နိုင်ငံတကာဂီတ ပညာရှင်များနှင့် မြန်မာ ဂီတပညာရှင်များ ပူးပေါင်း တင်ဆက်

E-mail Print
နိုင်ငံတကာ ဂီတ ပညာရှင်များနှင့် မြန်မာဂီတ ပညာရှင်များ ပူးပေါင်း တင်ဆက်သည့် ဂီတဖျော်ဖြေပွဲ တရပ်ကို ရန်ကုန် ပြည်လမ်းမ ပေါ်ရှိ Alliance Frqncaise (ပြင်သစ် ယဉ်ကျေးမှု ဌာန) တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော ထိုအစီ အစဉ်တွင် မြန်မာနိုငငံမှ Reggae အဖွဲ့ဖြစ်သည့် One Love အဖွဲ့နှင့်အတူ ဒီဂျေ သားကြီးက ဖျော်ဖြေ တီးခတ်ခဲ့ပြီး ပြင်သစ် ဂီတပညာရှင် CELINE CAUSSIMON - Chanson française, LES SZGABBOONISTES - French band 'accordion punk gipsy ball' တို့ ဖျော်ဖြေ တင်ဆက် ခဲ့သည်။

One Love အဖွဲ့က ဖျော်ဖြေရာတွင် အဆိုပါအဖွဲ့၏ ပင်တိုင် Reggae တေးသံရှင် စောဖိုးခွားက သူ၏ ကိုယ်ပိုင်သံစဉ် Reggae သီချင်းများ သီဆိုသွားပြီး သူနှင့်အတူ သရုပ်ဆောင် အဆိုတော် ဟက်ကက်လည်း ပူးပေါင်းပါဝင် တင်ဆက် သွားသည်ကို တွေ့ရသည်။

စောဖိုးခွားက “ကျနော့် အနေနဲ့ Reggae သီချင်း တွေကို ခံစားခဲ့တာ ကြာပြီ။ မြန်မာ ပြည်မှာတော့ ရော့်ခ်ဂီတက နှစ်ပေါင်း တော်တော် ကြာကြာ ရပ်တည် နေပေမယ့် Reggae ဂီတကိုတော့ ပရိသတ်က သိပ်မသိ သေးပါဘူး။ ကျနော့် အနေနဲ့ Reggae ဂီတရဲ့ အနှစ်သာရ တွေကို ကြိုးစားပြီးတော့ မြန်မာ ပရိသတ်ကို တင်ပြ ချင်ပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ ပြင်သစ် အနုပညာရှင် များနှင့် တွဲဖက် ဖျော်ဖြေရသည့် အတွက် ဂုဏ်ယူကြောင်း၊ မြန်မာ ပြည်တွင်လည်း Reggae ဂီတကို အမှန် တကယ် ဖန်တီးချင်သည့် အနုပညာရှင်များ ရှိသည်ကို ကမ္ဘာကို ပြချင်ကြောင်း ပြောသည်။

“အခုလိုမျိုး နိုင်ငံတကာက အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး သီဆိုရတာ အရမ်းကိုဂုဏ်ယူပါတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာ့ဂီတ အနုပညာရှင်များနှင့် နိုင်ငံတကာ ဂီတပညာရှင်များ အနုပညာရပ်များကို ပူးပေါင်းတင်ဆက် ကြသည့်အတွက် မြန်မာ ဂီတပရိသတ်များ အနေနှင့် ဗဟုသုတ တိုးပွားသည့်အပြင် ထူးခြားသည့် ပွဲတပွဲလည်း ဖြစ်ခဲ့သည်ဟု အဆိုပါပွဲကို လာရောက်ကြည့်ရှုသူ ဂီတ ဝါသနာရှင် တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်