှု၊ ဆန်ထွက် ရှိမှုနှင့် ရောင်းဝယ် မှုတွင် စာရင်း ဇယား အတိအကျ သိရှိရန် လိုအပ်ကြောင်း၊ တနှစ်လျှင် နိုင်ငံခြားသို့ ဆန်တန်ချိန် မည်မျှ တင်ပို့ရမည်ကို ခန့်မှန်းနိုင်ရန် နိုင်ငံတော် အကြီး အကဲများက တင်ပြခိုင်းခြင်း ဖြစ်ကြောင်း ဦးချစ်ခိုင်က ပြောသည်ဟု အစည်း အဝေး တက်ရောက် ခဲ့သည့် ဘုရင့်နောင် ပွဲရုံတန်းမှ ဆန်ကုန်သည် တဦးက ပြောသည်။

“ပြည်တွင်းပိုလျှံမှ ပြည်ပကိုပို့ရမယ်၊ ဒါမှပြည်တွင်းဈေးနှုန်းငြိမ်မယ်၊ ဆန်စပါးအထွက်နှုန်းကို ခန့်မှန်းနိုင်အောင် ကားနဲ့သယ်တာက အစ စာရင်းပေးရမယ်၊ စာရင်းအတိအကျမရှိတော့ ဘာမှလုပ်မရဘူးလို့ ပြောတယ်”ဟု ၎င်းကဆိုသည်။

ကုန်သည်များက ဆန်စပါး ၀ယ်ယူလျှင် တိုင်းနှင့် ပြည်နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌထံသို့ ဆန်အမျိုးအစား ၊ ၀ယ်ယူသည့် ပွဲရုံ၊ ပို့မည့် နေရာ၊ သယ်ယူမည့် ယာဉ် နံပါတ်၊ ပြန်လည်ရောင်းချမည့် ဒေသကိုပါ လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ စာရေးသား တင်ပြ ရမည်ဖြစ်ကြောင်း အဆိုပါ ဆန်ကုန်သည်က ပြောသည်။

ပြည်တွင်းဆန်ရှားပါးမှု ဖြစ်ပွားမည်ကို စိုးရိမ်၍ နိုင်ငံခြား ဆန်တင်ပို့မှုကို ယခုနှစ်ဆန်းပိုင်းက ခေတ္တရပ်ဆိုင်းထားခဲ့သည်။၎င်းနောက် မတ်လဆန်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး တလလျှင် မက်ထရစ် တန်ချိန် ငါးသောင်းသာ ခွင့်ပြုသည်ဟု သိရသည်။

ဆန်စက် လုပ်ငန်းရှင်တဦးက“ပြည်တွင်းမှာ တကယ်ထွက်သလားဆိုတာကို သိချင်လို့ ကုန်သွယ်လယ်ယာက ကောက်ခိုင်းတာ၊ ဒါပေမယ့် တိုင်းတာလေ့လာရေး အဖွဲ့ ဖွဲ့ပြီးကောက်တာ ပိုကောင်းတယ်”ဟု ဆိုသည်။

ဘုရင့်နောင် ပွဲရုံတန်းမှ ဆန်ကုန်သည်ကမူ“စာရင်းအင်းလိုချင်လို့ အချက်အလက်ပေးရတာလွယ်ပါတယ်၊ နောက်ပိုင်းမှာ ခွင့်ပြု ချက်မပေးသေးလို့ အချိန်ဆွဲထားရင် ကုန်စည်ဖြန့်ဖြူးဖို့ ကြန့်ကြာမှာကို စိုးရိမ်တယ်”ဟု ပြောသည်။

ဆန်စပါး စိုက်ပျိုးသူမှ ဆန်တင်ပို့ရောင်းချသူအထိ ရောင်းဝယ်မှု ကွင်းဆက်( Marketing Chain)တွင် စိုက်ပျိုးသူ၊ စပါးဝယ်သူ (Paddy trader)၊ ဆန်စက်လုပ်ငန်းရှင် (Rice miller)၊ ပြည်ပသို့ ဆန်တင်ပို့မည်သူများအတွက် ဆန်ဝယ်ယူပေးခြင်း(Rice supplier)နှင့် ပြည်ပသို့ ဆန်တင်ပို့ရောင်းချသူ (Rice Expoter) များအထိ စာရင်းကောက်ယူရမည်ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာနက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ဆန်ထွက်ရှိမှုနှင့် တင်ပို့မှု စာရင်းအချက်အလက်များကို ယခင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဋ္ဌာနက ကောက်ယူ ကြောင်း၊ နောက်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှလည်း ကောက်ယူကြောင်း၊ ပုဂ္ဂလိကဆန်ရောင်းဝယ် ရေး အချက်အလက်များကိုပါ သိလိုသည့်အတွက် ကောက်ယူခိုင်းခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်းအခြေစိုက်စီးပွားရေး ပညာရှင် တဦးက သုံးသပ်သည်။

ယခုလအတွင်း ပြည်တွင်း ဆန်ဈေးနှုန်းမှာ နေပြည်တော်တွင် ပေါ်ဆန်းမွှေး တတင်းခွဲဝင် တအိတ်လျှင် ၂၇၅၀၀ ကျပ်၊ ဧည့်မထ ဆန် ကြမ်းမှာ ၁၈၅၀၀ ကျပ်၊ ရန်ကုန်မြို့တွင် ပေါ်ဆန်းမွှေးမှာ ၂၁၅၀၀ ကျပ်၊ ဧည့်မထ ဆန်မှာ ၁၃၆၀၀ ကျပ်ဈေးရှိသည်ဟု သိရ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်