ဟံသာဝတီ ဦးဝင်းတင် ဂုဏ်ပြုအမှတ်တရစာအုပ် ထွက်ပြီ

E-mail Print
အမေရိကန်အခြေစိုက် မိုးမခ မီဒီယာအဖွဲ့က မကြာသေးမီက အင်းစိန်ထောင်မှလွတ်မြောက်လာသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်၊ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင် ကို ဂုဏ်ပြုသောအားဖြင့် အမှတ်တရစာအုပ်တအုပ်ကို ယနေ့ထုတ်ဝေလိုက်သည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကိုယ်တိုင်းရေးသားခဲ့သည့် ဆောင်းပါး ၆ ပုဒ် အပါအဝင်၊ တခြား စာရေးဆရာ၊ ကဗျာဆရာများက ဦးဝင်းတင် အကြောင်း ရေးသားထားသည့် ဆောင်းပါးနှင့် ကဗျာများကို စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေခြင်းဖြစ်သည်ဟု မိုးမခ အယ်ဒီတာအဖွဲ့ဝင် ကိုမောင်ရစ်က ဧရာဝတီကို ပြောသည်။

“ဦးဝင်းတင်က ၁၉၈၉ မှာ ထောင်ကျတဲ့ စာနယ်ဇင်းဆရာကြီးတဦးလေ … ပြီင်္းတော့ ၈၈ အရေးတော်ပုံမှာ စာနယ်ဇင်းတပ်ဦးကို ဦးဆောင်လာတဲ့သူ။ သူ့ရဲ့ သြဇာဟာ ဒေါ်စုလိုပဲ အကျဉ်းထောင်ထဲမှာ လူထုကိုယ်စား စတေးခံ နေတာနဲ့တင် စစ်အာဏာရှင်တွေကို ချောက်ချားစေတဲ့ သူရဲကောင်း အာဇာနည်ဆိုတော့ စာအုပ်ထုတ်ပြီး ဂုဏ်ပြုတာပေါ့ဗျာ” ဟု ကိုမောင်ရစ်က ပြောသည်။

အဆိုပါစာအုပ်ကို ဦးဝင်းတင် ထောင်မှပြန်မလွတ်မီ ၂၀၀၆ ခုနှစ်ကတည်းက ထုတ်ဝေရန်စီစဉ်ခဲ့သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရ သည်ဟုလည်း ကိုမောင်ရစ်က ပြောသည်။

၎င်းစာအုပ်မျက်နှာဖုံးကို ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေက ရေးသားထားပြီး ကဗျာဆရာကြီး ဦးတင်မိုး၏ ကဗျာ၊ ဆရာ မောင်စွမ်းရည်၊ လူထုစိန်ဝင်းနှင့် ဦးဇင်လင်းတို့ရေးသားသည့် ဆောင်ပါးများ အပါအဝင် ဆောင်းပါး ၇ ပုဒ် ပါဝင်သည်။
စာအုပ်တန်ဖိုးကို အမေရိကန် ၁၀ ဒေါ်လာ သတ်မှတ်ထားပြီး ရောင်းရငွေကို သပိတ်မှောက်စာနယ်ဇင်းသမားများ ကူညီမှုရန်ပုံငွေအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝယ်ယူအားပေးလိုပါက This e-mail address is being protected from spambots. You need JavaScript enabled to view it (သို့မဟုတ်) PO Box 320-207, San Francisco, CA 94132-0207, USA ကို ဆက်သွယ်မှာယူနိုင်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်