မလှိုင်မြို့တွင် ကြံ့ဖွံ့ပါတီ ဆန်ဝေ စည်းရုံး

E-mail Print
မန္တလေးတိုင်း မလှိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က  ပြီးခဲ့သည့် ရက်ပိုင်းတွင် ဆန်များ ဝေငှ၍ စည်းရုံးရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေသည်ဟု သိရသည်။
USDP1
မြို့ပေါ်ရှိ အမှတ် ၃ ရပ်ကွက်၌ အိမ်ထောင်စု တစုလျှင် ဆန်၂ ပြည်နှုန်းဖြင့် ဝေငှနေကြောင်း၊ အိမ်ထောင်စုတိုင်းကို ဝေငှမည်ဟုဆို သော်လည်း စည်းရုံးရေးအတွက် ဆင်းရဲသည့် လူတန်းစား အိမ်ထောင်စုများနှင့် နယ်မြေခံ ရပ်ကွက် အေးချမ်းသာယာရေး အဖွဲ့ (ရယက)မှ ထောက်ခံသူများကိုသာ အဓိကထားပြီး ဆန်ဝေကြောင်း ရယက ရုံးစာရေးတဦးက ဧရာဝတီသို့ပြောသည်။

“ဘူတာဘက်ခြမ်းမှာ စပေးနေပြီ၊ လူတွေကတော့ ပေးတော့လည်း ယူတာပေါ့၊ မဲထည့်ဖို့တော့ မတိုက်တွန်းသေးဘူး၊ စည်းရုံးရေး သဘောပဲ”ဟု ၎င်းက ဆိုသည်။

မလှိုင်မြို့တွင် ရပ်ကွက်ကြီး ၄ ရပ်ကွက်ရှိပြီး အနီးတ၀ိုက်တွင် ကျေးရွာအုပ်စုပေါင်း ၅၆ အုပ်စုရှိကြောင်း၊ တအုပ်စုလျှင် ဆန်အိတ် ၂၅ အိတ်နှုန်းဖြင့် ဝေငှမည်ဖြစ်ကြောင်း၊ တတင်းခွဲ ဆန်တအိတ် ၏ တန်ဖိုးမှာ ကျပ် ၂၀၀၀၀ ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များအတွက် ဝေငှမည့် ဆန်အိတ်ပေါင်း ၁၅၀၀ ရှိပြီး စည်းရုံးရေးအတွက် USDP ပါတီ အနေနှင့် ကျပ် သိန်း ၃၀ သုံးစွဲမည်ဟု အဆိုပါ ရုံးစာရေးက ပြောပြသည်။

USDP သည် ပြီးခဲ့သည့် ဧပြီလ အတွင်း လူမှုရေး အသင်းမှ ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး အသင်းပိုင်ပစ္စည်းနှင့် ငွေကြေး များကိုလည်း လွှဲပြောင်းယူခဲ့သည်။

တခြားမြို့ခံတဦးကလည်း မလှိုင်မြို့နယ်အတွင်းရှိ ကမ်းပါးဖြူ အုပ်စု ကန်ကလေး၊ ရေနဲကျေးရွာတွင် USDP စည်းရုံးရေးမှူးက ပါတီ ကိုထောက်ခံသူများကို ဆန်ဝေမည်ဟု အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေကြောင်း၊ မလှိုင်မြို့အနီးရှိ ထန်းတောရွာ၊ ပန်းအိုင်ရွာ၊ ရုံးစဉ်ကြီးရွာများတွင် “ကြံ့ခိုင်ရေးရွာ”ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြောင်း ဧရာဝတီသို့ ပြော သည်။

လက်ရှိအခြေအနေတွင် တခြားသော ရွေးကောက်ပွဲဝင်မည့် ပါတီများထက် အသင်းဝင်အင်အား၊ ငွေအင်အား အစစ အရာရာ သာလွန်နေသည်ဟု လေ့လာသူများက ဆိုသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ( USDP)သည် အသင်းဝင်အင်အားနှင့် ငွေကြေး အင်အားတွင် တခြားသော နိုင်ငံရေး ပါတီများနှင့် နှိုင်းယှဉ်လျှင် ပမာဏများစွာ ကွာခြားကြောင်း၊  ယင်း နိုင်ငံရေး ပါတီများ အနေဖြင့် အဏာရပါတီတခုနှင့် ယှဉ်ပြိုင်နေရသကဲ့သို့ ရှိနေပြီး လက်ရှိအခြေအနေတွင် စည်းရုံးရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်၍ မရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း ဝေဖန်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်