ကချင်ပါတီ ခွင့်ပြုချက် မကျသေး၊ ပါတီလုပ်ငန်းများ ဆောင်ရွက်နိုင်ဟု ဆို

E-mail Print
ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) သည် ပါတီ တည်ထောင်ခွင့် ချပေးရန် စောင့်ဆိုင်း ခံထားရ သော်လည်း ပါတီလုပ်ငန်း စဉ်များကို ဆက်လက် ဆောင်ရွက် နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက ပြောကြားခဲ့ သည်ဟု ၎င်း ပါတီ ခေါင်းဆောင် ဒေါက်တာ မနန် တူးဂျာက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ မနန် တူးဂျာ၏ အသံဖိုင်ကို ဤနေရာတွင် ရယူနားဆင်နိုင်ပါသည်။
{play}images/stories/kachinvoice.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/kachinvoice.mp3 name='အသံဖိုင်ရယူရန်'}


လွန်ခဲ့သည့် တပတ် သောကြာနေ့က KSPP ပါတီ ခေါင်းဆောင်များက ပါတီ တည်ထောင်ခွင့် ချပေးရန် ကြန့်ကြာ နေခြင်းနှင့် ပတ် သက်၍ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ကျနော့် ပါတီကို စောင့်ဆိုင်းထားတာ ဖြစ်တယ်၊ မှတ်ပုံတင်ခွင့် ချမပေးတာကိုလည်း ရွေး ကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ထားတာ မရှိဘူး၊ အဲဒီတော့ ကော်မရှင် ဥက္ကဌက ပါတီလုပ်ငန်းကို ဆက်လုပ်ဆောင်ရွက်ပါ ဆို ပြီးမှ ပြောလိုက်တယ်”ဟု ဒေါက်တာ မနန် တူးဂျာက ပြောသည်။

KSPP ပါတီ အနေဖြင့် တရားဝင် မဖြစ်သေးသော်လည်း ပါတီလုပ်ငန်းစဉ်များ အတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားရန် စသည် တို့ကို တိုက်တွန်းပြောကြား ခဲ့ကြောင်း ၎င်းက ဆိုသည်။

KSPP သည် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ဧပြီလ ၅ ရက်နေ့ကတည်းက ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မရသေးပေ။

ပါတီ တည်ထောင်ခွင့် လျှောက်ထားပြီး ခွင့်ပြုချက် မရသေးသည့် ပါတီများမှာ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) အပါ အ၀င် ညီညွတ်သော ဒီမိုကရေစီ ပါတီ(ကချင်ပြည်နယ်) (UDPKS) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ(NSSPP) တို့လည်း ပါဝင်သည်။ 

ဒေါက်တာ မနန် တူးဂျာက ယင်း ပါတီဝင်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် မေးမြန်း စုံစမ်းမှုများ ပြုလုပ် ရန် လိုအပ်နေသည့် အတွက် ကော်မရှင် တာဝန်ရှိသူများက မှတ်ပုံတင်ခွင့် ချမပေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသည်။

တချို့သော နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများက ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ မနန်တူးဂျာသည် KIO မှ နုတ်ထွက်ခဲ့ပြီး နိုင်ငံရေး ပါတီ ဖွဲ့စည်းခဲ့သောကြောင့် မှတ်ပုံတင်ခွင့် ချမပေးခြင်း ဖြစ်နိုင်သည်ဟုလည်း   ပြောဆိုနေကြသည်။

စစ်အစိုးရ၏ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၃)၊ အပိုဒ် ၁၂ (က)၊ အပိုဒ်ခွဲ (၃) ၌ နိုင်ငံရေးပါတီတရပ် အနေ ဖြင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် မတရား အသင်းအဖြစ် ကြေညာခံထား ရသော အဖွဲ့အစည်းနှင့် ပတ်သက်မှုရှိပါက နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိဟု ဆိုထားသည်။

KSPP သည် မြစ်ကြီးနားမြို့တွင် ရုံးဖွင့်ထားပြီး ပါတီ တည်ထောင်ချိန်မှ စ၍ ကချင်ပြည်နယ်တွင် စည်းရုံးရေး လုပ်ငန်းများ ကျယ် ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပါတီမှတ်ပုံတင်ပြီး နောက်ပိုင်းမှ စ၍ စည်းရုံးရေး လုပ်ငန်းများ ရပ်ဆိုင်း ခံထားရ ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ KSPP ပါတီသည် မှတ်ပုံတင်ခွင့်ရရန် အလားအလာ များစွာရှိကြောင်း၊ ရမည်ဟုလည်း ယုံကြည်ထားကြောင်း၊ KSPP ပါတီဝင်များကိုလည်း ပြန်လည် ရှင်းပြသွားမည် ဖြစ်ကြောင်း ဒေါက်တာ မနန် တူးဂျာက ဆိုသည်။

တချိန်တည်းတွင်ပင် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါ တီ ကချင်ပြည်နယ်(ဒစက) UNITY AND DEMOCRACY PARTY OF KACHIN STATE (UDPKS) သည် နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ ရှိရသဖြင့် ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ တည် ထောင်ခွင့် ပြုလိုက်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့ ထုတ် စစ်အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ယင်း UDPKS ပါတီ၏ ခေါင်းဆောင်သည် ဦးကျထိန်နန် ဖြစ်သည်။ ၎င်းသည် ကချင်ပြည်နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း၌ မြို့နယ် စည်းရုံးရေး တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။ 

ယခုကဲ့သို့ KSPP က ပါတီတည်ထောင်ခွင့် အတည်ပြုချက်ရရန် ကြန့်ကြာနေချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ကချင်ပြည်နယ်အတွင်း စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၄ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည် ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီစလုံးကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံ တင် ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်