ကိုယ်ပိုင် သံစဉ်များဖြင့် လူငယ်တီးဝိုင်းများ နယ်လှည့် ဖျော်ဖြေမည်

E-mail Print
ကိုယ်ပိုင်သံစဉ် တေးသီချင်းများကို အဓိကထားမည့် လူငယ် တေးဂီတ၀ိုင်းများ နယ်လှည့် ဖျော်ဖြေရေး အဖွဲ့ကို Skull in Ribcage (SIR) အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့ကို မေလက စတင်ဖွဲ့စည်းခဲ့ပြီး လူငယ်ပရိသတ်များအကြိုက် ဖြစ်သော Big Bag၊ wanted၊ idiots၊ Reasons စသည့် အဖွဲ့များဖြင့် လူငယ် punk ဂီတသမား ကျားပေါက်က ဦးဆောင်၍ တေးရေး စောခူဆဲ၊ အဆိုတော် ခင်မြတ်မွန်၏သား ရေမွန် (တွတ်ပီ) တို့က ၀ိုင်းဝန်း စီစဉ်ကြကြောင်း သိရသည်။

“ကျနော်တို့ ကိုယ်ပိုင် သံစဉ်တွေပဲ အများဆုံး ဖန်တီး ဖျော်ဖြေ ကြမှာပါ။ အခုတော့ ကော်ပီသီချင်း တပုဒ်ရဲ့ တန်ဖိုးကို ကောင်းကောင်း သိလာပါပြီ” ဟု တွတ်ပီက လူငယ်အဖွဲ့များ ကိုယ်စား ပြောသည်။

SIR ဂီတပွဲတော်ကို ဇွန် ၁၂ ရက်နေ့ ညနေက ပထမဆုံး အကြိမ်အဖြစ် မျှော်စင်ကျွန်းတွင် ကျင်းပခဲ့ရာ ရာပေါင်း များစွာသော လူငယ် ပရိသတ်များ အားပေးခဲ့ကြောင်း တွေ့ရသည်။

Big Bag အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ကျားပေါက်က ယခုကဲ့သို့ ပူးပေါင်း ဖျော်ဖြေပွဲ ပြုလုပ်ရခြင်းမှာ ပရိသတ်ကို ပုံစံ တမျိုးတည်းနှင့် ချပြနေရသည့် အပေါ် အားမရသောကြောင့် ပုံစံအသစ် တခု ပြောင်းလဲ လုပ်ဆောင် ကြည့်ခြင်း ဖြစ်သည်ဟု ဆိုသည်။

{slimbox images/multimedia/Skull-in-Ribcage/01.jpg,images/multimedia/Skull-in-Ribcage/01-sm.jpg, SIR အဖွဲ့၏ ဇွန်လ ၁၂ ရက်နေ့ မျှော်စင်ကျွန်းဖျော်ဖြေပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/Skull-in-Ribcage/02.jpg,images/multimedia/Skull-in-Ribcage/02-sm.jpg, SIR အဖွဲ့၏ ဇွန်လ ၁၂ ရက်နေ့ မျှော်စင်ကျွန်းဖျော်ဖြေပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Skull-in-Ribcage/03.jpg,images/multimedia/Skull-in-Ribcage/03-sm.jpg, SIR အဖွဲ့၏ ဇွန်လ ၁၂ ရက်နေ့ မျှော်စင်ကျွန်းဖျော်ဖြေပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Skull-in-Ribcage/04.jpg,images/multimedia/Skull-in-Ribcage/04-sm.jpg, SIR အဖွဲ့၏ ဇွန်လ ၁၂ ရက်နေ့ မျှော်စင်ကျွန်းဖျော်ဖြေပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/Skull-in-Ribcage/05.jpg,images/multimedia/Skull-in-Ribcage/05-sm.jpg, SIR အဖွဲ့၏ ဇွန်လ ၁၂ ရက်နေ့ မျှော်စင်ကျွန်းဖျော်ဖြေပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)}
၎င်းက ဆက်လက်၍ “ကိုယ်နဲ့ စိတ်ချင်းတူတဲ့ သူတွေ၊ အတူတွဲပြီး အလုပ်လုပ်ဖူးတဲ့ လူငယ်တွေကို အဓိက ထားပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်တာပါ။ အဓိက အစီအစဉ်ကတော့ မြန်မာပြည်မှာ ရှိတဲ့ မြို့ကြီးတွေဆီ သွားပြီး အဖွဲ့လိုက် ဖျော်ဖြေချင်တာပါ။ အရင်တုန်းက ရော့ခ်သီချင်းကို ဆိုတဲ့ အဆိုတော်တွေ အများကြီး၊ ၀ိုင်းက သိပ်မရှိဘူး။ အခုတော့ ဆိုတဲ့ လူလည်း များလာတယ်။ လူငယ်ဝိုင်းလည်း များလာတဲ့ အတွက် ပိုပြီး အားရှိလာတယ်” ဟု ပြောသည်။

ဇွန် ၁၂ ရက်နေ့ ဖျော်ဖြေပွဲတွင် ၎င်းတို့အဖွဲ့များ ဖန်တီးခဲ့သည့် Rock ဂီတ အမျိုး အစားများစွာကို ပရိသတ်အား ချပြရန်ရည်ရွယ် သည်ဟု အဖွဲ့ဝင်များက ဆိုသည်။

ထိုနေ့ပွဲတွင် SIR ပင်တိုင် အဆို၊ အတီးသမားများ အပြင် အဆိုတော် အဲလက်စ်နှင့် Side Effects အဖွဲ့ Ice Cream အဖွဲ့တို့ပါ ပူးပေါင်း ဖျော်ဖြေ တင်ဆက်ခဲ့ရာ ပွဲမစခင်ကပင် ပရိသတ်များ ကွင်းပြည့်လျှံ သည်အထိ စောင့်မျှော် နေသည်ကို မြင်တွေ့ရသည်။

ပွဲစတင်ချိန်တွင် Side Effects အဖွဲ့၏ တီးခတ်သံများနှင့် စတင်ဖွင့် လှစ်ခဲ့ပြီး Rock & Roll, Emo, Punk, စသည့် ဂီတ အမျိုးအစားများနှင့် လိုက်ဖက် ညီသော ဖက်ရှင်များကို ဝတ်ဆင် ထားသည့် ၎င်းအဖွဲ့က ပြင်းထန်သည့် ရော့ခ် သံစဉ်များနှင့် တင်ဆက်သည်။ ၎င်း နောက်တွင်  မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး အဖွဲ့ဖြစ်သည့် Ice Cream အဖွဲ့၏ Punk တေးဂီတဖြင့် တင်ဆက်မှုကို နားဆင်ရသည်။

ထို့နောက် SIR အဖွဲ့ဝင် Idiots အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် ရေမွန် (တွတ်ပီ) က ရော့ခ်သီချင်းများကို သီဆိုရာ လူငယ် ပရိသတ်၏ အားပေးသံများ ပွဲတခင်းလုံး ဖုံးလွှမ်းသွားကြောင်း တွေ့ရသည်။

၎င်းနောက် Reason အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင် အောင်လက ၎င်း၏ အောင်မြင်နေဆဲ တေးသီချင်းများဖြစ်သော အချိန်လွန်ငှက်၊ ဘာလာလာ စသည့် သီချင်းများ အပါအ၀င် အပြင်းစား ရော့ခ်သီချင်းများကို သီဆိုခဲ့သည်။

ထို့နောက် Wanted အဖွဲ့နှင့်အတူ တေးသံရှင် ဖော်ကာကလည်း ငါ့ဂီတ ငါ့ဗီဇ သီချင်း အပါအဝင် ရော့ခ်သီချင်း ၇ ပုဒ်ကို တင်ဆက်ခဲ့သည်။ ထို့နောက် ပရိသတ်များ မျှော်လင့်နေသည့် Big Bag အဖွဲ့၏ ဖြေဖျော်မှု စတင်သည်။

Big Bag အဖွဲ့ ခေါင်းဆောင်ဖြစ်သော ကျားပေါက်၏ Punk သီချင်းများကို သီဆို တီးခတ် ချိန်တွင် Punk ဂီတကို နှစ်ခြိုက်သည့် လူငယ် ပရိသတ်များက အတိုင်းမသိ အားပေးခဲ့သည်။ Big Bag အဖွဲ့နှင့်အတူ ကျားပေါက်၏ ညီမ ဂူဂူး ကလည်း Punk ဂီတသံစဉ်များကို တီးခတ်ပြခဲ့ရာ လူငယ် ပရိသတ်များ နှစ်သက်ကြကြောင်း တွေ့ရသည်။

ကျားပေါက်က သူ၏ အောင်မြင်သည့် တေးသီချင်း ၁၀ ပုဒ်ကို မနားတမ်း ဆက်တိုက် သီဆိုရာ ပရိသတ်များကလည်း စင်မြင့် အောက်မှ လိုက်လံ သီဆိုကြသည်။

နောက်ဆုံး အစီအစဉ် အနေနှင့် တေးသံရှင် အဲလက်စ်က ၎င်း၏ ကိုယ်ပိုင် Hero Band နှင့်အတူ ယခင် နာမည်ကြီးခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် ဦးကျော်ဟိန်း၏ သီချင်းများကို သီဆို တင်ဆက်ကာ SIR အဖွဲ့၏ ပထမဆုံး ပွဲဦးထွက် ဖြေဖျော်မှုကို ည ၁၁ နာရီအချိန်တွင် အောင်မြင်စွာ ဆုံးသတ်ခဲ့သည်။

“ကျနော်တို့ ဒီပွဲကြီးကို စီစဉ်တယ် ဆိုကတည်းက အောင်မြင်မယ်လို့ ထင်ပြီးသားပါ။ အခုလို လူငယ် ပရိသတ်တွေ ယုံယုံ ကြည်ကြည်နဲ့ လာရောက် အားပေးတဲ့ အတွက် တကယ့်ကို အောင်မြင်တဲ့ ပွဲတခုဖြစ်တယ်လို့ ကျနော်ပြောရဲပါတယ်” ဟု SIR ၏ စီစဉ်သူ ကျားပေါက်က ဆိုသည်။

လာမည့် ပွင့်လင်းရာသီတွင် SIR  အဖွဲ့များ အနေဖြင့် နယ်မြို့များသို့ သွားရောက် ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်