KNLA နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ နအဖ ၉ ဦး ကျဆုံး

E-mail Print
နအဖ စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ဒု တပ်ရင်းမှူး အပါအ၀င် ၉ ဦး ကျဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။

အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ KNLA တပ်မဟာ (၇) ထိန်းချုပ်ရာဒေသအတွင်း နအဖ၏ စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) (၁၉) လက်အောက်ခံ ခြေလျင်တပ်ရင်း (၆၂) တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောပြသည်။

နအဖ တပ်များက ယင်းဒေသ၌ လှုပ်ရှားနေသော KNLA တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရန် ၀င်ရောက်လာစဉ် ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်ခံရသောကြောင့် ယခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း ဖဒို စောအောင်မော်အေးက ဆိုသည်။

“အရင်တုန်းကလည်း ကျနော်တို့သွားရင် သူတို့လာတယ်။ မေးတယ်၊ မြန်းတယ်၊ ရှင်းတယ်။ သူတို့ မရှင်းရင် DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်) ကို လာရှင်းခိုင်းတယ်။ ဒါပေမယ့် ကျနော်တို့ ရှောင်တယ်။ အခုတကြိမ်တော့ ကျနော်တို့ မရှောင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ တပ်အင်အား ၁၂၀ ခန့်ရှိပြီး KNLA ဘက်မှ တပ်သား ၁၅ ဦးတို့က ပြောက်ကျား စနစ်ဖြင့် မိနစ် ၃၀ ခန့်ကြာ တိုက်ခိုက်ခဲ့ကြောင်း၊ KNLA တပ်ဖွဲ့ဝင်များ သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိသူများ မရှိကြောင်း ဖဒို စောအောင် မော်အေးက ပြောသည်။

တိုက်ပွဲတွင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို DKBA နှင့် ယင်း ဒေသရှိ ဒေသခံရွာသားများကို အကူအညီတောင်း၍ နအဖ တပ်များက ဝေါလေတပ်စခန်းသို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

ထိုဒေသများတွင် KNLAတပ်ဖွဲ့ဝင်များ အပြင် DKBAမှ (၉၉၉) တပ်ဖွဲ့ဝင်များနှင့် စကခ လက်အောက်ခံ တပ်ရင်း ၄ ရင်းခန့် အခြေစိုက်ကာ လှုပ်ရှားလျက်ရှိသည်။

KNLA တပ်ဖွဲ့ဝင်များနှင့် ကရင်ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့တဖွဲ့ ဖြစ်သည့် Free Burma Rangers (FBR) တို့ ပူးပေါင်း ၍ ထို ဒေသအတွင်းရှိ ရွာသားများကို ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ကူညီ ပေးနေကြောင်း သိရ သည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် အတွင်း၌ နအဖ စစ်တပ် ယာဉ်တန်းတခုကို KNU တပ်ဖွဲ့ဝင် များက ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်