မိုးသည်းထန်သဖြင့် ကလေး ၃ ဦး ရေစီးထဲမျောပါ သေဆုံး

E-mail Print
ပြည်မြို့ စက်မှု ကွက်သစ် ရပ်ကွက်တွင် ယမန်နေ့ နေ့လယ်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေစီးသန်လာ သောကြောင့် ကလေး ၃ ဦး ရေစီးထဲ မြောပါ ရေနစ် သေဆုံး ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရေစီးထဲ မြောပါ သေဆုံး သွားသော ကလေးငယ် များသည် အသက် ၅ နှစ်မှ ၁၀ နှစ်ဝန်းကျင် အရွယ်များ ဖြစ်ကြောင်း သိရသည်။

“လမ်းတွေမှာ ရေပြည့် နေတဲ့အပြင် ရေစီးက တအား သန်တော့ ကျောင်းက ပြန်လာတဲ့ ကလေးတွေ ရေစီးထဲ ပါသွားပြီး ရေနစ်သေတာ” ဟု ပြည်မြို့ ကွက်သစ် ကျေးရွာတွင် နေထိုင်သော ဒေါ်သဇင်ငြိမ်းက ဆိုသည်။

အဆိုပါ စက်မှု ကွက်သစ် ရပ်ကွက်သည် မိုးရွာသွန်းသည့် အချိန်များတွင် တောင်ကျရေများ ကျဆင်း လာတက်ပြီး ရေစီး သန်တက်ကြောင်း ၎င်းက ပြောသည်။

ပြည်မြို့တွင် မိုးသည်းထန်စွာရွာသွန်းသည့် အချိန်တိုင်း ရပ်ကွက်အများစုတွင် ရေများပြည့်လျှံတတ်ပြီး  စက်မှုကွက်သစ် ရပ်ကွက်နှင့် ယင်းအနီးရှိ ရပ်ကွက်ငယ်လေးများတွင် တောင်ကျရေများကျဆင်း ဖုံးလွှမ်းတက်ကြောင်း ရန်ကုန်မှ ပြည်မြို့ရှိ NGOတစ်ခုတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ တဦးက ဆိုသည်။

“မနေ့က ရေတွေတက်လာတော့ အိမ်တွေပါရေမြုပ်တာ။ သေသွားတဲ့ကလေးတွေ တချို့ကကျောင်းက ပြန်လာတာ၊ တချို့က ရေထွက်ချိုးကြရင်း ရေစီးထဲပါသွားတာ။ ညနေမှ အလောင်းပြန်ရတယ်” ဟု ၎င်းကပြောသည်။

တောင်ကျရေများ လူနေ ရပ်ကွက်အတွင်းသို့ ကျဆင်းမှု များပြားလာကာ ရေစီးသန်လာမှုသည် သစ်တောများ ခုတ်ယူမှု များပြားပြီး တောတောင်များပြုန်းတီး လာခြင်းကြောင့် အဓိကဖြစ်ကြောင်း၊ ယခင် တောင်ကျရေများသည် သစ်ပင်များ ခံသာနေသောကြောင့် တိုက်ရိုက် ကျဆင်းခြင်းမရှိကြောင်း အဆိုပါ NGO ဝန်ထမ်း က သုံးသပ်သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးတတ်ခြင်းကြောင့် ပြည်မြို့ရှိ အိမ်များ မကြာခဏပြိုကျ ပျက်စီးမှုများ ရှိကြောင်းလည်း ပြည်မြို့ခံများက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်