ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

E-mail Print
စစ်အစိုးရနှင့် အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများ၊ ဘာသာရေး အဖွဲ့အစည်းများ အကြား ရင်ကြား စေ့ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်နေမှုကို အာဆီယံနှင့် နိုင်ငံတကာက အသိုင်းအဝိုင်းက ပံ့ပိုးကူညီကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့ (The Elders) က တိုက်တွန်းကြောင်း သိရသည်။

“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားသည်။

ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။

{slimbox images/multimedia/DS65th/01.jpg,images/multimedia/DS65th/01-sm.jpg, ၁၉၇၀ ဒီဇင်ဘာ ၉ ရက်တွင် နယူးရောက်မြို့၌ ထုတ်ပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံကူးလက်မှတ် ဓာတ်ပုံ (ဓာတ်ပုံ - guardian);images/multimedia/DS65th/02.jpg,images/multimedia/DS65th/02-sm.jpg, ၁၉၇၂ နှစ်သစ်ကူးတွင် လန်ဒန်ရှိ ချဲလ်ဆီး မှတ်ပုံတင်ရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို မိုက်ကယ် အဲရစ်နှင့် အတူ တွေ့ရစဉ်။ လက်ထပ်စဉ်က ဒေါ်အောင်ဆန်းစုကြည်က အသက် ၂၆ နှစ်၊ မိုက်ကယ် အဲရစ်က အသက် ၂၅ နှစ် ဖြစ်သည် (ဓာတ်ပုံ - guardian); images/multimedia/DS65th/03.jpg,images/multimedia/DS65th/03-sm.jpg, လန်ဒန်တွင် ပြုလုပ်သည့် လက်ထပ်မင်္ဂလာပွဲ၌ တွေ့ရသော သတို့သမီးဝတ်စုံနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - guardian); images/multimedia/DS65th/04.jpg,images/multimedia/DS65th/04-sm.jpg, ၁၉၇၁ ခုနှစ်က ဘူတန်နိုင်ငံရှိ နှင်းများ ဖုံးလွှမ်းနေသည့် တောင်တခုသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့စဉ် (ဓာတ်ပုံ - guardian); images/multimedia/DS65th/05.jpg,images/multimedia/DS65th/05-sm.jpg, ၁၉၇၁ ခုနှစ်က ဘူတန်နိုင်ငံသို့ ခေတ္တ ရောက်ရှိစဉ် မြင်းတစီးပေါ်မှ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - guardian); images/multimedia/DS65th/06.jpg,images/multimedia/DS65th/06-sm.jpg, ၁၉၇၁ ခုနှစ်ကပင် ဘူတန် တော်ဝင် မိသားစု၏ စာပြဆရာ အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း မိုက်ကယ် အဲရစ် (ဓာတ်ပုံ - guardian); images/multimedia/DS65th/07.jpg,images/multimedia/DS65th/07-sm.jpg, ၁၉၇၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ခင်ပွန်းနှင့် သားဖြစ်သူ အလက်ဇန္ဒားတို့ မိခင် ဒေါ်ခင်ကြည်နှင့် ပထမဆုံးအကြိမ် ရန်ကုန်တွင် တွေ့ဆုံကြစဉ် (ဓာတ်ပုံ - guardian); images/multimedia/DS65th/08.jpg,images/multimedia/DS65th/08-sm.jpg, စကော့တလန်ရှိ မိုက်ကယ် အဲရစ် မိဘများ နေထိုင်ရာ Grantown-on-Spey မြို့တွင် မိတ်ဆွေများနှင့် အပန်းဖြေထွက်နေ သည့် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု။ ကလေးငယ် နှစ်ဦးမှာ အလက်ဇန္ဒားနှင့် ကင်မ် ဖြစ်သည် (ဓာတ်ပုံ - guardian); images/multimedia/DS65th/09.jpg,images/multimedia/DS65th/09-sm.jpg, စကော့တလန်ရှိ ယောက္ခမ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် သားနှစ်ဦးနှင့် ဆော့ကစားနေစဉ် (ဓာတ်ပုံ - guardian); images/multimedia/DS65th/10.jpg,images/multimedia/DS65th/10-sm.jpg, ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း မိုက်ကယ် အဲရစ်။ တိဘက်နှင့် ဟိမဝန္တာဆိုင်ရာ လေ့လာရေး ပညာရှင်နှင့် ကျွမ်းကျင်သူ။ အောက်စဖို့ဒ် တက္ကသိုလ်၊ စိန့် ဂျွန်ကောလိပ်တွင် ရိုက်ကူးထားသည့်ပုံ (ဓာတ်ပုံ - guardian); images/multimedia/DS65th/11.jpg,images/multimedia/DS65th/11-sm.jpg, ၁၉၇၃ မှ ၁၉၈၈ အထိ အောက်စ်ဖို့ဒ်၌ အိမ်ထောင်ရှင်မအဖြစ် ခင်ပွန်းသည် ပညာရှင်နှင့်အတူ သားနှစ်ယောက်ကို ပြုစု ပျိုးထောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - guardian); images/multimedia/DS65th/12.jpg,images/multimedia/DS65th/12-sm.jpg, ၁၉၈၀ ဝန်းကျင်က နော့ဖော့ခ် ဘရော့စ်တွင် မိသားစု အားလပ်ရက် ခရီးထွက်ရင်း အသားကင် ပြုလုပ်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - guardian)}
The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားက ၂၀၀၇ တွင် စတင် တည်ထောင်ခဲ့ပြီး သြဇာ တိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနား ကလည်း ကြေညာချက်တစောင်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂမှ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အနေဖြင့် မြန်မာ အစိုးရကို တိုက်တွန်းလိုကြောင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ကင်တားနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကင်တားနား၏ တိုက်တွန်းချက်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက် မရှိ လွှတ်ပေးရန် ထပ်မံ တိုက်တွန်းထားသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူမှုကွန်ရက် Face Book စာမျက်နှာ (http://www.facebook.com/fcoburma) တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအတွက် စကားလက်ဆောင် လာရောက် ရေးသားကြပါရန်လည်း ဖိတ်ခေါ်ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ ဆိုင်ရာ အခမ်း အနားကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်