ရှေ့နေကြီး ၂ ဦးကိုလည်း ထောင်ပြောင်းရွှေ့

E-mail Print
နိုင်ငံရေး အမှုလိုက် ရှေ့နေကြီးများ ဖြစ်ကြသည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန် တို့ကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ရန်ကုန်မြို့ရှိ အင်းစိန်ထောင်မှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

ရှေ့နေကြီး ဦးအောင်သိန်းကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်ပြီး ရှေ့နေကြီး ဦးခင်မောင်ရှိန်အား မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု အေအေပီပီက ပြောသည်။

အေအေပီပီအဖွဲ့၏အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို ၄ လပဲ အမိန့်ချထားတာ၊ မကြာခင်မှာ ပြန်လွတ်လာမယ့်လူတွေဖြစ်ပါတယ်။ အဲဒီလို မကြာခင်မှာပြန်လွတ်လာမယ့်လူတွေကို ထောင်ပြောင်းတယ်ဆိုတာကတော့ ဒီရှေ့နေကြီးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

“နောက်တချက်ကတော့ နိုင်ငံတကာအသိုင်းအဝန်းရဲ့မျက်စိအောက်မှာရှိနေတဲ့ အင်းစိန်ထောင်လိုနေရာမျိုးမှာ မထားချင်လို့ ပြောင်းရွှေ့လိုက်တာလည်း ဖြစ်ပါတယ်” ဟုလည်း ဦးတိတ်နိုင်က ဆက်ပြောသည်။

အဆိုပါရှေ့နေကြီး ၂ ဦးသည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ၊ လူရွှင်တော် ဇာဂနာ၊ အန်အယ်လ်ဒီပါတီဝင် မစုစုနွေး၊ အရှင်ဂမ္ဘီရ အစရှိသော နိုင်ငံရေးလှုပ်ရှားသူများ၏အမှုများကို လိုက်ပါဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။

၎င်းရှေ့နေကြီး ၂ ဦးအား ယခုလ ၇ ရက်နေ့က တရားရုံးတော်ကို မထီမဲ့မြင်ပြုသည်ဟူသော စွပ်စွဲချက်ဖြင့် ရှန်ကုန်ရှိ ဗဟိုတရားရုံးချုပ် ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပြီး ထိုနေ့ည ၁၀ နာရီခန့်တွင် အာဏာပိုင်တို့က  နေအိမ်အသီးသီး၌ ဖမ်းဆီးခဲ့သည်။

သက်ဆိုင်ရာက နေအိမ်သို့လာရောက်မဖမ်းမီ ရှေ့နေကြီး ဦးအောင်သိန်းက “နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးရမလားဆိုပြီး အာဃာတထားတဲ့သဘောတော့ သက်ရောက်တာပေါ့။ ဓမ္မနဲ့ အဓမ္မကတော့ ဒီလိုပါပဲဗျာ … လောလောဆယ် အဓမ္မက နိုင်နေတယ်၊ တချိန်မှာတော့ ဓမ္မ နိုင်ရမှာပေါ့ဗျာ” ဟု ဧရာဝတီကို ပြောဆိုခဲ့သည်။

ယမန်နေ့နံနက် အာရုံတက်ချိန်က ကိုမင်းကိုနိုင်အပါအဝင် ထင်ရှားသည့်ကျောင်းသားခေါင်းဆောင်များကို ဝေးလံသီခေါင်သည့် နယ်စပ်ဒေသများရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်ပြီး မစုစုနွေးအား မန္တလေးထောင်သို့ ပြောင်းရွှေ့လိုက်သည်။

ယမန်နေ့နံနက် ၃ နာရီဝန်းကျင်မှ နံနက် ၆ နာရီခွဲ့အတွင်း နိုင်ငံရေးအကျဉ်းသား ၂၁ ဦးကို အင်းစိန်ထောင်မှ နယ်ထောင်အသီးသီးသို့ ပြောင်းရွှေ့ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ဧရာဝတီကို ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်