ရွေးကောက်ပွဲ နှောင့်ယှက်လျှင် ထောင် အနှစ် ၂၀ ကျနိုင်

E-mail Print
၂၀၁၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ ပုဒ်မ ၃ အရ တားမြစ်ချက်များကို မည်သူမဆို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှု ထင် ရှားပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အနှစ်၂၀ အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတွင် ရေးသားထားသည်။

ယင်း ဥပဒေ ပုဒ်မ ၃ သည် နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေး၊ အမျိုးသား ညီလာခံ
လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောက်ယှက် ဆန့်ကျင်ခြင်းမှ ကာကွယ်သော ဥပဒေ တရပ်ဖြစ်ကြောင်း ဥပဒေလေ့လာသူ တဦး အမည်ခံ ဆောင်းပါးရှင်းက ဆိုသည်။

“အေးချမ်းသာယာ၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးတို့ကို ဟန့်တား နှောင့်ယှက် ဆန့်ကျင်ရာ ရောက်သော ကြောင့် ယင်းတို့ကို အကာအကွယ်ပေးရန် အတွက် နိုင်ငံတော် ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အထက်ပါ ဥပဒေကို ပြ ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်”ဟု ဖော်ပြ ရေးသားထားသည်။ 

ထို့အပြင် ပုဒ်မ ၃ ပါ တားမြစ်ချက် တခုခုတွင် အဖွဲ့အစည်း တခုခုက ဖောက်ဖျက် ကျူးလွန်ခြင်း ဖြစ်စေ၊ စီစဉ်ဆောင်ရွက်မှု ဖြင့် သော်လည်းကောင်း၊ အားပေးကူညီမှုဖြင့် သော်လည်းကောင်း၊ မည်သူမဆို ဖောက်ဖျက် ကျူးလွန်ပါက ယင်း အဖွဲ့ အစည်းကို ကာလသတ်မှတ်ပြီး ရပ်ဆိုင်းထားနိုင်ကြောင်း၊ ဖျက်သိမ်းနိုင်ခြင်း သို့မဟုတ် ဥပဒေအရ မတရား အသင်းအဖြစ် ကြေညာနိုင် ကြောင်းလည်း ၎င်း ဆောင်းပါးရှင်က ဆိုသည်။

အရေးယူခြင်း ခံရသည့် အဖွဲ့အစည်းပိုင် ငွေကြေးနှင့် ပစ္စည်းများကိုလည်း နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ကြောင်း သိရ သည်။

“တဖက်တွင် နိုင်ငံတော်နှင့် ပြည်သူတို့က တည်ငြိမ်အေးချမ်းအောင်မြင်သော ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ကြိုးပမ်းလေ့ ရှိကြ သော်လည်း အခြားတဖက်တွင် အကြောင်းအမျိုးမျိုးပြ၍ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး ပြုလိုသူများ၏ အန္တရာယ်များနှင့် လည်း ကြုံတွေ့လေ့ရှိသည်။ သို့ဖြစ်ရာ ခေတ် အဆက်ဆက်တွင် ရွေးကောက်ပွဲ အောင်မြင်စေရန်နှင့် ပြည်သူများ၏ ဒီမိုကရေစီ အခွင့် အရေးများ ထိခိုက် နစ်နာမှု မရှိစေရန် လိုအပ်သော ဥပဒေများ ပြဌာန်း ကျင့်သုံးခဲ့ရကြောင်း တွေ့ရှိရသည်”ဟု ၎င်း ဆောင်းပါးရှင် က ဆိုသည်။

၁၉၇၃ မှ စတင်၍ ၁၉၈၉ ခုနှစ်တို့တွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ ကောင်စီ အဆင့် ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာတို့တွင် ထည့်သွင်း ပြဌာန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အခန်း ၉၊ ပုဒ်မ ၃၉၁ မှ ပုဒ်မ ၄၀၃ အထိ ရွေးကောက် တင်မြှောက်ခြင်းနှင့် စပ်ဆက်၍ ပြဌာန်းထားပြီး ရွေးကောက်ပွဲ ဆိုင်ရာ အခွင့်အရေးများ ပေးထားကြောင်း၊ ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင်လည်း အလားတူ အခွင့်အရေးများ ပေးထားကြောင်း သတင်းစာ ဆောင်းပါးတွင် ပါရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်