ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားရန် အစီအစဉ်မရှိ

E-mail Print
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် မြန်မာပြည်သို့ သွားရောက် လည်ပတ်မည့် အစီအစဉ် မရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ထိုင်းဝန်ကြီးချုပ်က မြန်မာပြည်ကို မသွားသေးဘူး။ ဘယ်တော့သွားမလဲ ဆိုတာလဲ မသိဘူး။ လာမယ့် သောကြာနေ့မှာလည်း အထက် လွှတ်တော် အစည်းအဝေး ရှိတယ်” ဟု ၎င်းက ဆိုသည်။

Abhisit-Vejjajiva-apနေပြည်တော်မှ အမည် မဖော်လိုသူ စစ်အရာရှိ တဦးက “လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ရေး အတွက် ထိုင်းဝန်ကြီးချုပ်က ဆွေးနွေး တိုက်တွန်း လာနိုင်တာကို ရှောင်ရှားဖို့ ထိုင်း-မြန်မာ နယ်စပ်ကို ဗိုလ်ချုပ်မှူးကြီးက တမင် ပိတ်ခိုင်း ထားတာ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရကို ထိုင်းက ပြောဆို တိုက်တွန်းဖို့ အနောက် နိုင်ငံတွေက ဖိအားပေးနေ တယ်လို့ နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်နေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်လာခဲ့လျှင် နယ်စပ်ကိစ္စကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေပါက ထိုင်းဝန်ကြီးချုပ် အဖိဆစ်အနေဖြင့် မြန်မာ့နိုင်ငံရေးကို ဝင်ရောက်ပြောဆိုရန် အခက်အခဲ ရှိလိမ့်မည် ဖြစ်ကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တံတား ပိတ်ခြင်းသည် နယ်စပ်ပြဿနာထက် နိုင်ငံရေး ပြဿနာကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ စစ်အရာရှိက ပြောသည်။

ယခုနှစ် ဇူလိုင်လတွင် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ခရီးစဉ် အချိန်ဇယား ဆွဲရန် အခက်အခဲ ဖြစ်နေသောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်ဟု ဆိုသည်။

အလားတူပင် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ သွားရန် စီစဉ်ခဲ့သော်လည်း ဒေါ်အောင် ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ဖူးသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များက ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရှိရသည်။

တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက်ရှိကြောင်း ထိုင်းသတင်း များက ဖော်ပြသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်