ကိုယ်စားလှယ်လောင်းစာရင်းကပြောသော ရွေးကောက်ပွဲ

E-mail Print
နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ တင်သွင်းခြင်း သြဂုတ်လ ၃၀ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ အလွန် တိုတောင်းသည့် အချိန်အကန့်အသတ်အတွင်း ပါတီ
များ ကိုယ်စားလှယ်လောင်း တင်သွင်းနိုင်မှု အခြေအနေက ရွေးကောက်ပွဲ၏ ပုံသဏ္ဍာန်ကို ပို၍ပေါ်လွင်စေလာပါသည်။

ဧရာဝတီမှ ကောက်ယူရရှိသည့် စာရင်းများအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တိုင်းရင်းသား စည်း လုံးညီညွှတ်ရေးပါတီ (NUP) နှစ်ပါတီသာလျင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး
လွှတ်တော်များတွင် နိုင်ငံတ၀ှမ်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကိုတွေ့ရ ပါသည်။

USDP နှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာသည့်သတင်းများအဆိုအရ USDP သည် လွှတ်တော်အသီးသီးအတွက် တနိုင်ငံလုံးအတိုင်းအတာနှင့် နေရာမလတ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီအနေ့နှင့် ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော် တင်သွင်းထား ကြောင်းသိရပါသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ် အများစုတွင် USDP ၏ အဓိကယှဉ်ပြိုင်ဖက် ဖြစ်လာမည့်ပါတီမှာ မြန်မာ့ဆိုရှယ်လှစ်လမ်း စဉ်ပါတီကို အမွေခံထားသော၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သော NUP ဖြစ်ပါသည်။

“ပြည်သူ့လွှတ်တော်အတွက် ကျနော်တို့ပါတီက ကိုယ်စားလှယ်လောင်း ၂၉၄ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၄၉ ဦးနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၅၃၇ ဦး ယှဉ် ပြိုင်ဖို့ စာရင်းတင်သွင်းထားပါတယ်။ အားလုံး စုစုပေါင်း ၉၈၀ ဦး ဖြစ်ပါတယ်” ဟု NUP ပါတီ၏ နိုင်ငံရေးဌာနကြီးမှူး  ဦးအောင်ငွေမှ ဧရာဝတီသို့ ပြောကြားပါသည်။

“ဒါတွေအားလုံးက ကျနော်တို့ အခုနောက်ဆုံးလက်ခံရရှိထားတဲ့စာရင်းဖြစ်ပါတယ်။ ဝေးလံခေါင်းဖျားတဲ့ဒေသတွေက ကိုယ်စား လှယ်လောင်းတင်သွင်းတဲ့ သတင်းအချက်အလက်တွေ ထပ်မံရရှိလာရင် ဒီထက်တိုးလာဖို့ ရှိပါတယ်” ဟု သူက ပြောပါတယ်။

USDP ကို လက်ရှိ စစ်အစိုးရ၏ ၀န်းကြီးချုပ်ရာထူးကို ယူထားသော ၀န်းကြီးချုပ်ဦးသိန်းစိန်က ခေါင်းဆောင်ပြီး NUP ကို မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ကို  ထမ်းဆောင်ခဲ့ ဖူးသူ ဦးထွန်းရီ ဖြစ်ပါသည်။

ထို့အတွက်ကြောင့် USDP နှင့် NUP သည် ရွေးကောက်ပွဲတွင် ပြိုင်ဖက်ပါတီကြီး နှစ်ပါတီအဖြစ်ပေါ်ထွက်လာပါသည်။ ထိုပါတီ နှစ်ခုပြီးလျင် လွှတ်တော်ကိုယ်စားလှယ် တတိယအများဆုံးတင်သွင်းနိုင်သော ပါတီမှာ အမျိုးသားဒီမိုကရေစီ အင်းအား စု (NDF) ဖြစ်ပါသည်။

“ကျနော်တို့ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်အတွက် ၁၀၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၃၄ဦးနဲ့ ပြည်နယ်နဲ့တိုင်းဒေသ ကြီးလွှတ်တော်အတွက် ၁၉ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၆၁ ဦး စာရင်းတင်သွင်းထားပါတယ်” ဟု ပါတီ ခေါင်း ဆောင် ဦးခင်မောင်ဆွေမှ ပြောပါသည်။

NDF ပါတီကို ခေါင်းဆောင်သူများသည်  NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားကြည်ညိုသော်လည်း NLD ပါတီက မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ခဲ့ခြင်းအပေါ် သဘောထားကွဲလွဲခဲ့ကြပြီး ပါတီမှ ခွဲထွက်လာကာ NDF ကို ထူထောင်ခဲ့ကြသူများ ဖြစ်ပါသည်။ NDF ပါတီက အဓိကအားထားယှဉ်ပြိုင်မည့် ဒေသများမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်း တို့ဖြစ်ပါသည်။

၎င်းပါတီ ၃ပါတီပြီးလျင် စတုတ္တမြောက် လွှတ်တော်ကိုယ်စားလှယ်အများဆုံး စာရင်းတင်သွင်းနိုင်သည့်ပါတီမှာ ရှမ်းအမျိုးသား များ ဒီမိုကရက်တစ်ပါတီ (SNDP) ဖြစ်ပါသည်။ SNDP သည် ရှမ်းပြည်နယ်လွှတ်တော်ကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နည်အတွင်းရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။

ရှမ်းပါတီSNDP သည် လွှတ်တော်သုံးရပ်စလုံးတွင် ၀င်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်တွင် ၄၅ ဦး၊  အမျိုးသားလွှတ်တော်၌ ၁၅ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်တွင် ၉၇ ဦး စသည်ဖြင့် စုစုပေါင်း ၁၅၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးစိုင်းလှကျော်က ပြောပါသည်။

ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေနှင့် ပါလီမန်ဒီမိုကရေစီခေတ်မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်နှင့် ၀န်ကြီးဟောင်းများ၏သားသမီး များဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၅၀ ဦး တင် သွင်းနိုင်ခဲ့ပြီး ပဉ္စမမြောက် ကိုယ်စားလှယ်လောင်းအများဆုံး တင်သွင်းနိုင်သည့် ပါတီဖြစ်လာပါသည်။

အခြားတိုင်းရင်းသားပါတီများသည် ၎င်းတို့ပြည်နယ်များရှိ ပြည်နယ်လွှတ်တော်များကို အဓိကထား ၀င်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းတင်သွင်းကြသည့်ကို လေ့လာတွေ့ရှိရပါသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်းစုစုပေါင်း ၄၅ ဦးတင်သွင်းခဲ့ရာ ရခိုင်ပြည်နယ်လွှတ်တော် အတွက် ၂၅ ဦး တင်သွင်းခဲ့ပါသည်။ ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းစုစုပေါင်း ၄၂ ဦးတင်သွင်းခဲ့ရာ တိုင်းဒေသ ကြီးအဆင့် လွှတ်တော်များတွင်း အဓိကထားဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၂၉ ဦး စာရင်းသွင်းထားပါသည်။ ၎င်းပါတီအနေနှင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကို အဓိကထား ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။

ချင်းတိုးတက်ရေးပါတီက ချင်းပြည်နယ်တွင် အဓိကထားဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၃၉ ဦးစာရင်း သွင်းထားပါသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း မွန်ပြည်နယ်ကို အဓိကထားပြီး ကိုယ်စားလှယ်လောင်း ၃၅ ဦး ယှဉ်ပြိုင်းမည် ဖြစ်သည်။

စစ်အစိုးရ၏အထောက်အပံ့ဖြင့် စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး လှုပ်ရှားမှုများကို အဓိကထားလုပ်ဆောင်ခဲ့သူ ဦးအေးလွင် နှင့် ညီဖြစ်သူ ဦးရဲထွန်းတို့ခေါင်းဆောင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) တို့က ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၅ ဦးနှင့် ၄၀ ဦး အသီးသီး စာရင်းတင်သွင်းခဲ့ ကြသည်။

“ကျနော်တို့ပါတီက ရန်ကုန်တိုင်းနှင့် မကွေးတိုင်းမှာ အဓိကထားဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ကော်မရှင်က ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းတဲ့အချိန်ကို အလုံအလောက်မပေးတော့ ကျနော်တို့လဲ အချိန်လုပြီး လုပ်ခဲ့ရတယ်။ မဟုတ်ရင် ဒီထက်ပိုပြီး စာရင်းတင်သွင်းနိုင်မှာပါ” ဟု ကိုအေးလွင်က ပြောပါသည်။

အောက်တွင်ဖော်ပြထားသည့် ပါတီများ၏ ကိုယ်စားလှယ်လောင်းတင်သွင်းမှု ဇယားကွက်ကိုလေ့လာကြည့်လျင် USDP နှင့် NUP ကလွဲလျင် တိုင်းရင်းသားပါတီများဖြစ်ကြသော ရှမ်း၊ ရခိုင်၊ ကရင်၊ မွန် နှင့် ချင်း တို့သည် ၎င်းတို့ဒေသများ တွင်သာ လွှတ်တော်အသီးသီးအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြသည်ကို တွေ့ရသည်။ ထိုသို့ဝင်ရောက်ယှဉ်ပြိုင်ရာတွင်လည်း သက်ဆိုင် ရာ ပြည်နယ်လွှတ်တော်တွေကို အဓိကထားယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် ၀င်ရောက် ယှဉ်ပြိုင်မှု အားနည်းသည်ကို တွေ့ရပါသည်။

ရန်ကုန်မြို့တွင် အဓိကအခြေစိုက်ပြီး မြန်မာတနိုင်ငံလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာများ ဦးဆောင်ဖွဲ့စည်းခဲ့သော ဒီမို ကရေစီပါတီများ၏ ပြည်နည်များထက် တိုင်းများကို ပစ်မှတ်ထားကြသော်လည်း အများအားဖြင့် တိုင်း ၂ တိုင်းလောက်ကိုသာ အဓိကထား ၀င်ရောက်ယှဉ်ပြိုင်နိုင်သည်ကို တွေ့ရသည်။

ဒီမ်ုကရေစီပါတီများ ၀င်ရောက်ယှဉ်ပြိုင်သည့် တိုင်းများမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့ ဖြစ်ကြပါ သည်။ ထို့ကြောင့် ကျန် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် USDP နှင့် NUP နှစ်ပါတီသာလျင် စီးချင်းထိုးမည့် ရွေးကောက်ပွဲ ဖြစ်လာ နိုင်ပါသည်။

သို့ရာတွင် ပြည်နယ်များတွင် ထို ၂ ပါတီက အဓိကထားရင်ဆိုင်မည်မှာ သက်ဆိုင်ရာပြည်နယ်များရှိ တိုင်းရင်းသားပါတီများ ဖြစ် ပြီး ပြည်နယ်လွှတ်တော်အတွက် ပြိုင်ဆိုင်မှုသည် ပိုပြီး ပြင်းထန်းပါလိမ့်မည်။

ယခုလောလောဆယ် ဧရာဝတီမှ ကောက်ယူရရှိထားသော ပါတီ ၂၀ ၏ ကိုယ်စားလှယ်လောင်းတင်သွင်းမှု အခြေပြဇယား တွင်ပါဝင်သော ကိန်းဂဏန်းများသည် နောက်ပိုင်းတွင် အပြောင်းအလဲများရှိလားနိုင်ပါသည်။

နိုင်ငံရေးပါတီများ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းတင်သွင်းနိုင်မှု အခြေပြဇယား


အမှတ် စဉ်   

ပါတီအမည်   

ပြည်သူ့ လွှတ်တော်   

အမျိုးသား လွှတ်တော်    ပြည်နယ် နှင့် တိုင်း ဒေသကြီး လွှတ်တော်    ကိုယ်စားလှယ် လောင်းတင် သွင်း နိုင်မှု အခြေအနေ   
အဓိကထား ၀င်ရောက်သည့် ဒေသများ
၁    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ                ၁၁၀၀ ကျော်    ပြည်နယ်နှင့်တိုင်းအားလုံး
၂    တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ    ၂၉၄    ၁၄၉    ၅၃၇    ၉၈၀    ပြည်နယ်နှင့်တိုင်းအားလုံး
၃    အမျိုးသားဒီမိုကရေစီအင်အားစု    ၁၀၈    ၃၄    ၁၉    ၁၆၁    ရန်ကုန်နှင့် မန္တလေးတိုင်း
၎    ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ     ၄၅    ၁၅    ၉၇    ၁၅၇    ရှမ်းနှင့်ကချင် ပြည်နယ်
၅    ဒီမိုကရက်တစ်ပါတီ (မြန်မာ)     ၂၄    ၈    ၁၈    ၅၀    ရန်ကုန်တိုင်း
၆    ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်    ၂၅    ၁၁    ၉    ၄၅    မကွေးနှင့် ရန်ကုန်တိုင်း
၇    ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ    ၁၂    ၈    ၂၅    ၄၅    ရခိုင်ပြည်နယ်
၈    ကရင်ပြည်သူ့ပါတီ    ၇    ၆    ၂၉    ၄၂    ဧရာဝတီနှင့် ရန်ကုန်တိုင်း
၉    ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)    ၂၈    ၇    ၅    ၄၀    ရန်ကုန်တိုင်း
၁၀    ချင်းတိုးတက်ရေးပါတီ     ၉    ၁၄    ၁၈    ၃၉    ချင်းပြည်နယ်
၁၁    ခေတ်သစ်ပြည်သူ့ပါတီ    ၇    ၄    ၁၉    ၃၀    ဧရာဝတီတိုင်း
၁၂    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ    ၆    ၇    ၁၂    ၂၅    မွန်ပြည်နယ်
၁၃    အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်    ၆    ၃    ၄    ၁၃    ရန်ကုန်နှင့် မကွေးတိုင်း
၁၄    ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ    ၈    ၁    ၀    ၉    ရန်ကုန်တိုင်း
၁၅    စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်    ၂    ၃    ၂    ၇    ကချင်ပြည်နယ်
၁၆    မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ    ၃    ၂    ၂    ၇    ဧရာဝတီတိုင်း
၁၇    ကမန်အမျိုးသားတိုးတက်ရေးပါတီ    ၂    ၁    ၃    ၆    ရခိုင်ပြည်နယ်
၁၈    “၀” အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ    -    -    -    ၄    ရှမ်းပြည်နယ်
၁၉    ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)    ၄    ၀    ၀    ၄    မန္တလေးတိုင်း
၂၀    ပြည်ထောင်စုဒီမိုကရေစီပါတီ    ၂    ၁    ၀    ၃    ရန်ကုန်တိုင်း
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်