စစ်တပ်နှင့် ၀တပ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ တဦး သေဆုံး

E-mail Print
ရှမ်းပြည် မြောက်ပိုင်း ဟိုပန်မြို့နယ် အတွင်းရှိ ပလောင် စံပြကျေးရွာတွင် ပြီးခဲ့သည့် သောကြာနေ့က စစ်အစိုးရ တပ်များနှင့် ၀ တပ်ဖွဲ့ တချို့ ပစ်ခတ်မှု ဖြစ်ပွားရာ ၀တပ်သား တဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

နအဖ ခြေမြန် တပ်ရင်း ၁၀၉ မှ ဗိုလ်ကြီး တဦး ဦးဆောင်သည့် အင်အား ၂၀ ခန့် ရှိ တပ်ဖွဲ့နှင့် ၀ တပ်မဟာ ၃၁၈ မှ ၀ တပ်သား ၄ ဦး တို့ တွေ့ဆုံကာ ပစ်ခတ်ခြင်း ဖြစ်ကြောင်း တရုတ် မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

“မတော်တဆ ဖြစ်တဲ့ သဘောပါ၊ တဘက်နဲ့ တဘက် စကားများရင်း ၀ ရဲဘော်က သေနတ်ကို မိုးပေါ် ထောင်ဖောက်တော့ စစ်တပ်က ပစ်ချလိုက်တာ”ဟု ၎င်းက ဆိုသည်။

ယင်း ပစ်ခတ်မှု ဖြစ်ပွားရာ နယ်မြေသည် စစ်အစိုးရ တပ်များနှင့် ၀တပ်ဖွဲ့များ နှစ်ဘက် စလုံးက ၀င်ထွက် နေသည့် ကြားခံ နယ်မြေ တခုဖြစ်ပြီး အစိုးရဖွင့်လှစ် ထားသည့် နမ့်တစ် ဂိတ်၏ အနီးတွင် ရှိကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ယခုပစ်ခတ်မှုသည် ပြီးခဲ့သည့် နှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်းပြီးနောက် အဆိုပါ ဒေသတွင် ပထမဆုံး ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ၀ တပ်ဖွဲ့၏ တာဝန်ရှိသူများမှာ ၀ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ရန် ပန်ဆန်းတွင် ရောက်ရှိနေချိန် ဖြစ်ကြောင်းသိရသည်။

ယင်း ပစ်ခတ်မှုနှင့် ပတ်သက်၍ အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် ကွမ်းလုံအခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းထွန်း က နမ့်တစ် နယ်မြေကို တာဝန်ယူထားသည့် ၀ တပ်ဖွဲ့ ခေါင်းဆောင်ကို လာရောက် တောင်းပန်သွားကြောင်း၊ ထို့အပြင် မိုင်းမောမြို့နယ်တွင် တာဝန်ကျနေသည့် ခြေလျင်တပ်ရင်း ၁၂၇ မှ တပ်ရင်းမှူးကလည်း ၀တပ်ဖွဲ့၏ မိုင်းမောဒေသ တာဝန်ခံကို လာရောက် တောင်းပန် စကားပြောကြောင်း ဦးအောင်ကျော်ဇောကဆိုသည်။

ယခု လတ်တလော အခြေအနေတွင် အဆိုပါ ပစ်ခတ်မှုကြောင့်  နှစ်ဘက်တပ်များ အကြား တင်းမာမှု မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက  တရုတ်- မြန်မာနယ်စပ်ရှိ တိုင်းရင်းသား အပစ်ရပ်အဖွဲအစည်းများကို နယ်ခြားစောင့် တပ်များ အဖြစ် ပြောင်းလဲဖွဲ့စည်းရန် စစ်အစိုးရက ဖိအားပေးခဲ့သော်လည်း တရုတ် ဒု သမ္မတ ရှီကျင့်ဖျင် နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင် တို့၏ မြန်မာ ပြည် ခရီးစဉ် အပြီးတွင် စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တို့ အပေါ် ဖိအားပေးမှု လျော့ပါးလာခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်