“ကျားမလေးများရဲ့နှစ်” စီးရီး ထွက်ရှိ

E-mail Print
သြစတြေးလျနိုင်ငံမှ နိုင်ငံတကာ အဆင့် ဖျော်ဖြေမှု သရုပ်ပြ (Performance) သင်တန်း ဆရာမနှင့် မြန်မာပြည်ရှိ Sound Impact Production တို့ ပူးပေါင်း၍ Tiger Girls အမျိုးသမီး အဆိုတော် အဖွဲ့သစ် ဖွဲ့စည်းကာ တေးစီးရီး တခု ထုတ်လိုက် ကြောင်း သိရသည်။

Tiger-Girlsယင်း တေးစီးရီးမှာ Pop ၊ R&B တေးသီချင်း အမျိုးအစားများ ပါဝင်သည့် Year of the Tiger Girls (ကျားမလေးများရဲ့နှစ်) အမည်ရှိ တေးစီးရီး ဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်နေ့ က တိတ်၊ စီဒီ အနေနှင့် ထွက်ရှိခဲ့သည်။ 

Tiger Girls အဖွဲ့ အား စီးတီး အက်ဖ်အမ် တွင် ဖျော်ဖြေရေး ကဏ္ဍ တခုကို တာဝန်ယူတင်ဆက်နေသည့် Sound Impact Production ကုမ္ပဏီနှင့် Australia မှ International Performance & Trainer Nicole May တို့ ပူးပေါင်း၍ ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

Tiger Girls အဖွဲ့တွင် Electro tiger (ထိုက်ထိုက်)၊ Chilly Tiger(ခေမီ) ၊ Tricky Tiger(ဝေနှင်းခိုင်)Missy Tiger(ဆုပြည့် မှူး အိမ်)နှင့် Baby Tiger(အမွန်း) တို့ ပါဝင်သည်။

ယင်းTiger Girls အဖွဲ့ကို ဖွဲ့စည်းရန်အတွက် အဆို ပြိုင်ပွဲ ၀င်ရန်လျှောက်လွှာများခေါ်ယူခဲ့ပြီး အဆင့် ၃ ဆင့် သတ်မှတ်ကာ ယှဉ်ပြိုင်စေခဲ့ကြောင်း၊ သီဆိုယှဉ်ပြိုင်သူများထဲမှ ပထမဆင့် လူ ၁၀၀ ၊ ဒုတိယဆင့် လူ၂၀ ၊ နောက်ဆုံးအဆင့်  ၅ ဦး အား  ရွေးချယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု Sound Impact Productionမှ Creative Manager ကိုသက်ပိုင်ဖြိုးက ပြောသည်။

“အခွေထုတ်လို့ရလာတဲ့ အကျိုးအမြတ်တွေကို မိဘမဲ့ကလေးတွေကို လှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းဝါသနာ ပါတဲ့ အဆိုတော်သစ်တွေ လမ်းကြောင်းလေးတခု ရသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ပရိုဂျူဆာက အခုလို စီစဉ်ခဲ့တာ”ဟု ၎င်းက ရှင်းပြသည်။

“နိုင်ငံခြားသူက အဓိက အဆိုပိုင်းရယ်၊ အကပိုင်းရယ်ကို သင်ပေးတာပါ။ ဒီအဖွဲ့လေးကို ပရိသတ်နဲ့ ရင်းနှီးအောင်ဆိုပြီး သင်္ကြန်သီချင်း၂ ပုဒ် အပါအ၀င် အချစ်သီချင်း တပုဒ် စုစုပေါင်း ၃ ပုဒ်ကို အွန်လိုင်းကတဆင့် ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန် စာမျက်နှာမှာ အခမဲ့ ဝေခဲ့တယ်”ဟု ၎င်းက ဆက်ပြောသည်။

ဂီတလောကထဲ ၀င်ရောက်ရန် ငွေကြေး အပါအ၀င် တခြားသော အခက်အခဲများကြောင့် အဆိုတော်သစ်များ အနေနှင့် ယခုကဲ့သို့ ပြိုင်ပွဲများမှတဆင့် ဂီတ လောကထဲရောက်ရှိရန်ကြိုးပမ်းခြင်းသည် အခွင့်အလမ်း ပိုမိုများပြားကြောင်း Tiger Girls အဖွဲ့မှ ထိုက်ထိုက် က ပြောသည်။

“အဆိုတော် အသစ်တွေအနေနဲ့ ဒီလို အဆို ပြိုင်ပွဲတွေက တဆင့် အခွေထုတ်တဲ့ အဆင့်အထိ ရောက်အောင် ကြိုးစားဖို့ အခွင့် အလမ်းတွေ ရလာသလို၊ ကိုယ်တကယ် အရည်အချင်း အမှန်ရှိမှသာလျှင် အနုပညာလောကထဲကို ၀င်လို့ရတဲ့ အကန့်အသတ် မျိုးလေးလည်း ဖြစ်သွားစေပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

“သင်ပေးတဲ့ သူက နိုင်ငံခြားသူ ဖြစ်တော့  မြန်မာတွေအမြင်နဲ့ ကြည့်ရင် ရိုင်းသွားတာမျိုးတွေရှိတယ်။ သူက အရမ်း လုပ်ပြ ချင်တဲ့ အခါကျတော့ ပရိသတ်အားပေးမှုထက် လက်ခံမှုရဖို့ ခက်သွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ အဲဒီအပိုင်းမှာ သူ့ကို နားလည်အောင် ရှင်းပြပြီး ညှိရတာတွေရှိတယ်”ဟု ထိုက်ထိုက်က ရှင်းပြသည်။

Australia Trainer Nicole May သည် အဆိုပိုင်းနှင့် ဖျော်ဖြေမှု သရုပ်ပြ အပိုင်းကို အဓိက သင်ကြား ပေးခြင်း ဖြစ်သည်။

ဆုပြည့်မှူးအိမ် ကလည်း “သင်တန်း ကာလ ၅ လ နဲ့ တပတ်ရှိ သွားပါပြီ။ ဒီသင်တန်း တက်ပြီးတဲ့ နောက်မှာ ကိုယ့်အနေနဲ့ ကီးတွေ၊ ဟာမိုနီတွေက အစ စနစ်တကျ ရှိသွားတယ်” ဟု ပြောသည်။

ဂီတ လောကတွင် ခိုးကူးခွေ ပြဿနာကို ထိရောက်စွာ နှိမ်နင်းနိုင်မှု မရှိသေး ခြင်းကြောင့် နာမည်ကြီး အဆိုတော်များပင် သီချင်းခွေ ထုတ်လုပ်မှုတွင် လျော့ကျမှု ရှိနေသကဲ့သို့ အဆိုတော် အသစ်များ အနေနှင့် ဂီတ လောကသို့ ၀င်ရောက်ရန် ယခုကဲ့သို့ အဆိုပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် လမ်းကြောင်းအား ရွေးချယ်မှုများပြားလာကြောင်း ရန်ကုန်မြို့မှ အဆိုတော် တဦးက ပြောသည်။

“အခုဆို ကုမ္ပဏီတွေက အဆိုပြိုင်ပွဲတွေလုပ်ပြီး အကောင်းဆုံး ၅ ယောက်တို့ ၊ ၃ ယောက်တို့ ရွေးပြီး အခွေထုတ်ပေးတဲ့ စီးပွားရေး ပြောင်းလာတာ တွေ့ရတယ်။ အဆိုတော် သစ်တွေအနေနဲ့ ငွေကြေး အရင်းအနှီး အများကြီးမလို သလို ၊ အရည် အချင်းရှိတဲ့ အဆိုတော်သစ်တွေ ထွက်ပေါ်လာဖို့လည်း များလာတယ်”ဟု ၎င်းက ဆိုသည်။ (Tiger Girls အဖွဲ့၏ သီချင်းကို ဤနေရာတွင် ကူးယူနားဆင်နိုင်ပါသည်)

သျှင်ဒီစံ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်