တာဝန်မဲ့ အလုပ်ရှာဖွေရေး အေဂျင်စီကြောင့် စင်္ကာပူရောက် မြန်မာနိုင်ငံသား ၂၀ ဒုက္ခဖြစ်

E-mail Print
ရန်ကုန်မြို့ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုက စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ် ကိုင်လိုသူ လူ ၂၀ ကို အလုပ်အကိုင်နှင့် နေစရာအတွက် အာမခံစာချုပ်ကာ ဝန်ဆောင်ခ စုစုပေါင်းကျပ်ငွေ ၄၂ သိန်းစီ ယူဆောင်ခဲ့သော်လည်း အလုပ်အကိုင်အဆင်မပြေသည့်အပြင် အခက်အခဲများနှင့် ရင်ဆိုင်ရသော ကြောင့် ကာယကံရှင်များက ယင်းအေဂျင်စီအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။  

ကျောက်တံတားမြို့နယ်ရှိ ယူနစ်ပါဝါ (Unique Power company) ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက အဆိုပါလူ ၂၀ ကို ဇူလိုင်လနှင့် သြဂုတ်လတွင် စင်ကာပူ နိုင်ငံသို့ အလည်အပတ် ဗီဇာဖြင့် ပို့ဆောင်ပေးခဲ့သော်လည်း ဗီဇာသက်တမ်း တလကုန်ဆုံးသည့်တိုင် အလုပ်အကိုင် မရရှိခဲ့ဟု ကာယကံရှင်တဦး ဖြစ်သူ ကိုနိုင်ဖြိုးအောင်၏အဒေါ် ဒေါ်သီတာလွင်က ပြောသည်။

“ကုမ္ပဏီပိုင်ရှင် ဒေါ်အေးနန္ဒာက စင်ကာပူမှာ ကုမ္ပဏီအလုပ်ရမယ်။ စင်္ကာပူဒေါ်လာ ၈၀၀ နေစရိတ်ငြိမ်း ရမယ်။ အချိန်ပို ကြေးလည်း ရနိုင်တယ်လို့ ပြောတယ်” ဟု ဒေါ်သီတာလွင်က ဧရာဝတီ သို့ပြောသည်။

ထိုသူတို့မှာ မြန်မာနိုင်ငံသို့ ပြန်ရန်လည်း လေယာဉ်လက်မှတ် အဆင်မပြေဘဲ စင်ကာပူနိုင်ငံရှိ ဘုန်းကြီး ကျောင်း၌ တည်းခို နေခဲ့ရကာ အခက်အခဲ တွေ့နေစဉ် အေဂျင်စီကိုအကြောင်းကြားသော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ရရာအလုပ် ကြမ်းကို လုပ်ကိုင်ခဲ့ရကြောင်း သိရသည်။

ကာယကံရှင်မိသားစုဝင်များကို ဒေါ်အေးနန္ဒာကအတွေ့မခံသဖြင့် ကျောက်တံတား ရဲစခန်းတွင်တိုင်ကြားရာ ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူများက  ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ငြင်းဆိုသည်ဟု ဒေါ်သီတာလွင်က ပြောသည်။

“ကျမတို့က စာချုပ်စာတန်းနဲ့ အလုပ်လုပ်ကြတာလေ။ ဒီစာချုပ်စာတန်းတွေနဲ့ ကျောက်တံတား ရဲစခန်းကိုတိုင်တော့ စခန်းမှူး ဦးစိုးလွင်က လုံးဝတာဝန်မယူဘူး။ ဒုရဲအုပ် သောင်းရင်နဲ့ ဒုရဲအုပ် အုန်းမြင့်တို့က သူတို့နဲ့ မဆိုင်ဘူးလို့ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ယမန်နေ့က နေပြည်တော်ရှိ သက်ဆိုင်ရာ လူကြီးများထံ တိုင်ကြား ရန်ကြိုးစားခဲ့ကြောင်း မိသားစုဝင်တဦးက ပြောသည်။

 “မနေ့က နေပြည်တော်ကို ဆင်းသွားပြီးတိုင်တယ်။ ရဲမှူးကြီးဝင်းခေါင် နိုင်ငံခြားကိုသွားနေတယ်။ နောက်နှစ်ရက်လောက် ကျမှလာပါလို့ ပြောတယ်။ နောက်နောင်ဒီလို လုပ်စားနေတဲ့သူတွေမရှိတော့အောင် တိုင်တာပါ။ ကျမတို့က ရှိလို့သွားတာ မဟုတ်ဘူး။ စီပွားရေးအဆင်ပြေနိုးနိုးနဲ့ မရှိမဲ့ ရှိမဲ့ ချေးငှားပြီး ပို့ခဲ့ရတာပါ” ဟု ဒေါ်သီတာလွင်ကဆိုသည်။

ဧရာဝတီမဂ္ဂဇင်းမှ ယူနစ်ပါဝါ ကုမ္ပဏီပိုင်ရှင် ဒေါ်အေးနန္ဒာ၏ လက်ကိုင်ဖုန်းကို ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ကုမ္ပဏီကို ဖုန်းဆက်သော်လည်း ရုံးတွင်မရှိကြောင်း ဝန်ထမ်းများက ဖြေကြားပြီး ဖုန်းဆက်သူ အမည်ကိုသာ ယူထားခဲ့သည်။

လူ၂၀ ထဲမှ ကိုအောင်မြတ်သူမှာလည်း  မြန်မာပြည်ရှိအိမ်ကို ပေါင်နှံကာ စင်ကာပူသို့ သွားရောက်ခဲ့ရသည်။ ၎င်းမှာ အလုပ် မရဘဲ အနေအစား ဆင်းရဲစွာဖြင့် ၁ လနှင့်ရက်၂၀ ကြာ နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်လာကာ အမှုဖွင့်တိုင်တန်းခဲ့သည်။

ကိုနိုင်ဖြိုးအောင်သည် တလကျော်ကြာ စင်ကာပူတွင် နေပြီးနောက် မလေးရှားနိုင်ငံဘက်သို့ ဆက်လက် ထွက်သွားသော် လည်း ကျန် ၁၉ ဦးမှာ မြန်မာနိုင်ငံသို့ပြန်ရောက် လာခဲ့ကြောင်း သိရသည်။

ကာယကံရှင်များမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဗိုလ်ချှုပ်မှူးကြီး ဦးသန်းရွှေအပါအဝင် အထူးစုံစမ်း စစ်ဆေးရေးဌာန၊ ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် စသည့် နေရာများသို့ တိုင်စာ ပို့ခဲ့သော်လည်း အရေးယူခြင်း မရှိ ကြောင်း ဒေါ်သီတာလွင်က ဆိုသည်။

“အခုနောက်ပိုင်း စင်ကာပူမှာ အလုပ်အကိုင် ပိုပိုရှားလာတယ်။ ၆ လလောက်ရှိပြီ။ အခုက တကမ္ဘာလုံး စီးပွားရေးကျတဲ့ အချိန်ရောက်နေတော့ စင်ကာပူနိုင်ငံလည်းထိခိုက်တယ်။ ကျနော်တို့လို နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ဖြုတ်တာ လခမပေးတာတွေ ရှိပါတယ်” ဟု လက်ရှိ စင်္ကာပူတွင် နေထိုင်သည့် မြန်မာပြည်သားတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်