“၀” ဒေသတွင် စစ်အစိုးရတပ်ဖွဲ့များ အင်အားတိုးချဲ့နေ

E-mail Print
“၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသော ရှမ်းပြည် အရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် စက်တင်ဘာ ၁၂ ရက်နေ့က စစ်အစိုးရ တပ်ဖွဲ့အင်အားများ တိုးချဲ့ ချထားနေကြောင်း ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများက ပြောသည်။

UWSA (တောင်ပိုင်း) ထိန်းချုပ်သော မိုင်းတုံ၊ ပုံပါကျင်မြို့နယ်နှင့် UWSA (မြောက်ပိုင်း) ထိန်းချုပ်သော ပန်ဆန်းဌာနချုပ် အနီးတ၀ိုက်တွင် စစ်အစိုးရတပ်များ တိုးချဲ့ ချထားခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ ရဲ့ တန့်ယန်း ဗျူဟာဌာနမှာ အစိုးရတပ် အင်အား ၅၀၀ လောက် တနင်္ဂနွေနေ့က တိုးချဲ့ချထားတယ်လို့ ကြားရတယ်။ နဂိုကတည်းက အဲဒီမှာ တပ်ရင်း ၇ ရင်း လောက်ရှိတယ်။ အခုဆို စကခ ၁ အောက်က တန့်ယန်း မှာ အင်အား ၂ ထောင် လောက်ရှိ နေပြီ” ဟု UWSA နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA) ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းကလည်း UWSA (တောင်ပိုင်း) တွင် ပြီးခဲ့သည့် တပတ်က အစိုးရ တပ်ရင်း ၃ ရင်းစာ ထပ်မံ တိုးချဲ့ထားခဲ့သေးကြောင်း ဧရာဝတီသို့ ပြောသည်။

UWSA တောင်ပိုင်းသို့ တိုးချဲ့ချထားသည့် အစိုးရတပ်ရင်း အမည်များကို သိရှိရန်အတွက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက တပ်များ လာရောက်ချထားသည့် နည်းတူ UWSA ကလည်း ပန်ဆန်းမှ တပ်များကို စစ်ရေးကျွမ်းကျင်သော ဝေဆိုက်ထန်အား ဦးဆောင်စေလျက် တောင်ပိုင်းသို့ တိုးချဲ့ထားခဲ့ကြောင်း စိုင်းဆိုင်မိဏ်းက ဆိုသည်။

အလားတူပင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် ဒေသများတွင်လည်း UWSA ထိန်းချုပ်ထားသော ဒေသများကဲ့သို့ အစိုးရတပ်များ တိုးချဲ့ထားခြင်း မရှိသော်လည်း တချို့နေရာများတွင် အစိုးရတပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိကြောင်း KIO တပ်နှင့် နီးစပ်သူတဦးက ပြောသည်။

ယခု စစ်ရေး တိုးချဲ့မှုများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စက်တင်ဘာ ၇ ရက်နေ့တွင် ၅ ရက်တာ တရုတ် ခရီးစဉ်အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးနှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ တရုတ်-မြန်မာ နယ်စပ်ဒေသ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“နယ်စပ်ဒေသများ၌ မြန်မာအစိုးရကို ဆန့်ကျင်မည့် လှုပ်ရှားမှုများနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်များကို ပြုလုပ်မည့် မည်သည့် အဖွဲ့အစည်းကိုမျှ လက်ခံ၊ ထောက်ခံမည် မဟုတ်” ဟု မစ္စတာ ဟူကျင်းတောင်ကို ကိုးကား၍ ယခုလ ၁၂ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြထားသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့တချို့က စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် ထားကြပြီး လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေး တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

ထို့အပြင် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလားနှင့် UWSA ဒေသ များသို့ ပို့ထားသော အစိုးရ၀န်ထမ်းများကို နအဖ စစ်အာဏာပိုင်များက ယခုလဆန်းပိုင်းက နေရပ်သို့ ပြန်ရန် ညွှန်ကြားခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်းလည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်