သက်တမ်းရင့် ဆန်အသင်း ၃ သင်းကို သက်တမ်း တိုးပေးတော့မည် မဟုတ်

E-mail Print
ဆန်နှင့် ပတ်သက်သည့် နိုင်ငံအဆင့် အသင်း ၃ သင်းကို သက်တမ်း တိုးပေးတော့မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း တင်နိုင်သိန်းက ဆန်ကုန်သည်များကို ပြောကြားလိုက်သည်။

လွတ်လပ်ရေး ရပြီးချိန်ကတည်းက ဖွဲ့စည်းလုပ်ကိုင်လာခဲ့သော မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်သူများအသင်း တို့ကို သီးခြားရပ်တည်ခွင့် မပေးတော့ဘဲ အသစ် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း၏ လက်အောက်တွင် လုပ်ကိုင်ရမည်ဟု ၎င်းကဆိုသည်။

“ဆန်စပါးလုပ်ငန်း အသင်းရဲ့ လက်အောက်မှာ အစုအဖွဲ့အနေနဲ့ပဲ ဆက်လက် လုပ်ဆောင်ခွင့် ပေးတော့မယ်” ဟု အထက်ပါ အစည်းအဝေးကို တက်ရောက်လာသော အမှတ် ၁ စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှု တရပ်လုံး တိုးတက်ရန်ဟု ဆိုကာ မြန်မာနိုင်ငံ ဆန်စပါးအသင်းကို ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌမှာ ဧဒင်စီးပွားရေးလုပ်ငန်းစု ပိုင်ရှင် ဦးချစ်ခိုင်ဖြစ်လာခဲ့သည်။

ယင်းအသင်းကို ဆန်ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူနှင့် အထူးပြုကုမ္ပဏီ ဟု အစုအဖွဲ့ ၄ ရပ်ဖြင့်ဖွဲ့စည်းထားပြီး အစုအဖွဲ့တခုစီအတွက် ဒုဥက္ကဋ္ဌများ ထားရှိသည်။ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း တို့မှ ဥက္ကဋ္ဌများဖြစ်သော ဦးအောင်သန်းဦး၊ ဦးတင်ဝင်းနှင့် ဦးစိန်ဝင်းလှိုင်တို့မှာ ဆန်ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့ ၃ ခု၏ ဒုဥက္ကဋ္ဌ များဖြစ်လာပြီး အထူးပြုကုမ္ပဏီ အစုအဖွဲ့ ကိုယ်စားပြုအဖြစ် ဦးလှမောင်ရွှေက ဒုဥက္ကဋ္ဌ ဖြစ်သည်။

အထက်ပါ အသင်းများကို သက်တမ်းတိုးခွင့်ပေးတော့မည် မဟုတ်ကြောင်း ယခင်လက သတင်းများထွက်ပေါ်ခဲ့ သော်လည်း
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့သော မြန်မာနိုင်ငံဆန်စပါး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင်မှ စစ်အစိုးရ၀န်ကြီးများက အတည်ပြု ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ဆန်ကုန်သည် တဦးက ပြောသည်။

အထက်ပါ ကိစ္စနှင့်ပတ်သက်ပြီး မူလအသင်းများက လိုက်နာလိုခြင်းမရှိကြဘဲ မိတ်ဖက်အသင်း များအနေဖြင့်သာ လွတ်လပ်စွာ ရပ်တည်လိုကြကြောင်း ၀ါရင့်ဆန်ကုန်သည်တချို့က ပြောကြားသည်။

ဆန်စပါး လုပ်ငန်းအသင်းသည် မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်ရောင်းချမှု တရပ်လုံး တိုးတက်ရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း ထိုဖြစ်ရပ်ကြောင့် မူလအသင်းများအပေါ် လက်ဝါးကြီးအုပ်လိုက် သကဲ့သို့ ခံစားရကြောင်း ၀ါရင့် ဆန်ကုန်သည် တချို့က ပြောနေကြသည်။

“နဂို အသင်းတွေမှာက သူ့ ကိုယ်ပိုင်လက္ခဏာ၊ အတွေ့အကြုံတွေရှိပြီးသား။ နဂိုအသင်းတွေရဲ့သဘာဝနဲ့ အတော်ကို ကွာခြား ပါတယ်။ ဈေးကွက်အကြောင်း အပ်ကျမတ်ကျ နားမလည်ဘဲနဲ့ ၀င်လာရင်တော့ ဒုက္ခရောက်မှာပဲ” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းမှ ဗဟို အလုပ်အမှုဆောင် တဦး က ဧရာဝတီကိုပြောသည်။

ယင်းကိစ္စသည် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး (ကုန်သွယ်/ လယ်ယာ) ၏ ၀င်ရောက်စွက်ဖက်မှုကြောင့် ဖြစ်ရပြီး အသင်း ၃ သင်း၏ အနေအထားအပေါ် အစိုးရက အထင်လွဲစရာ ဖြစ်လာခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ဒီအတိုင်းဆိုရင် ဆန်လုပ်ငန်းအသင်းလည်း ကုန်သွယ်လယ်ယာရဲ့ လက်အောက်ခံဖြစ်လာမှာပဲ” ဟု သူကပြောသည်။

အသင်းများ၏ သက်တမ်း ကုန်ဆုံးမှုနှင့် ပတ်သက်၍ ယခုအထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးခြင်းအပေါ် သံသယရှိသည် ဟုလည်း သူက ဆိုသည်။

“အရင်က ဆိုရင် ဆန်ပို့ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်အသင်းကိုမဆို မေးလို့ရတယ်။ နောက်ပိုင်းမှာ အသင်းဟောင်းတွေက မဖြေတော့ဘူး။ အသင်းသစ်ကိုပဲမေး ဆိုတာမျိုးဖြစ်လာတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောသည်။

ဘဏ်လုပ်ငန်း၊ သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ရရှိထားသူ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆင်းရဲသော မြန်မာနိုင်ငံ လယ်သမားများ၏ အကျိုးအလို့ငှာ ကိုယ်ကျိုး မရှာဘဲ အသင်းကို ရိုးရိုးသားသား ဦးဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှုနှင့် တင်ပို့မှု တိုးတက်ရေးအတွက် အရေးကြီးဆုံးမှာ လယ်သမားများ၏ လယ်ပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်သောဈေးကွက်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အယ်ဒီတာ ပါမောက္ခ ရှောင်တာနဲလ်က သုံးသပ်ဖူးသည်။

အစိုးရ မဟုတ်သော အဖွဲ့အစည်းများအဖြစ် အမည်ခံထားသည့် ပြည်တွင်း စီးပွားရေး အသင်းအဖွဲ့များမှာ သက်ဆိုင်ရာ နယ်ပယ်မှ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို လွတ်လပ်စွာ ကိုယ်စားပြုနိုင်ခြင်းမရှိဘဲ အစိုးရမူဝါဒများကို တဆင့်ပြန်လည်ဖော်ဆောင်သော အဆင့်သာ ရှိကြောင်း ပြည်တွင်းမှ စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်