“ဝ”ဒေသတွင် ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှု ကန့်ကွက်

E-mail Print
“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ၎င်းတို့ ထိန်းချုပ် နယ်မြေအတွင်းသို့ ရွေးကောက်ပွဲ အတွက် စည်းရုံး လှုပ်ရှား ခြင်းများကို ကန့်ကွက် ထားသော်လည်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က ယင်းသို့ ကန့်ကွက်ရန် ဆုံးဖြတ်ချက်ချခြင်း မရှိသေးကြောင်း သိရှိရသည်။

UWSA-2010“ရွေးကောက်ပွဲက သူတို့ဘာသာ သူတို့ လုပ်တာလေ၊ ကျနော်တို့မှ မပါတာ၊ အဲဒါကြောင့် ကျနော်တို့ နယ်မြေထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက် တာတွေကို လက်မခံပါဘူး”ဟု UWSA မှ ဦးဘွမ်သိမ်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို UWSA မှ လက်မခံ သော်လည်း ဝ တိုင်းရင်းသားများ ဖြစ်သော ဦးခွန်ထွန်းလူနှင့် ဦးဖိလစ်ခမ်း တို့က ဝ ဒီမိုကရက်တစ် ပါတီ (WDP) နှင့် ဝ အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ အမည်တို့ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့် လျှောက်ထား ခဲ့သည်။

“ခွန်ထွန်းလူဆိုတာက ကာကွယ်ရေးဝန်ကြီးဌာနက ဒု- ဗိုလ်ချုပ်ကြီး ကိုကို ရဲ့ ယောက်ဖ၊ ၉၀ ပြည့်နှစ်တုန်းက တစည ပါတီ ကနေ ရွေးကောက်ပွဲ ဝင်ဖူးတယ်လို့ ကြားတယ်၊ ဝ ဒေသအတွက် လူပေါင်း ၅၀၀၀- ၆၀၀၀ လောက်ရဲ့ အသက်တွေ ကို ရင်းထားရတာ၊ အဲလိုနေရာကို သူတို့တွေ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားပြုခိုင်းမယ်ဆိုရင် လက်တွေ့ မကျလှဘူး”ဟု တရုတ်- မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းတို့နယ်မြေအတွင်းတွင် ရွေးကောက်ပွဲအတွက် စည်းရုံးခွင့်မပြုဆိုသည့်အချက်ကို UWSA မှ တာဝန်ရှိသူများက ဇူလိုင်  လဆန်းပိုင်းကတည်းက တရားဝင်ထုတ်ဖော်ပြောဆိုထားကြောင်း သိရှိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီး ၆ ခု သတ်မှတ်ပေးထားသော်လည်း ရှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်နှင့် ပန်ယန်းမြို့နယ်တို့သည် စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသေးသည်။

WDP နှင့် ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ တို့သာမက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်လာလျှင်လည်း လက်ခံလိမ့်မည် မဟုတ်ဟု ထင်မြင်ကြောင်း ဦးအောင်ကျော်ဇော က ဆက်လက်ပြောဆိုသည်။

KIO ၏ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံဖြစ်သော ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင် က ရွေးကောက်ပွဲအတွက် ၎င်းတို့နယ်မြေ အတွင်း စည်းရုံးမှုများအပေါ်တွင် ယတိပြတ် ဆုံးဖြတ်ခြင်း မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းကပင် ဆက်လက်၍“ကျနော်တို့က နိုင်ငံတော်အစိုးရနဲ့ ပဋိပက္ခမဖြစ်အောင်၊ ပြီးတော့ ကျနော်တို့ရဲ့ အသွင် ကူးပြောင်း ရေး ကာလ အတွက် ချင့်ချိန်ပြီးမှ ပေါင်းသင်းဆက်ဆံနေရတဲ့ ကာလလည်းဖြစ်တဲ့ အတွက် ဒါတွေကတော့ အတိအကျ ပြောလို့ မရသေးပါဘူး၊ ကျနော်တို့ရဲ့ မိတ်ဖြစ် ဆွေဖြစ်နေတာတွေကိုမပျက်စီးရေးအတွက် ချင့်ချိန်ပြီး လုပ်ရမယ့်အလုပ် ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

သို့သော် KIO ၏ ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) သည် ၎င်းတို့ပါတီ စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်ကတည်းက စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်က ပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်က လည်း ၎င်းတို့နယ်မြေအတွင်းသို့ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ စည်းရုံးလှုပ်ရှားမှုများ မရှိသေးသဖြင့် NMSP ဘက်မှ မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ခြင်းမရှိသေးကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

ယင်းအပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် နအဖ စစ်အစိုးရက ၂၀၀၉ ခုနှစ် ဧပြီလမှ စတင် ဖိအားပေးခဲ့ရာ UWSA, NMSP နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်