ရန်ကုန် - မန္တလေး လမ်းကြေး ပိုကောက်လျှင် တရားစွဲမည်

E-mail Print
ရန်ကုန် - မန္တလေး ပုံမှန် အဝေးပြေး လမ်းမကြီးများ ပေါ်တွင် မောင်းနှင်နေသည့် ကုန်တင် ကားများအား တန် ၆၀ ထက် ပိုပါက ဒဏ်ကြေး ကောက်ပြီး ဖြတ်သန်းခွင့် ပေးသည့် တိုးဂိတ်များကို တရားစွဲမည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက် ကြောင်း သိရသည်။

တန်ပိုနှင့် ၀န်ပို တင်ဆောင် လာသည့် ကားများအား ဒဏ်ကြေး ပေးဆောင် မောင်းနှင်ခွင့် ပြုသည့် တိုးဂိတ်များကို အရေးယူ သွားမည် ဖြစ်သည်။ 

“တိုးဂိတ်တွေ အနေနဲ့ ဒဏ်ကြေးတွေ ပိုကောက်ပြီး ဖြတ်သန်း သွားလာ ခွင့်တွေ ပေးလိုက်တဲ့ တန်ပို တွေကြောင့် လမ်းပျက်စီး တာတွေ ဖြစ်လာတယ်။ ဒီအတွက် ကြောင့်လည်း တာဝန် ရှိသူတွေက ဒီစည်းကမ်းကို ထုတ်ပြန် လိုက်တာ”ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ လမ်း၊ တံတား အင်ဂျင်နီယာ တဦးက ပြောသည်။

ထုတ်ပြန်ပြဋ္ဌာန်းထားသည့် လမ်းမကြီးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များအတိုင်း အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သော် လည်း ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို တိတိကျကျထုတ်ပြန်ခြင်းမရှိကြောင်း သူက ဆိုသည်။

“တိုးဂိတ်တွေက အစိုးရမှာ သိန်းပေါင်းထောင်ချီပြီးလေလံဆွဲပြီးမှ ရထားတာလေ။ ဒီအတွက် သတ်မှတ်ထားတဲ့ နှစ်အတွင်းမှာ ကိုယ်ကုန်ထားတဲ့ ငွေကို ပြန်ရအောင်ရှာကြတာပဲ ”ဟု မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တိုးဂိတ်တခုမှ တာဝန်ရှိသူ တဦးကပြောသည်။

တည်ဆောက်လုပ်ကိုင်လွှဲပြောင်း စနစ်(BOT)ဖြင့် လုပ်ကိုင်ခွင့် များပေးပြီးနောက်ပိုင်းတွင် လမ်းတံတားကြေး များကောက်ခံမှု မှာ  ယခင်ကထက် မြင့်တက်သွားခဲ့ကြကြောင်း ကုန်သည်များထံမှ သတင်းရရှိသည်။

“တာဝန်ရှိသူတွေအနေနဲ့ လမ်းပျက်စီးမှာဆိုးလို့ ဆိုတဲ့ အချက်တွေနဲ့ ဒဏ်ကြေးပေးပြီး ဖြတ်ခိုင်းရင် ကိုယ်သက်ဆိုင်တဲ့ လမ်း ပိုင်းအလိုက် တာဝန်ယူထားတဲ့ ကုမ္ပဏီတွေကို အရေးယူမယ်ဆိုပြီး စာပို့လာတယ်”ဟု လမ်းတံတားကြေးကောက်ခံခွင့် ရရှိ ထားသည့် ကုမ္ပဏီတခု၏ စာရင်းဌာနမှ တာဝန်ရှိသူတဦး ကပြောသည်။

ရန်ကုန်-မန္တလေး ပုံမှန်လမ်းသည် လမ်းပိုင်း ၉ ပိုင်းရှိပြီး ၇ ပိုင်းကို အာဏာပိုင်များနှင့်နီးစပ်သည့် မက်စ်မြန်မာ၊ ရွှေသံလွင်၊ ယုဇန၊ သော် တာဝင်း၊ အိုလံပစ်၊ အေးရှားဝေါလ်နှင့် ကမ္ဘောဇ စသည့် ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၇ ခုမှလုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ဝန်ပို၊ တန်ပို သယ်ဆောင်မှုအလိုက် တိုးဂိတ်များတခုနှင့်တခု ဒဏ်ကြေး ကောက်ယူသည့် နှုန်း ကွာခြားမှုရှိကြောင်း သိရ သည်။

“ကုန်သည်တွေ အတွက်ရော ၊ တိုးဂိတ်တွေ အတွက်ပါ စဉ်းစားပြီး အာဏာပိုင်တွေက သတ်မှတ်လမ်းကောက်ခံမှုနှုန်းတရား ၀င်ထုတ်ထားသလို ၊ ထုတ်ထားတဲ့ အတိုင်းလည်းလိုက်နာအောင်လုပ်ပေးသင့်တယ်။ ဒါမှလည်း တိုးဂိတ်က တိုးကောက်လို့ ကုန်သည်က ဈေးတက်တာ၊ ကုန်သည်ဈေးတက်လို့ ပြည်သူတွေ ဈေးမြင့်မြင့်နဲ့ ၀ယ်ယူသုံးစွဲရတာ စီးပွားရေးဈေးကွက်မှာ ဒီလိုတွေ စပ်ဆက်မှုရှိနေတော့ အားလုံးကို မျှတအောင် စနစ်ကျအောင် အကောင်အထည်ဖော်ပေးသင့်တယ်”ဟု စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦးက သုံးသပ်သည်။

ယင်းသို့ စည်းကမ်းချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်သည့် ကာလတွင် သက်ဆိုင်ရာတာဝန်ရှိသူများပါ တိုးဂိတ် များတွင် ပူးပေါင်းဆောင်ရွက်ကာ စိစစ်မှုများပြုလုပ်ရန်လိုအပ်ကြောင်းသူက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ လမ်းတံတားအများစုကို ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် လုပ်ကိုင်ခွင့်  နှစ် ၃၀ ခန့် ရရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်