တိုင်းရင်းသားပါတီများ ခွဲခြား ကန့်သတ်ခံနေရ

E-mail Print
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်းရင်းသား ပါတီများကို ပါတီ မှတ်ပုံတင်ခွင့် ပေးထား သော်လည်း အကန့် အသတ်များ ရှိနေဆဲ ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် စောင့်ကြည့် လေ့လာသူများက ပြောဆိုနေကြသည်။

ကရင်ပြည်သူ့ ပါတီ(KPP)၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) ၊ ပအိုင်း အမျိုးသား အဖွဲ့ချုပ်(PNO) နှင့် တအောင်း (ပလောင်) အမျိုးသားပါတီ တို့ကို ပါတီ တည်ထောင်ခွင့်ပေးထားပြီး ကချင် ၃ ပါတီက ပါတီ တည်ထောင်ခွင့်ရရှိရန် စောင့်ဆိုင်း နေဆဲ ဖြစ်သည်။ 

AMRDP ပါတီကို ပညာရေးဘက်တွင် တာဝန်ထမ်းဆောင်ဖူးသော ပါမောက္ခ နိုင်ငွေသိန်း ဦးဆောင်သည်။ စစ်အစိုးရ အာဏာပိုင် များနှင့် ရင်းနှီးသော ပါမောက္ခဟောင်းဟု သိရသည်။ ၎င်းပါတီမှ ကော်မတီဝင်တဦးဖြစ်သော နိုင်သိုက် မှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင် ဖြစ်ကြောင်း သိရသည်။ ဦးအောင်ခမ်းထီ ခေါင်းဆောင်သော ပအိုင်း အမျိုးသား အဖွဲ့ချုပ် ပါတီ မှာလည်း အစိုးရနှင့် နီးစပ် သော ပါတီတခုဖြစ်သည်။

နိုင်ငံရေး လေ့လာသူများကမူ ကချင်ပါတီ တည်ထောင်ခွင့် လျှောက်ထားမှုနှင့် ပတ်သက်၍ ပယ်ချခံရဖွယ် ရှိကြောင်း သုံးသပ် ပြောဆို နေကြသည်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)သည် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးပေ။

ကချင်ပါတီများမှ ခေါင်းဆောင်များသည် ယခင် KIOမှ ခါင်းဆောင်ဟောင်းများ ဖြစ်ကြောင်း၊ ကချင်တပ်ဖွဲ့များက နယ်ခြားစောင့် တပ် အသွင်ပြောင်းရေးကို လက်မခံသောကြောင့် ၎င်း ပါတီများအပေါ် စစ်အစိုးရက အယုံအကြည်မရှိဘဲ ကြန့်ကြာရန် လုပ် ဆောင် နေခြင်း ဖြစ်ကြောင်းလည်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

ပါတီ တည်ထောင်ခွင့် လျှောက်ထားပြီး ခွင့်ပြုချက် မရသေးသည့် ပါတီများမှာ ကချင်ပြည်နယ် တိုးတက်ရေး (KSPP)၊ ညီညွတ် သော ဒီမိုကရေစီ ပါတီ (ကချင်ပြည်နယ်) (UDPKS) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ ဖြစ်သည်။

“ပါတီထဲမှာ ပါတဲ့ လူတွေက နအဖကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေ ပါတယ်လို့ သူတို့က ထင်တယ်၊ ဒါကြောင့် မှတ်ပုံတင်ခွင့် မပေးတာ ဖြစ်နိုင်တယ်”ဟု ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ ဥက္ကဌ ဦးအောင်ဝါက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်ကမူ“ဒီ စစ်အစိုးရဟာ သူတို့ရဲ့ အာဏာကို သက်ဆိုး ရှည်ဖို့အတွက် ရွေးကောက်ပွဲကိုလည်း ပြင်ဆင်ထားပြီးပြီ၊ ဖွဲ့စည်းပုံကိုလည်း သူတို့ လိုသလို ရေးဖွဲ့ထားပြီးပြီ၊ ပြီးတော့ ပါတီ ဥပဒေ တွေကိုလည်း ကန့်သတ်ထားပြီးပြီ၊ ဒါ့အပြင် သူတို့ကို မဆန့်ကျင်တဲ့ သူတို့ကို ထောက်ခံမယ့် သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တိုင်းရင်းသား ပါတီတွေကို အများအပြား ခွင့်ပြုထားတယ် ဆိုတာဟာ ထင်ရှားပါတယ်” ဟု ပြောသည်။

တိုင်းရင်းသား ပါတီတချို့က အမျိုးသားရေး စိတ်ဓာတ်နှင့် ပါတီထောင်တာမျိုး ရှိကောင်း ရှိကောင်း ရှိနိုင်သော်လည်း၊ ပါတီ မှတ်ပုံ တင်ခွင့် ရထားသော ပါတီ အများစုက ကြံ့ခိုင်ရေးနှင့် ပတ်သက်ရာ ပတ်သက်သည့် တိုင်းရင်းသား ပါတီများ ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ယခုလ ၁၆ ရက်နေ့ကလည်း ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်ကာ ပါတီ တည်ထောင်ခွင့် အမြန်ဆုံး ချပေးရန်  ကချင် ပါတီ ခေါင်းဆောင်တချို့က တောင်း ဆိုခဲ့ကြောင်းလည်း သိရသည်။

စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က)၊ အပိုဒ်ခွဲ (၃) ၌ နိုင်ငံရေးပါတီတရပ် အနေ ဖြင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် မတရား အသင်းအဖြစ် ကြေညာခံထား ရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။

ယခုကဲ့သို့ KSPP က ပါတီတည်ထောင်ခွင့် အတည်ပြုချက်ရရန် ကြန့်ကြာနေချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ကချင်ပြည်နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

KSPP သည် မြစ်ကြီးနားမြို့တွင် ရုံးဖွင့်ထားပြီး ပါတီ တည်ထောင်ချိန်မှ စ၍ ကချင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ ကျယ် ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပါတီမှတ်ပုံတင်ပြီး နောက်ပိုင်းမှ စ၍ စည်းရုံးရေး လုပ်ငန်းများ ရပ်ဆိုင်း ခံထားရ ခြင်းဖြစ်သည်။

အစိုးရ၏ ထုတ်ပြချက်များ အရ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ် ပုံတင်ခွင့် ကျသဖြင့် လျှောက် ထားသည့် ပါတီ ၃၈ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်