အကျဉ်းကျ တိုင်းရင်းသား မိသားစုများကို NLD ခေါင်းဆောင်များ တွေ့ဆုံ

E-mail Print
ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များက ထောင်ဒဏ် ကျခံနေရသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား မိသားစုများ၏ နေအိမ်သို့ ယမန်နေ့က သွားရောက် အားပေးစကား ပြောကြောင်း သိရသည်။

Khun-Tun-Oo's-familyဦးခွန်ထွန်းဦး၏ နေအိမ်တွင် ၎င်းမိသားစုအပြင် တိုင်းရင်းသား နိုင်ငံရေး အကျဉ်းသား များ၏ မိသားစုများ နှင့်လည်း တွေ့ဆုံပြီး စိတ်ဓာတ် ပိုင်းဆိုင်ရာ အားပေးမှုများ အပြင် တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ NLD ပါတီ၏ ရပ်တည်ချက် များကို ရှင်းလင်း ပြောပြခဲ့ သည်ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

“အကျဉ်းကျနေတဲ့ တိုင်းရင်းသား နိုင်ငံရေး သမားတွေရဲ့ အရည်အချင်းတွေ အနစ်နာ ခံမှုတွေကို ချီးကျူးတယ်၊ ပြီးတော့ တိုင်းရင်း သားတွေနဲ့ ပတ်သက်ပြီးတော့ NLDရဲ့ သဘောထားကို ထပ်လောင်းပြီး ရှင်းပြ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကို မ၀င်သော်လည်း တိုင်းရင်းသားများနှင့် ပတ်သက်၍ တန်းတူညီမျှ ရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ရှိရေးဆိုသည့် ပြည်ထောင်စု စစ်စစ်မူကိုသာ ဆက်လက်ကိုင်ဆွဲထားကြောင်း တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်တချို့ကို ရှင်းပြခဲ့သည်ဟု ဦးဝင်းတင်က ပြောသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများနှင့် တွေ့ဆုံချိန်မှာ ၂ နာရီခွဲခန့် ကြာမြင့်ပြီး ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်၏ မိသားစု အပါအ၀င် ရခိုင်ကျောင်းသားခေါင်းဆောင်များ၏ မိသားစုများနှင့် ချင်း ခေါင်း ဆောင်တဦးဖြစ်သည့် ဦးပူကျင့်ရှင်းထန် လည်း လာရောက်ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ရာတွင် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် ဒေါက်တာ ဒေါ်မေ၀င်းမြင့်၊ ဦးနိုင်းနိုင်း နှင့် လူငယ်အဖွဲ့မှ မဖြူဖြူသင်းတို့ ပါဝင်သည်။

မကြာသေးမီကလည်း ဦးဝင်းတင် ဦးဆောင်သည့် NLDပါတီဝင်များသည် အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီး ၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် ဆန္ဒပြခဲ့သည့် ကိုထင်ကျော် အပါအ၀င် အကျဉ်းကျနေသူများ၏ မိသားစုဝင်များနှင့် လည်းကောင်း၊၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုကြောင့် အကျဉ်းကျခံခဲ့ရသည့် သံဃာတော်များ၏ မိသားစုများကိုလည်း ဆက်လက်တွေ့ဆုံဦးမည်ဟု ဦးဝင်းတင်က ဆက် လက် ရှင်းပြသည်။

အကျဉ်းကျခံနေရသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးသည် ၁၉၉၀ ခုနှစ် မေလတွင် ကျင်းပသည့် ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သော SNLD ဥက္ကဋ္ဌ ဖြစ်ပြီး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက “သျှမ်းပြည် အတိုင်ပင်ခံ ကောင်စီ”ဖွဲ့စည်းသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် ၉၃ နှစ် အပြစ်ပေးခံရပြီး ပူတာအိုထောင်တွင် ပြစ်ဒဏ် ကျခံနေရသူဖြစ်သည်။

SNLD သည် စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဘဲ ပါတီမှတ်ပုံတင်ရန် ငြင်း ပယ်ခဲ့ သည်။ ယခု အခါတွင် ဥပဒေ ပညာရှင်များနှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့(UNA) အဖွဲ့ဝင် များ ပါဝင်သည့် အဖွဲ့က ရွေးကောက်ပွဲ ပညာပေးလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်းရှိ နေရာဒေသများစွာတွင် လုပ်ဆောင်နေ သည်ဟု SNLD နှင့် နီးစပ်သူတဦးက ပြောသည်။

“အဓိကကတော့ ကြံ့ခိုင်ရေး ပါတီက မတရားလုပ်နေတာတွေဟာ ဘောင်မ၀င်ဘူး၊ စည်းကမ်းနဲ့ မညီဘူး၊ မဲလိမ် မဲခိုးတာတွေ ကြိုတင်မဲယူတာတွေလုပ်တာတွေကို  ဘယ်လိုဖော်ထုတ်မလဲဆိုတာပါ”ဟု ၎င်းက ဆိုသည်။

ထို့အပြင်၂၀၀၈ ဖွဲစည်းပုံ အားနည်းချက်နှင့် တရားမျှတမှု မရှိခြင်းများကိုလည်း ထောက်ပြဆွေးနွေးမှုများ ပြုလုပ်ကြောင်း SNLD နှင့် နီးစပ်သူက ဆက်လက်ပြောသည်။

ယင်း လှုပ်ရှားမှုများကို ပြီးခဲ့သည့်  မေလကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ် ၁၅ မြို့နယ်ခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်