မြဝတီမှ သစ်သီးကားများ ရန်ကုန်သို့ သွားခွင့်မရ

E-mail Print
ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲ နေသည့် မြ၀တီ ကုန်သွယ်ရေး ဇုန်မှ ရန်ကုန်သို့ ပို့မည့် သစ်သီးများ တင်ထားသော မော်တော်ယာဉ် အစီး ၃၀ ခန့်ကို ယနေ့ နံနက်ပိုင်းအထိ ထွက်ခွာခွင့် မပြုသေးကြောင်း သတင်းရရှိသည်။

မြဝတီ ကုန်သွယ်ရေးဇုန်ကို ဇူလိုင်လ ၂၈ ရက်နေ့မှ စတင်၍ ကုန်ဝင်ကုန်ထွက် ယာယီ ပိတ်ပင်ထားသော်လည်း ယနေ့တွင် ထွက်ခွာခွင့်ရမည် ဆိုသဖြင့် ပြင်ဆင်ခဲ့ပြီးမှ ထွက်ခွာခွင့် မပေးခြင်းဖြစ်သည်ဟု သိရသည်။

“သစ်သီးတွေကို ရန်ကုန်တင်ပို့ဖို့ လုပ်နေချိန်မှာပဲ ထွက်လို့ မရတော့ဘူးဆိုပြီး တာဝန်ရှိသူတွေက လာပြောသွားတာပါ။ ဘာဖြစ်လို့ မထွက်ရတော့ဘူး ဆိုတာတော့ ရှင်းမပြခဲ့ပါဘူး” ဟု ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

မော်တော်ကားစီးရေ ၃၀ ခန့်တွင် အများစုမှာ သစ်သီးကားများဖြစ်ပြီး တခြား ကုန်ပစ္စည်းကားစီးရေ အနည်းငယ်ပါဝင်ကြောင်း၊ မော်တော်ကား တစီးတွင် ပါရှိသည့် သစ်သီးတန်ချိန် တန်ဖိုးမှာ ကျပ်သိန်း ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှိကြောင်း၊ တင်ပို့မှုကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဆိုပါက သစ်သီးများမှာ စားသုံးမရ ဖြစ်သွားနိုင်ကြောင်း၊ ဆုံးရှုံးမှု ပမာဏလည်း ကြီးမားနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

မြ၀တီမှ ရန်ကုန်သို့ တင်ပို့မည့် သစ်သီးများမှာ ထိုင်းမှ လာသည့် ပန်းသီး၊ ဒူးရင်းသီး၊ ပန်းသစ်တော်သီး၊ စတော်ဘယ်ရီနှင့် ကြက်မောက်သီး စသည်တို့ဖြစ်ကြောင်း သိရသည်။

“တံတားပိတ်တာ ၁၀ ရက် ကျော်ပြီဆိုတော့ ကျနော်တို့ မြန်မာကုန်သည်တွေလည်း သိန်းရာဂဏန်းတွေ အရှုံးပေါ်နေကြပြီ။ အထူးသဖြင့် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ကြတဲ့ ကုန်သည်တွေအတွက် အခြေအနေ အတော်ဆိုးဝါးနေတယ်” ဟု ကုန်သည်တဦးက ပြောသည်။

ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်း-မြန်မာ နယ်စပ် ပိတ်ထားသောကြောင့် ပင်လယ်စာများ ဈေးတက် လာကြောင်း၊ ကုန်သွယ်ရေးတွင် ထိုင်းဘက်မှ ဘတ် ဘီလီယံ ၂၀ ကျော် ဆုံးရှုံးနေပြီဖြစ်ကြောင်း၊ မြန်မာဘက်မှ နယ်စပ် ဖြတ်ကျော်လာရောက်သူ မရှိသောကြောင့် ထိုင်းတက္ကစီကားများနှင့် ဆိုင်ကယ် တက္ကစီများလည်း စီးပွားရေး ထိခိုက်နေသည်ဟု မဲဆောက် အကောက်ခွန်အရာရှိ ပင်မ်ကန်ချနာ လော်ဆရီပိုင်ဘွန်း က ပြောကြောင်း ဖော်ပြထားသည်။ 

နယ်စပ်ကုန်သွယ်ရေး အခြေအနေမှန် ပြန်ရောက်စေရန် ထိုင်းအစိုးရအနေဖြင့် မြန်မာ အာဏာပိုင်များနှင့် အမြန်ဆုံးဆွေးနွေး ရန် လိုကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောထားသည်။

နယ်စပ် ချစ်ကြည်ရေးတံတား ပြန်ဖွင့်နိုင်ရေးအတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် မြဝတီ၌ ထိုင်းနှင့် မြန်မာ အာဏာပိုင်များ တွေ့ ဆုံ ဆွေးနွေးကြသော်လည်း အပြန်အလှန် တောင်းဆိုချက်များကို သဘောတူညီမှု မရသဖြင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေ။

ထိုနယ်စပ် ချစ်ကြည်ရေး တံတားကို ဇူလိုင်လ အစောပိုင်းတွင် တကြိမ် ပိတ်ခဲ့သည်။ ဇူလိုင်လ ၁၇ ရက်မှစ၍ ထပ်မံ ပိတ်ထား ခဲ့ပြီး မည်သည့် အတွက်ကြောင့် ပိတ်သည်ဟု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

မြန်မာဘက်မှ ရေတိုက်စားသည့် နေရာများကို ကမ်းထိန်းတမံများ တည်ဆောက်ပေးရန် ထိုင်းက ပြင်ဆင်နေသည်ကို တွေ့ရပြီး မကြာမီ နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မည်ဟု ထင်ကြောင်း မြဝတီမြို့ ဒေသခံတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်