ဘူးသီးတောင် - မောင်းတောလမ်း တောင်ပြို၊ သွားလာမှုရပ်ဆိုင်း

E-mail Print
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ညပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင် - မောင်းတောသွား ကားလမ်းတွင် တောင်ပြိုမှု ဖြစ်ပွားရာ ကူးသန်း သွားလာမှုများ ရပ်ဆိုင်းခဲ့ကြောင်း ဒေသခံ များက ပြောသည်။

“မနေ့ညက စပြိုတာ လိုဏ်ခေါင်းကြီးပေါ်မှာ ထပ်ဖောက်ထားတဲ့ လမ်းသစ်က မြေသားမသေတော့ အဲဒီက မြေတွေက လိုဏ်ခေါင်း ပေါက်ကို ပိတ်ကုန်တယ် ၊ မနက်ခင်းက ကားတွေ တစီးမှ မထွက်နိုင်ဘူး"ဟု ဘူးသီးတောင် မြို့ခံတဦးက ပြောသည်။

ဘူးသီးတောင်မြို့နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်းတောမြို့သည် ၁၆ မိုင် ကွာဝေးပြီး မြို့ ၂ မြို့အကြား လမ်းအလယ်တွင် တောင် ကို ဖောက်ထားသော အရှည် ၁ ဖာလုံခန့်ရှိ ဥမင်လိုဏ်ခေါင်းကြီးရှိရာ ယာဉ်များသည် အဆိုပါ ဥမင်လိုဏ်ကို ဖြတ်သန်းသွားကြရ ကြောင်း သိရသည်။

“အဲဒီ လိုဏ်ခေါင်းကြီးက နှစ်ပေါင်း ၁၀၀ လောက်ရှိနေပြီဆိုတော့ စိတ်မချရဘူးဆိုပြီး ဒီနှစ် မတ်လ လောက်က စပြီး အပေါ်ကနေ လမ်းသစ် တလမ်း ထပ်ဖောက်တယ်၊ မြေသားမသေတော့ မိုးများချိန်မှာ အဲဒီအပေါ်လမ်းက မြေတွေက လိုဏ်ဝကို ပိတ်နေတာ"ဟု ဘူးသီးတောင်မြို့ခံက ဆက်လက်ပြောဆိုသည်။

ဘူးသီးတောင်နှင့် မောင်းတောမြို့သို့  တရက်လျှင်လိုင်းကားအစီး ၃၀ ခန့် ကူးသန်း သွားလာလေ့ရှိပြီး တောင်ပြိုမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် လိုင်းကား ၈ စီးခန့် လမ်းပိတ်မိနေခဲ့ကြောင်း သိရသည်။

“ကျနော့်ကားတော့ ၀င်လာပါပြီ ၊ နေ့လယ် ၁ နာရီလောက်မှ လမ်းပြန်ဖွင့်နိုင်ပါတယ် ၊ မိုးများရင်တော့ နောက်ရက်တွေလည်း ထပ် ပြိုဦးမယ့် သဘောရှိတယ် ၊ သူတို့ အသစ်ဖောက်တဲ့လမ်းက မြေသားမသေဘူးလေ ၊ အန္တရာယ်များလည်း လိုဏ်ခေါင်းကြီးထဲကပဲ ကူးသန်း သွားလာနေကြရတာပါပဲ"ဟု မောင်းတောမြို့သို့ ရောက်ရှိလာသော လိုင်းကားဒရိုင်ဘာ တဦးက ပြောသည်။

အဆိုပါကားလမ်းသည် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသော လမ်းကြောင်းဖြစ်သဖြင့် တောင်ပြိုမှု ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်