မြန်မာလူဦးရေ ၁၀ ရာခိုင်နှုန်း အငတ်ဘေးကြုံနေ

E-mail Print
စားနပ်ရိက္ခာ လုံလောက်မှု မရှိသဖြင့် မြန်မာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်း (၁၀ ဦးလျှင် ၁ဦး) ခန့်သည် နေ့စဉ် အငတ် ဘေးနှင့် ရင်ဆိုင်နေရကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂ (UN) မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

WFP in Nargisမြန်မာနိုင်ငံမှ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် စသည့် နေရာများတွင် အစာရေစာ ရှားပါးခြင်း၊ ငတ်မွတ်ခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်ဖြစ်သော အလယ်ပိုင်း ဒေသများတွင် မိုးရေလုံလောက်စွာ မရရှိနိုင်သည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ် သောကြောင့် လည်းကောင်း၊ စစ်အစိုးရ၏ သွားလာခွင့် တင်းကျပ်ထားမှုများကြောင့် မြို့အနည်းငယ်သို့သာ စားနပ်ရိက္ခာ နှင့် အထောက်အပံ့များ ဖြန့်ဖြူးပေးနိုင်ခဲ့သောကြောင့် လည်းကောင်း အစာရေစာ မလုံလောက်မှုများ ဖြစ်ပေါ်လာရသည် ဟု  ရန်ကုန်မြို့အခြေစိုက် WFP ဌာနေကိုယ်စားလှယ် မစ္စတာ ခရစ္စကေး က Alert Net သတင်း ဌာနသို့ ပြောဆိုထား သည်။

စစ်အစိုးရက WFP ကို တိုင်းရင်းသား နယ်မြေအများစုသို့ ရိက္ခာနှင့် အထောက်အပံ့များ ပို့ဆောင်ခြင်းကို ကန့်သတ် ထား သည်ဟုလည်း သိရှိရသည်။

“မြန်မာအစိုးရ ကိုယ်တိုင် အထောက်အပံ့တွေ လိုအပ်နေသေးတယ်ဆိုတာ ကျနော်တို့ သိပါတယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့ ထောက်ပံ့မှုတွေဟာ နေရာတိုင်းကို မရောက်နိုင်သရွေ့တော့ ဒီလိုကိစ္စမျိုး ဖြစ်ပေါ်နေဦးမှာပါပဲ”ဟု မစ္စတာ ခရစ္စကေး က ဆိုသည်။

အဆိုပါ ကုလသမဂ္ဂ အစီရင်ခံစာကို မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ လက်ခံအတည်ပြု ထားကြောင်းလည်း သိရှိရသည်။

လက်ရှိကာလတွင် WFP သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရှိသော လူဦးရေ နှစ်သန်းခန့်အတွက် စားနပ်ရိက္ခာ ထောက်ပံ့ရန် သုံးနှစ် စီမံကိန်း တခုရေးဆွဲထားကြောင်း၊ ယင်းစီမံကိန်းတွင် သုံးရန် လိုအပ်သည့် အမေရိကန် ဒေါ်လာ ၁၂၂ သန်းအတွက် အလှူရှင်များကိုလည်း UN မှတဆင့် ရှာဖွေလျှက် ရှိကြောင်း ရိုက်တာ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စပါးကျီဟု တချိန်က ခေါ်ဆိုခဲ့သော မြစ်ဝကျွန်းပေါ်ဒေသသည် ၂၀၀၈ နာဂစ် မုန်တိုင်းအပြီး၌ အခြားဒေသ များမှ ဆန်စပါး ပြန်လည် တင်သွင်းရသည့် အခြေအနေမျိုးအဖြစ် ပြောင်းလဲခဲ့သည်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များသည်လည်း ၂၀၀၈ နာဂစ်မုန်တိုင်းအပြီးတွင် မြင့်တက် လာခဲ့ကြောင်း၊ သို့သော်လည်း ယခု စတင်မည့် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက် စီမံကိန်းအတွက် အလှူရှင်များ ရရှိလိမ့်မည်ဟု မဆိုနိုင်ကြောင်း မစ္စတာ ခရစ္စကေး က ပြောဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်