ပြည်သူ့ခေတ် ဂျာနယ် ထုတ်ဝေမည်

E-mail Print
ဝါရင့် သတင်း စာဆရာ မောင်ဝံသနှင့် တက်ကျမ်း စာပေများဖြင့် လူသိများသော စာရေးဆရာ ဖေမြင့်တို့ ဦးစီးမည့် “ပြည်သူ့ခေတ်” အမည်ရှိ အပတ်စဉ်ထုတ် ဂျာနယ် တစောင်ကို လာမည့် ဇူလိုင် လဆန်းပိုင်းတွင် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။

"ဧပြီလက ထုတ်ဝေခွင့် လျှောက်ထားတယ်။ မေလကုန်ပိုင်းမှာ ထုတ်ဝေခွင့် ကျလာတယ်။ ဇူလိုင်လဆန်းပိုင်းမှာ ထုတ်နိုင်ဖို့ စိုင်းပြင်းနေတယ်" ဟု ထုတ်ဝေခွင့်ရရှိထားသော မောင်ဝံသက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ခေတ်ဂျာနယ်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံရေးသတင်းအနေနဲ့ကတော့ အခုလက်ရှိ တခြားဂျာနယ်တွေ ဖော်ပြခွင့်ရနေသလောက်ပဲ ကျနော်တို့လည်း ဖော်ပြနိုင်ကြမှာပေါ့" ဟု စာရေးဆရာ ဖေမြင့်က ပြောသည်။

အဆိုပါ ဂျာနယ်တွင် အယ်ဒီတာချုပ် ဖေမြင့်၊ ဒုတိယ အယ်ဒီတာချုပ် ကိုမော်လင်း၊ တာဝန်ခံ အယ်ဒီတာ ကိုမင်းနိုင်စိုး၊ အတိုင်ပင်ခံ အယ်ဒီတာများအဖြစ် မောင်ဝံသ၊ စာပေလောက ဦးမျိုးညွန့်နှင့် သရဖူ ကိုရဲတို့ ပါဝင်ကြမည်ဟု သိရသည်။

NLD ပါတီတွင် တတ်သိအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးသော သတင်းစာဆရာ မောင်ဝံသ ထုတ်ဝေမည့် ဂျာနယ်သည် နိုင်ငံရေး အသားပေး ဂျာနယ်ဖြစ်လိမ့်မည်ဟု ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက မှန်းဆနေကြသည်။

"နိုင်ငံရေး အသားပေးဂျာနယ်တွေရဲ့ ဈေးကွက်က ကျဉ်းမြောင်းလွန်းပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးကို၊ ရွေးကောက်ပွဲကို စိတ်ဝင်စားသူ အင်မတန်နည်းပါတယ်။ ဒီလိုင်းထဲမှာ ရှိနေတဲ့သူတွေလောက်ပဲ ဖတ်ကြတာပါ။ ပြည်သူ့ခေတ်ကတော့ မောင်ဝံသတို့၊ ဖေမြင့်တို့ လုပ်မှာမို့ စိတ်ဝင်စားမှုတော့ ရှိကြမှာပါ" ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

အယ်ဒီတာချုပ် ဖေမြင့်ကလည်း "ကျနော်တို့က ဈေးကွက်တော့ မသိဘူး။ ကျနော် လုပ်ခဲ့ဖူးတာကလည်း မဂ္ဂဇင်းပဲ။ ဂျာနယ်ကို အခုမှ စလုပ်ဖြစ်တာဆိုတော့ ဈေးကွက်အနေထားတော့ မသိဘူး။ ပါတီတွေကိုလည်း စာစောင်ထုတ်ဝေခွင့်တွေ ပေးလိုက်တယ်ဆိုပေမယ့် ပြင်ပဂျာနယ်ဈေးကွက်ကို မထိခိုက်နိုင်ဘူး ထင်ပါတယ်။ သူတို့အာဘော်တွေလောက်ပဲ ဖော်ပြကြမယ် ထင်ပါတယ်" ဟု ပြောသည်။

လတ်တလောတွင် ပြည်တွင်း၌ နိုင်ငံရေး အသားပေး ဂျာနယ်များအဖြစ် The Voice ဂျာနယ်၊ Northern Star ဂျာနယ်၊  Monitor ဂျာနယ်၊ စိမ်းလဲ့ရွှေပြည် ဂျာနယ်နှင့် နွယ်သာကီ ဂျာနယ်တို့ ဈေးကွက်ထဲတွင် ရှိနေကြောင်း သိရသည်။

"သတင်းထောက်တွေ အနေနဲ့တော့ နိုင်ငံရေး သတင်းလိုက်တဲ့ အလေ့အထ နည်းနေသေးတာ အမှန်ပါပဲ။ ကျနော်တို့ ဂျာနယ်အတွက် လိုအပ်တာလေးတွေ သင်ပြပေးရမှာပေါ့။ ဒါပေမယ့် ပြည်တွင်းမှာလည်း သတင်းထောက်ကောင်းတွေ ရှိနေပါတယ်" ဟု ပြည်သူ့ခေတ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမင်းနိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန်ချိခွင့် ပြုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်