UDP ပါတီ ဥက္ကဋ္ဌ နုတ်ထွက်

E-mail Print
စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ် တရားမျှတခြင်း ရှိမည်မဟုတ် သောကြောင့် ပြည်ထောင်စု ဒီမိုကရေ စီပါတီ (UDP) ဥက္ကဋ္ဌ တာဝန်ကို ယူထားသည့် ဦးဖြိုးမင်းသိန်းက ယင်းပါတီမှ ယနေ့ နုတ်ထွက်လိုက်သည်။

Phyo-Min-Theinရွေးကောက်ပွဲ ကော်မရှင် ဆောင်ရွက်ချက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းလာမှု၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ခွင့်ရရှိရေး၊ နိုင်ငံရေး အင်အားစုများကို လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် ပြုရေးနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များ မရှိသည့် အတွက်ကြောင့် နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ထားသော ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးဖြိုးမင်းသိန်းသည် မှတ်ပုံ တင်ခွင့်ပြုချက် ရရှိထားပြီးသော နိုင်ငံရေးပါတီ ၄၀ ထဲမှ ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတခြင်း ရှိမည် မဟုတ်သော ကြောင့်ဟု ဝေဖန်ပြီး ပါတီ၏ ဥက္ကဌ ရာထူးမှ ပထမဆုံး နုတ်ထွက်သူ ဖြစ်သည်။ ယင်းသို့ ပါတီမှ နုတ်ထွက် သွားမည်ဖြစ်သော်လည်း ပါတီ အနေဖြင့် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။     

“ရွေးကောက်ပွဲ အပေါ်မှာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုရင် နိုင်ငံတကာ အနေနဲ့ အခုအနေထားနဲ့တော့ ပိုပြီး တိုးမြှင့် ဆောင်ရွက်သင့်တယ်လို့ ထင်တယ်၊ အခုဆောင်ရွက်မှုလောက်နဲ့တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေး ကောက်ပွဲ အဖြစ် ပုံပေါ်လာမှာ မဟုတ်ဘူး”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဦးဖြိုးမင်းသိန်းသည် ၁၉၈၈ လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့်အတွက် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၂၀၀၅ ခုနှစ်တွင် ပြည်လည် လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။

စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ ကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်း ပါတီများအနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၁ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်